ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ဒီဇင္ဘာလ ၉ ရက္က တာေမြ(ယာယီ)ေဈး ဒီဇိုင္းျပည္သူထံခ်ျပရွင္းလင္းမႈကိုေဈးသစ္တည္ေဆာက္မည့္ေနရာတြင္ျပဳလုပ္ခဲ့သည္။
ထိုရွင္းလင္းပြဲ၌ တာေမြၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္း၊ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ေကာ္မတီဝင္ (၁၁) ဦးမင္းဟန္ႏွင့္ဗိသုကာပညာရွင္ေဒၚမိုးသဲျဖဴတို႔ကျပဳလုပ္ခဲ့ၾကသည္။
တာေမြေစ်းဒီဇိုင္းကို အခ်ိန္တစ္ႏွစ္ေက်ာ္ၾကာေအာင္ ေရးဆြဲခဲ့ရေၾကာင္း၊စည္းမ်ဥ္းစည္းကမ္း မ်ားေသခ်ာလိုက္နာၿပီးေဆာင္ရြက္ခဲ့ ေၾကာင္း၊ ဗိသုကာအသင္း၏စံႏႈန္းမ်ား၊စည္ပင္သာယာေရးေကာ္မတီ၏စံႏႈန္းမ်ားပါလိုက္နာေဆာင္ရြက္ခဲ့ေၾကာင္း၊ေရးဆြဲၿပီးေသာ ဒီဇိုင္းကိုလည္း စည္ပင္ေကာ္မတီအဖြဲ႕မ်ား၏ စစ္ေဆးျခင္းကို အဆင့္ဆင့္စိစစ္ ခံယူခဲ့ေၾကာင္းေဒၚမိုးသဲျဖဴကေျပာသည္။
ယခုေဆာက္မည့္ တာေမြေစ်းသစ္သည္ၿမိဳ႕နယ္၏ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္အေရးပါေၾကာင္း၊ယင္းအတြက္ တင္ဒါ ၂ ၾကိမ္ေခၚခဲ့ရၿပီး ေစ်းသည္မ်ားႏွင့္အႀကိမ္ႀကိမ္ေဆြးေႏြးမႈလုပ္ခဲ့ရေၾကာင္း၊ယခုေတာင္းဆိုမႈ ၈ ခ်က္ ရွိလာေၾကာင္း ဦးလွသိန္းကေျပာသည္။
တာေမြေဈးသစ္တည္ေဆာက္ေရး ဆႏၵခံယူရာတြင္ေဈးသည္ ၉၃ ဒသမ ၀၇ ရာခိုင္ႏႈန္းေထာက္ခံခဲ့ေၾကာင္း၊ေဈးသည္အခ်ဳိ႕ဒီဇိုင္းအေပၚ ကန္႔ကြက္မႈ ရွိေသာ္လည္း ေစ်းသည္အမ်ားစုကမူ ေထာက္ခံေၾကာင္းသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဒီဇင်ဘာလ ၉ ရက်က တာမွေ(ယာယီ)ဈေး ဒီဇိုင်းပြည်သူထံချပြရှင်းလင်းမှုကိုဈေးသစ်တည်ဆောက်မည့်နေရာတွင်ပြုလုပ်ခဲ့သည်။
ထိုရှင်းလင်းပွဲ၌ တာမွေမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် (၁၁) ဦးမင်းဟန်နှင့်ဗိသုကာပညာရှင်ဒေါ်မိုးသဲဖြူတို့ကပြုလုပ်ခဲ့ကြသည်။
တာမွေဈေးဒီဇိုင်းကို အချိန်တစ်နှစ်ကျော်ကြာအောင် ရေးဆွဲခဲ့ရကြောင်း၊စည်းမျဉ်းစည်းကမ်း များသေချာလိုက်နာပြီးဆောင်ရွက်ခဲ့ ကြောင်း၊ ဗိသုကာအသင်း၏စံနှုန်းများ၊စည်ပင်သာယာရေးကော်မတီ၏စံနှုန်းများပါလိုက်နာဆောင်ရွက်ခဲ့ကြောင်း၊ရေးဆွဲပြီးသော ဒီဇိုင်းကိုလည်း စည်ပင်ကော်မတီအဖွဲ့များ၏ စစ်ဆေးခြင်းကို အဆင့်ဆင့်စိစစ် ခံယူခဲ့ကြောင်းဒေါ်မိုးသဲဖြူကပြောသည်။
ယခုဆောက်မည့် တာမွေဈေးသစ်သည်မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါကြောင်း၊ယင်းအတွက် တင်ဒါ ၂ ကြိမ်ခေါ်ခဲ့ရပြီး ဈေးသည်များနှင့်အကြိမ်ကြိမ်ဆွေးနွေးမှုလုပ်ခဲ့ရကြောင်း၊ယခုတောင်းဆိုမှု ၈ ချက် ရှိလာကြောင်း ဦးလှသိန်းကပြောသည်။
တာမွေဈေးသစ်တည်ဆောက်ရေး ဆန္ဒခံယူရာတွင်ဈေးသည် ၉၃ ဒသမ ၀၇ ရာခိုင်နှုန်းထောက်ခံခဲ့ကြောင်း၊ဈေးသည်အချို့ဒီဇိုင်းအပေါ် ကန့်ကွက်မှု ရှိသော်လည်း ဈေးသည်အများစုကမူ ထောက်ခံကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com