ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ရွိ ဗဟိုငါးေစ်းကို ေနရာေျပာင္းေ႐ႊ႕ ဖြင့္လွစ္ရန္ စီစဥ္ေနေၾကာင္း ဒီဇင္ဘာလ ၉ ရက္ က ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္႐ုံးတြင္ျပဳလုပ္ခဲ့ေသာ ရန္ကုန္စည္ပင္ႏွင့္ သတင္းမီဒီယာမ်ား ပုံမွန္ေတြ႕ဆုံပြဲတြင္ ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးကေျပာသည္။
အဆိုပါ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ရွိ ဗဟိုငါးေစ်းနားတြင္ ညဘက္၌ကုန္ေသတၱာယာဥ္မ်ားက ကမ္းနားလမ္း ေတာက္ေလွ်ာက္ ျဖတ္သန္းသြားလာေနေသာေၾကာင့္ ၾကည့္ျမင္တိုင္ငါးေစ်းအေနျဖင့္ အဆင္မေျပမႈ မ်ုားျဖစ္ေနေသာေၾကာင့္ ေျပာင္းေ႐ႊ႕ရန္စီစဥ္ေန ျခင္းျဖစ္ေၾကာင္း ၄င္းကဆိုသည္။
" ဒီငါးေစ်းဟာေျပာင္းသင့္တယ္။လူေနအိမ္ေတြ လူေတြနဲ႔အရမ္းနီးကပ္တယ္ ငါးေစ်းကထြက္တဲ့အနံ႔အသက္စသျဖင့္ေပါ့။ ဒါေၾကာင့္ လိုအပ္ခ်က္ေတြအရ ငါးေစ်းကိုေျပာင္းဖို႔အစီအစဥ္ရွိပါတယ္" ဟု ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးကေျပာသည္။
ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ရွိ ဗဟိုငါးေစ်းေနရာေျပာင္းေ႐ႊ႕ရန္အစီအစဥ္ရွိေသာေၾကာင့္ သင့္ေတာ္မည့္ေနရာကို ေလ့လာရွာေဖြေနၿပီး ယင္းေျပာင္းေ႐ႊ႕မည့္ေနရာအသစ္သည္ စက္ေလွမ်ားအဆင္ေျပစြာဆိုက္ကပ္ႏိုင္မည့္ ေနရာျဖစ္ရမည့္အျပင္ ေရခဲစက္လည္းရွိသင့္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီနယ္နမိတ္ ၃၃ၿမိဳ႕နယ္ရွိၿပီး ယင္းရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီ၊ေစ်းမ်ားဌာန၏ကြပ္ကဲမႈလက္ေအာက္တြင္ (က)အဆင့္၊(ခ)အဆင့္၊(ဂ)အဆင့္ ႏွင့္(ဃ)အဆင့္ေစ်းေပါင္း ၁၈၄ေစ်းေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ကြည့်မြင်တိုင်မြို့နယ် ရှိ ဗဟိုငါးဈေးကို နေရာပြောင်းရွှေ့ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဒီဇင်ဘာလ ၉ ရက် က ရန်ကုန်မြို့ တော်စည်ပင်ရုံးတွင်ပြုလုပ်ခဲ့သော ရန်ကုန်စည်ပင်နှင့် သတင်းမီဒီယာများ ပုံမှန်တွေ့ဆုံပွဲတွင် မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောသည်။
အဆိုပါ ကြည့်မြင်တိုင်မြို့နယ်ရှိ ဗဟိုငါးဈေးနားတွင် ညဘက်၌ကုန်သေတ္တာယာဉ်များက ကမ်းနားလမ်း တောက်လျှောက် ဖြတ်သန်းသွားလာနေသောကြောင့် ကြည့်မြင်တိုင်ငါးဈေးအနေဖြင့် အဆင်မပြေမှု မျုားဖြစ်နေသောကြောင့် ပြောင်းရွှေ့ရန်စီစဉ်နေ ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
" ဒီငါးဈေးဟာပြောင်းသင့်တယ်။လူနေအိမ်တွေ လူတွေနဲ့အရမ်းနီးကပ်တယ် ငါးဈေးကထွက်တဲ့အနံ့အသက်စသဖြင့်ပေါ့။ ဒါကြောင့် လိုအပ်ချက်တွေအရ ငါးဈေးကိုပြောင်းဖို့အစီအစဉ်ရှိပါတယ်" ဟု မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောသည်။
ကြည့်မြင်တိုင်မြို့နယ်ရှိ ဗဟိုငါးဈေးနေရာပြောင်းရွှေ့ရန်အစီအစဉ်ရှိသောကြောင့် သင့်တော်မည့်နေရာကို လေ့လာရှာဖွေနေပြီး ယင်းပြောင်းရွှေ့မည့်နေရာအသစ်သည် စက်လှေများအဆင်ပြေစွာဆိုက်ကပ်နိုင်မည့် နေရာဖြစ်ရမည့်အပြင် ရေခဲစက်လည်းရှိသင့်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နမိတ် ၃၃မြို့နယ်ရှိပြီး ယင်းရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ဈေးများဌာန၏ကွပ်ကဲမှုလက်အောက်တွင် (က)အဆင့်၊(ခ)အဆင့်၊(ဂ)အဆင့် နှင့်(ဃ)အဆင့်ဈေးပေါင်း ၁၈၄ဈေးကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com