၁၆ ရာစုခေတ် အင်္ဂလန်ပြည့်ရှင် ဟင်နရီ ၈ ပိုင်ဆိုင်ခဲ့သော ဝေလပြည်မှကျေးလက်စံအိမ်ကြီးတစ်လုံး ပေါင် ၈ သိန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ
၁၆ ရာစုခေတ် အင်္ဂလန်ပြည့်ရှင် ဟင်နရီ ၈ ပိုင်ဆိုင်ခဲ့သော ဝေလပြည်မှကျေးလက်စံအိမ်ကြီးတစ်လုံး ပေါင် ၈ သိန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
10 Dec 2019 1:17 pm တွင် တင်ခဲ့သည်
1261 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အင်္ဂလန်ပြည်ကို ၁၆ ရာစုအတွင်း အုပ်စိုးခဲ့သည့် ဟင်နရီ ၈ (Henry VIII) ပိုင်ဆိုင်ခဲ့ဖူးသော ဝေလပြည်ကျေးလက်စံအိမ်ကြီးတစ်လုံး ပေါင် ၈၇၅၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါစံအိမ်ကို စတင်ဆောက်လုပ်ခဲ့သည်မှာမူ အလယ်ခေတ်ဟု ခေါ်သည့် ၁၃ ရာစုဖြစ်သော ၁၂၀၅ ခုနှစ်ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မှတ်တမ်းများအရ ဘုရင် ဟင်နရီ ၈ ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။
နောက်ဆုံးအသုံးပြုခဲ့သည်မှာ မိသားစုနေအိမ် ၊ အားလပ်ရက် အပန်းဖြေစံအိမ်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိပိုင်ရှင်များက ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသည်။
စံအိမ်အတွင်း ထူးခြားချက်များအနေဖြင့် မြေညီထပ် မီးဖိုဆောင်ထဲတွင် ၁၅ ရာစုခေတ်လက်ရာ နံရံမြှုပ် ပေါင်မုန့်ဖိုတစ်ခု၊ သစ်သား ထုတ်လျောက်တန်းများ၊ အလယ်ခေတ် ကျောက်ဆစ်လက်ရာများစွာ တွေ့ရခြင်း ဖြစ်သည်။
ပထမထပ်သို့ တက်သည့်လှေကား ၃ ခုရှိပြီး ပထမထပ်တွင် အလွန်ကြီးမားသည့် ညစာစားခန်းကြီးနှင့် စာကြည့်တိုက်ခန်းတစ်ခုကို တွေ့ရမည် ဖြစ်သည်။
ညစာစားခန်းကြီးတွင် ရှေးမူလက်ရာ သစ်မာသားကြမ်းခင်းနှင့် မှန်ကူကွက်ပြတင်းတို့ကို တွေ့ရသည်။
ညစာစားခန်းမှ သွားလျှင် ကောင်းစွာအလှဆင်မွမ်းမံထားသည့် master bedroom သို့ ရောက်ရှိမည် ဖြစ်၏။
ညစာစားခန်းကြီးတွင် လင်းခင်းကျောက်ဖြင့် ပြုလုပ်ထားသော မီးလင်းဖိုတစ်ခုနှင့် ဒုတိယထပ်သို့ ဦးတည်သွားသော ခရုပတ်လှေကားတစ်ခုတို့လည်း ရှိနေသည်။
ဒုတိယထပ်တွင် အိပ်ခန်း ၃ ခန်း ထပ်မံ ပါဝင်သေးသည်။
လန်သိုနီ ဆီကွန်ဒါစံအိမ်ဟု အမည်ပေးထားသော ယခုစံအိမ်ကို အင်္ဂလန်ပြည့်ရှင် ဟင်နရီ ၈ က ၁၅၃၆ ခုနှစ်တွင် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
ဘုရားကျောင်းများ ဖျက်သိမ်းသည့်ကာလကြီးအတွင်း ဟင်နရီ ၈ သည် အင်္ဂလန်ပြည်တစ်ဝန်းတွင် မြေယာများစွာ ပိုင်ဆိုင်လာခဲ့၏။
မှတ်တမ်းများအရ ယခုစံအိမ်သို့ ဟင်နရီ ၈ တစ်ကြိမ်မျှ လာရောက်ခဲ့ဖူးခြင်း မရှိချေ။
သို့ရာတွင် လယ်သမားတစ်ဦးကို အစောင့်ချထားကာ အိမ်ငှားခများ ကောက်ခံပေးစေခဲ့သည်ဟု ဆိုသည်။
ဟင်နရီ ၈ သည် ၁၅၀၉ ခုနှစ်တွင် အင်္ဂလန်ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပြီး ၁၅၄၇ တွင် နတ်ရွာစံသည်။
“ဒီစံအိမ်လောက် သမိုင်းဝင်တာတော့ မရှိတော့ပါဘူး။ ၁၂၀၅ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၁၅ ရာစုအတွင်းမှာ ချဲ့ထွင် ဆောက်လုပ်မှုတွေ ပြုလုပ်ခဲ့တယ်။ ဝေလပြည်တောင်ပိုင်းမှာရှိပြီး အိပ်ခန်း ၅ ခန်းပါတဲ့ ဒီစံအိမ်ဟာ ဘုရင် ဟင်နရီ ၈ ပိုင်ဆိုင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်” ဟု Zoopla အိမ်ခြံမြေဝက်ဘ်ဆိုက်မှ လော်ရာ ဟောင်းဝါ့ဒ်က ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
Shwe Moe Kaung
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service