အိမ်ခြံမြေသူဌေးကြီး ဟွေ့ဝင်းမော်ပိုင်ဆိုင်သော ဟောင်ကောင် ကုမ္ပဏီက တရုတ်ပြည်၊ ပေကျင်းမြို့ တော်ရှိ စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသော လူနေစီမံကိန်းမြေနေရာကို ယွမ်ငွေ သန်း ၈၅၀ ဖြင့် ဝယ်ယူ
အိမ်ခြံမြေသူဌေးကြီး ဟွေ့ဝင်းမော်ပိုင်ဆိုင်သော ဟောင်ကောင် ကုမ္ပဏီက တရုတ်ပြည်၊ ပေကျင်းမြို့ တော်ရှိ စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသော လူနေစီမံကိန်းမြေနေရာကို ယွမ်ငွေ သန်း ၈၅၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
5 Dec 2019 1:51 pm တွင် တင်ခဲ့သည်
795 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အိမ်ခြံမြေသူဌေးကြီး ဟွေ့ဝင်းမော်ပိုင်ဆိုင်သော ဟောင်ကောင် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ Shimao Properties သည် တရုတ်ပြည်၊ ပေကျင်းမြို့တော်ရှိ စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသော လူနေစီမံကိန်းမြေနေရာကို ယွမ်ငွေ သန်း ၈၅၀ ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Shimao Properties သည် တရုတ်ပြည်မကြီးတွင်လည်း ရောင်းအားပမာဏအရ အင်အားအကြီးဆုံး အိမ်ခြံမြေ developer များတွင် နံပါတ် ၁၁ နေရာတွင် ရပ်တည်နေသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။
ယခုအခါ Shimao Properties က ပေကျင်းမြို့၊ အနောက်တောင်ပိုင်း ဖန်ရှန်ခရိုင်တွင် တည်ရှိသော စတုရန်းမီတာ ၅၇၄၀၀ ( ၆၁၇၈၄၈ စတုရန်းပေ) ကျယ်ဝန်းသည့် မြေနေရာကို ယွမ်ငွေ သန်း ၈၅၀ (ကန်ဒေါ်လာ ၁၁၅ သန်း) ဖြင့် ဝယ်ယူလိုက်ကြောင်း ပေကျင်းမြို့တော် မြေယာဗျူရိုက ထုတ်ပြန်လာသည်။
တင်ဒါစည်းမျဉ်းများကို သဘောတူညီလိုက်ပြီးနောက် Shimao Properties က ဝယ်ယူခွင့်ရရှိသွားခြင်းလည်းဖြစ်သည်။
တင်ဒါစည်းမျဉ်းအရ ယခုစီမံကိန်းတွင်ဆောက်လုပ်မည့် လူနေအိမ်များကို ပူးတွဲပိုင်ဆိုင်မှုပုံစံဖြင့် ရောင်းချပေးရမည်ဟု ဆိုသည်။
တရုတ်အစိုးရသည် တရုတ်ပြည်၏ အရေးပါသောမြို့ကြီးများတွင် အိမ်ရာဈေးနှုန်းမျှတမှုရှိစေရန် ရည်ရွယ်ကာ အစိုးရနှင့် ဝယ်လက်တို့အကြား ပူးတွဲပိုင်ဆိုင်မှုပုံစံကို ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။
Shimao Properties သည် ဒေသတွင်းအစိုးရပိုင် ကုမ္ပဏီတစ်ခုဖြစ်သော Fangshan New Town Investment Ltd နှင့် ၁၅ ကြိမ်ခန့် အပြိုင်ဈေးပေးခဲ့ပြီး နောက်ဆုံးတွင် ကြမ်းခင်းဈေးထက် ၁၀ ဒသမ ၄ ရာခိုင်နှုန်း ဈေးပိုပေးကာ ဝယ်ယူရရှိသွားခြင်းလည်း ဖြစ်သည်။
ဝယ်ယူလိုက်သည့် မြေနေရာတွင် ဆောက်လုပ်နိုင်သည့် နေရာ စတုရန်းမီတာ ၃၅၈၀၀ ရှိပြီး ယင်းအနက် စတုရန်းမီတာ ၆၈၄၀၀ ကို လူနေအိမ်ရာအဖြစ် ဆောက်လုပ်မည်ဖြစ်ရာ လူနေအိမ်ရာနေရာအတွက် ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၁၂၃၉၂ ဖြင့် ဝယ်ယူလိုက်ရခြင်းလည်း ဖြစ်သည်။
တင်ဒါစည်းမျဉ်းအရ ယခုစီမံကိန်းတွင် အခန်း ၉ ခန်းပါ မူကြိုကျောင်းတစ်ခု ဆောက်လုပ်ပေးရမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက အစိုးရသို့ အခမဲ့လွှဲပြောင်းပေးရမည်ဟု ဆိုသည်။
စီမံကိန်းအဆောက်အအုံများအတွက် အမြင့် မီတာ ၃၀ သာအမြင့်ဆုံးဆောက်လုပ်ရန် သတ်မှတ်ထားပြီး စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းမှာ စိမ်းလန်းသော နေရာများဖြစ်ရမည်ဟုလည်း ဆိုသည်။
တရုတ်အစိုးရ၏ ပူးတွဲပိုင်ဆိုင်ရေးမူဝါဒအရ အိမ်ခြံမြေဝယ်ယူမည့်သူတို့သည် နေအိမ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း (သို့မဟုတ်) ၉၅ ရာခိုင်နှုန်း ပိုင်ဆိုင်မှုများ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ကျန်ရာခိုင်နှုန်းများကို အစိုးရက ကျခံပိုင်ဆိုင်သွားမည် ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
CarsDB
Car Expo and Networking
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service