ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
စေတာ့အိတ္ခ်ိန္းတြင္သတ္မွတ္အရည္အခ်င္းႏွင့္မကိုက္ညီသည့္ ကုမၸဏီမ်ားအေရာင္းအဝယ္ျပဳလုပ္ႏိုင္သည့္ secoundary boards မ်ားလာမည့္ႏွစ္ကုန္ပိုင္းတြင္ ျပဳလုပ္သြားမည္ဟု ရန္ကုန္စေတာ့အိတ္ခ်ိန္းထံမွ သိရသည္။
"အတိအက်ေတာ့မေျပာႏိုင္ေသးဘူး။ ခန္႔မွန္းတာကေတာ့ ၂၀၂၀ ေႏွာင္းပိုင္းေလာက္ စသြားႏိုင္မယ္ထင္တယ္ ဒီmarket ႐ွိလာရင္ စေတာ့အိတ္ခ်ိန္းက လုပ္ငန္းေတြအျပင္ တျခားအမ်ားပိုင္ကုမၸဏီေတြအေနနဲ႔႐ွယ္ယာေတြ အေရာင္းအဝယ္လုပ္လာႏိုင္မယ္''ဟုရန္ကုန္စေတာ့အိတ္ခ်ိန္း၏ အႀကီးတန္းအမႈေဆာင္မန္ေနဂ်ာ ဦးသက္ထြန္းဦးက ေျပာၾကားသည္။
ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္တြင္ မွတ္ပံုတင္ထားသည့္ကုမၸဏီ စုစုေပါင္း ၃၀၀ ေက်ာ္႐ွိၿပီး တခ်ိဳ႕လုပ္ငန္းမ်ားမွာ စေတာ့အိတ္ခ်ိန္းဝင္ခ်င္ေသာ္လည္းသတ္မွတ္အရည္အခ်င္းကိုက္ညီမႈမ႐ွိသည့္အတြက္ secoundary board ျဖင့္ လုပ္ကိုင္ခြင့္ျပဳရန္စီစဥ္ေနျခင္းျဖစ္ေၾကာင္း YSX ထံမွသိရသည္။
ရန္ကုန္စေတာ့အိတ္ခ်ိန္းအေနျဖင့္ စေတာ့အိတ္ခ်ိန္းစာရင္းဝင္ကုမၸဏီ ျဖစ္ရန္ စည္းကမ္းခ်က္ ၁၃ ခ်က္သတ္မွတ္ထားၿပီး လက္႐ွိတြင္ ကုမၸဏီ ၅ ခုမွ ႐ွယ္ယာမ်ားအေရာင္းအဝယ္ျပဳလုပ္လ်က္႐ွိေၾကာင္း YSX ၏ စာရင္းဇယားမ်ားအရသိရသည္။
ျမန္မာႏိုင္ငံတြင္ ႐ွယ္ယာမ်ားကို ႏိုင္ငံျခားသားဝယ္ယူခြင့္မ်ားျပဳလုပ္ရန္ စတင္လုပ္ေဆာင္လ်က္႐ွိၿပီး သက္ဆိုင္ရာဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္မ်ားရ႐ွိပါက ယခုႏွစ္ကုန္ပိုင္းတြင္စတင္ ေရာင္းဝယ္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ဦးသက္ထြန္းဦးကေျပာၾကားခဲ့သည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
စတော့အိတ်ချိန်းတွင်သတ်မှတ်အရည်အချင်းနှင့်မကိုက်ညီသည့် ကုမ္ပဏီများအရောင်းအဝယ်ပြုလုပ်နိုင်သည့် secoundary boards များ လာမည့်နှစ်ကုန်ပိုင်းတွင် ပြုလုပ်သွားမည်ဟု ရန်ကုန်စတော့အိတ်ချိန်းထံမှ သိရသည်။
"အတိအကျတော့မပြောနိုင်သေးဘူး။ ခန့်မှန်းတာကတော့ ၂၀၂၀ နှောင်းပိုင်းလောက် စသွားနိုင်မယ်ထင်တယ် ဒီmarket ရှိလာရင် စတော့အိတ်ချိန်းက လုပ်ငန်းတွေအပြင် တခြားအများပိုင်ကုမ္ပဏီတွေအနေနဲ့ရှယ်ယာတွေ အရောင်းအဝယ်လုပ်လာနိုင်မယ်''ဟုရန်ကုန်စတော့အိတ်ချိန်း၏ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီ စုစုပေါင်း ၃၀၀ ကျော်ရှိပြီး တချို့လုပ်ငန်းများမှာ စတော့အိတ်ချိန်းဝင်ချင်သော်လည်းသတ်မှတ်အရည်အချင်းကိုက်ညီမှုမရှိသည့်အတွက် secoundary board ဖြင့် လုပ်ကိုင်ခွင့်ပြုရန်စီစဉ်နေခြင်းဖြစ်ကြောင်း YSX ထံမှသိရသည်။
ရန်ကုန်စတော့အိတ်ချိန်းအနေဖြင့် စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ဖြစ်ရန် စည်းကမ်းချက် ၁၃ ချက်သတ်မှတ်ထားပြီး လက်ရှိတွင် ကုမ္ပဏီ ၅ ခုမှ ရှယ်ယာများအရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း YSX ၏ စာရင်းဇယားများအရသိရသည်။
မြန်မာနိုင်ငံတွင် ရှယ်ယာများကို နိုင်ငံခြားသားဝယ်ယူခွင့်များပြုလုပ်ရန် စတင်လုပ်ဆောင်လျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်များရရှိပါက ယခုနှစ်ကုန်ပိုင်းတွင်စတင် ရောင်းဝယ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဦးသက်ထွန်းဦးကပြောကြားခဲ့သည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com