ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ရန္ကုန္စေတာ့အိတ္ခ်ိန္းစာရင္းဝင္မည့္ ကုမၸဏီမ်ားကို အခြန္ကင္းလြတ္ေပးရန္ စီစဥ္ေနေၾကာင္း ေခ်းေငြသက္ေသခံလက္မွတ္လုပ္ငန္းႀကီးၾကပ္ေရးေကာ္မရွင္၊ အဖြဲ႕ဝင္ ဦးေဌးခြၽန္ကေျပာသည္။
ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ စာရင္းဝင္ကုမၸဏီတိုးပြားလာေရးရည္႐ြယ္၍ ေကာ္မရွင္ေဆာင္႐ြက္ေနျခင္းျဖစ္သည္ဟု ၎ကဆိုသည္။
“ဆြဲေဆာင္မူေပးတဲ့အေနနဲ႔ေပါ့။ Listed (စေတာ့အိတ္ခ်ိန္းစားရင္ဝင္) ကုမၸဏီျဖစ္ရင္ စာရင္းလိမ္လို႔မရေတာ့ဘူး။ အခြန္အျပည့္အဝမေပးလို႔ မရေတာ့ဘူး။ ႏိုင္ငံေတာ္ကလည္း အားေပးရာေရာက္ပါတယ္”ဟု ဦးေဌးခြၽန္က ဆိုသည္။
လက္ရွိတြင္ ေကာ္ပရိတ္လုပ္ငန္းမ်ားအတြက္ ကုမၸဏီအျမတ္ခြန္ သက္သာခြင့္ကို လက္ရွိတြင္ ၅ ရာခိုင္ႏႈန္း ေလ်ာ့ေပးထားၿပီး ၂၀ ရာခိုင္ႏႈန္းသာ အခြန္ေဆာင္ရသည္။
ထပ္မံေလ်ာ့ျခင္းျဖစ္ႏိုင္ၿပီး သို႔မဟုတ္ စာရင္းဝင္ကုမၸဏီျဖစ္ပါက အခ်ိန္ကာလအလိုက္ ၂ ႏွစ္ မွ ၃ ႏွစ္အတြင္း အခြန္သက္သာခြင့္ကိုေပးရန္ စီစဥ္ေနျခင္းျဖစ္သည္ဟု ၎ကဆိုသည္။
စေတာ့အိတ္ခ်ိန္းစာရင္းဝင္ကုမၸဏီမ်ားသည္ စည္းကမ္းလိုက္နာရသည့္ အခ်က္အလက္မ်ားေန၍ အလားအလာရွိေသာ လုပ္ငန္းမ်ား စေတာ့အိတ္ခ်ိန္းဝင္လာရန္ ဆြဲေဆာင္ျခင္းဟု ၎ကဆိုသည္။
လက္ရွိ ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ စာရင္းဝင္အမ်ားပိုင္ကုမၸဏီ ၅ ခုရွိၿပီး ထပ္မံဝင္ရန္ စီစဥ္ထားသည့္ ကုမၸဏီ ၃ခု ႏွင့္ ဝင္ေရာက္ရန္ အလားအလာရွိသည့္ ကုမၸဏီ ၂ ခုရွိသည္ဟုဆိုသည္၊
စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်မည့် ကုမ္ပဏီများကို အခွန်ကင်းလွတ်ပေးရန် စီစဉ်နေကြောင်း ချေးငွေသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ အဖွဲ့ဝင် ဦးဌေးချွန်ကပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီတိုးပွားလာရေးရည်ရွယ်၍ ကော်မရှင်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“ဆွဲဆောင်မူပေးတဲ့အနေနဲ့ပေါ့။ Listed (စတော့အိတ်ချိန်းစားရင်ဝင်) ကုမ္ပဏီဖြစ်ရင် စာရင်းလိမ်လို့မရတော့ဘူး။ အခွန်အပြည့်အဝမပေးလို့ မရတော့ဘူး။ နိုင်ငံတော်ကလည်း အားပေးရာရောက်ပါတယ်”ဟု ဦးဌေးချွန်က ဆိုသည်။
လက်ရှိတွင် ကော်ပရိတ်လုပ်ငန်းများအတွက် ကုမ္ပဏီအမြတ်ခွန် သက်သာခွင့်ကို လက်ရှိတွင် ၅ ရာခိုင်နှုန်း လျော့ပေးထားပြီး ၂၀ ရာခိုင်နှုန်းသာ အခွန်ဆောင်ရသည်။
ထပ်မံလျော့ခြင်းဖြစ်နိုင်ပြီး သို့မဟုတ် စာရင်းဝင်ကုမ္ပဏီဖြစ်ပါက အချိန်ကာလအလိုက် ၂ နှစ် မှ ၃ နှစ်အတွင်း အခွန်သက်သာခွင့်ကိုပေးရန် စီစဉ်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများသည် စည်းကမ်းလိုက်နာရသည့် အချက်အလက်များနေ၍ အလားအလာရှိသော လုပ်ငန်းများ စတော့အိတ်ချိန်းဝင်လာရန် ဆွဲဆောင်ခြင်းဟု ၎င်းကဆိုသည်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အများပိုင်ကုမ္ပဏီ ၅ ခုရှိပြီး ထပ်မံဝင်ရန် စီစဉ်ထားသည့် ကုမ္ပဏီ ၃ခု နှင့် ဝင်ရောက်ရန် အလားအလာရှိသည့် ကုမ္ပဏီ ၂ ခုရှိသည်ဟုဆိုသည်၊
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com