ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ေဆာက္လုပ္ေရးအလုပ္သမားမ်ား လုပ္ငန္းခြင္ေဘးအႏၱရာယ္ကင္းရွင္းေရးနွင့္ အလုပ္အကုိင္ကၽြမ္းက်င္မႈဆိုင္ရာဖြံျဖိဳးေရးလုပ္ငန္းအမ်ားအတြက္ ပူးေပါင္းလက္မွတ္ေရးထိုးမွဳကုိ ျမန္မာနိုင္ငံေဆာက္လုပ္ေရးနွင့္ သစ္လုပ္ငန္းအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (BWFM) နွင့္ ျမန္မာနိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္( MCEF) တို႔ MOU ေရးထိုးခဲ့သည္။
အဆိုပါသေဘာတူစာခ်ဳပ္တြင္ အလုပ္ရွင္အလုပ္သမားအၾကားအခက္အခဲမ်ားကုိေျဖရွင္းရန္၊ ကၽြမ္းက်င္အလုပ္သမားမ်ား ေပၚထြက္လာေရး၊ လုပ္ငန္းခြင္ေဘးကင္းလံုျခဳေရးနွင့္ ဥပေဒအရအကာအကြယ္ေပးေရး လုပ္ငန္းမ်ားပါ၀င္ေၾကာင္း MCEF ထံမွသိရသည္။
“အလုပ္သမားသမဂၢနဲ႕ပူးေပါင္းျပီး အလုပ္သမားေတြအတြက္ လုပ္ေဆာင္ေနတာနွစ္နွစ္ေလာက္ရွိျပီအခုေတာ့ ဒါကုိအေကာင္ထည္ေဖာ္ျပီးလက္မွတ္ေရးထိုးလိုက္တာ ဒီမွာက ျမန္မာနိုင္ငံအတြင္းကၽြမ္းက်င္အလုပ္သမားမ်ား အလြယ္တကူရွာေဖြနိုင္ဖို႔နဲ႔ အလုပ္ရွင္အလုပ္သမားအက်ိဳးဖြံျဖိဳးေရးေတြပါ၀င္တယ္” ဟု ျမန္မာနိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္မွ တြဲဖက္အတြင္းေရးမွဳးဦးေအးလင္းကေျပာၾကားသည္။
အဆိုပါနားလည္မွဳစာခ်ြန္လႊာသည္ စာခ်ဳပ္သက္တမ္း ၃ နွစ္သက္မွတ္ထားျပီး ေဆာက္လုပ္ေရး လုပ္သားရွာေဖြမွဳတြင္ လိုအပ္သည့္ ကၽြမ္းက်င္အလုပ္သမားမ်ားကုိ အလုပ္သမားသမဂၢအကူအညီျဖင့္ လြယ္ကူစြာရွာေဖြနိုင္မည္ျဖစ္ေၾကာင္း အဆိုပါအဖြဲ႕ခ်ဳပ္ထံမွသိရသည္။
MCEF အေနျဖင့္ အလုပ္သမား၀န္ႀကီးဌာနနွင့္ပူးေပါင္း၍ Skill Labour ေမြးထုတ္ေရး၊ ကၽြမ္းက်င္အလုပ္သမား စာေမးပြဲမ်ား ေျဖဆိုနိုင္ေရး၊ ျမန္မာနိုင္ငံရွိ အလုပ္သမားမ်ားရသင့္သည့္ ကၽြမ္းက်င္မွဳလက္မွတ္မ်ားေရရွိေရး တို႔ကိုိေဆာင္ရြက္လ်က္ရွိေၾကာင္း ယင္းအဖြဲ႔ခ်ဳပ္ထံမွသိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဆောက်လုပ်ရေးအလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အလုပ်အကိုင်ကျွမ်းကျင်မှုဆိုင်ရာဖွံဖြိုးရေးလုပ်ငန်းအများအတွက် ပူးပေါင်းလက်မှတ်ရေးထိုးမှုကို မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWFM) နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်( MCEF) တို့ MOU ရေးထိုးခဲ့သည်။
အဆိုပါသဘောတူစာချုပ်တွင် အလုပ်ရှင်အလုပ်သမားအကြားအခက်အခဲများကိုဖြေရှင်းရန်၊ ကျွမ်းကျင်အလုပ်သမားများ ပေါ်ထွက်လာရေး၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုရေးနှင့် ဥပဒေအရအကာအကွယ်ပေးရေး လုပ်ငန်းများပါဝင်ကြောင်း MCEF ထံမှသိရသည်။
“အလုပ်သမားသမဂ္ဂနဲ့ပူးပေါင်းပြီး အလုပ်သမားတွေအတွက် လုပ်ဆောင်နေတာနှစ်နှစ်လောက်ရှိပြီအခုတော့ ဒါကိုအကောင်ထည်ဖော်ပြီးလက်မှတ်ရေးထိုးလိုက်တာ ဒီမှာက မြန်မာနိုင်ငံအတွင်းကျွမ်းကျင်အလုပ်သမားများ အလွယ်တကူရှာဖွေနိုင်ဖို့နဲ့ အလုပ်ရှင်အလုပ်သမားအကျိုးဖွံဖြိုးရေးတွေပါဝင်တယ်” ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှုးဦးအေးလင်းကပြောကြားသည်။
အဆိုပါနားလည်မှုစာချွန်လွှာသည် စာချုပ်သက်တမ်း ၃ နှစ်သက်မှတ်ထားပြီး ဆောက်လုပ်ရေးလုပ်သားရှာဖွေမှုတွင် လိုအပ်သည့် ကျွမ်းကျင်အလုပ်သမားများကို အလုပ်သမားသမဂ္ဂအကူအညီဖြင့် လွယ်ကူစွာရှာဖွေနိုင်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ်ထံမှသိရသည်။
MCEF အနေဖြင့် အလုပ်သမားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ Skill Labour မွေးထုတ်ရေး၊ ကျွမ်းကျင်အလုပ်သမား စာမေးပွဲများ ဖြေဆိုနိုင်ရေး၊ မြန်မာနိုင်ငံရှိ အလုပ်သမားများရသင့်သည့် ကျွမ်းကျင်မှုလက်မှတ်များ ရရှိရေး တို့ကိုဆောင်ရွက်လျက်ရှိကြောင်း ယင်းအဖွဲ့ချုပ်ထံမှသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com