တရုတ္ ျပည္ပေျမယာႏွင့္ ရင္းႏွီးျမွဳပ္ႏွံေရးကုမၸဏီက ေပက်င္းရွိ စတုရန္းေပ ၆ သိန္းေက်ာ္ က်ယ္ဝန္းေသာ လူေနစီမံကိန္းေျမေနရာကို ယြမ္ေငြ ၅ ဘီလီယံေက်ာ္ျဖင့္ ဝယ္ယူ

တရုတ္ ျပည္ပေျမယာႏွင့္ ရင္းႏွီးျမွဳပ္ႏွံေရးကုမၸဏီက ေပက်င္းရွိ စတုရန္းေပ ၆ သိန္းေက်ာ္ က်ယ္ဝန္းေသာ လူေနစီမံကိန္းေျမေနရာကို ယြမ္ေငြ ၅ ဘီလီယံေက်ာ္ျဖင့္ ဝယ္ယူ - Property News in Myanmar from iMyanmarHouse.com
4 Dec 2019 11:21 am တွင် တင်ခဲ့သည်
614 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တရုတ္ ျပည္ပေျမယာႏွင့္ ရင္းႏွီးျမွဳပ္ႏွံေရးကုမၸဏီ (COLI) သည္ ေပက်င္းျမိဳ ႔ေတာ္ရွိ စတုရန္းေပ ၆ သိန္းေက်ာ္ က်ယ္ဝန္းေသာ လူေနစီမံကိန္းေျမေနရာကို ယြမ္ေငြ ၅ ဒသမ ၁ ဘီလီယံျဖင့္ ဝယ္ယူလိုက္ေၾကာင္း ရွန္ဟိုင္းအေျခစိုက္အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

COLI သည္ ႏိုင္ငံပိုင္ စတီး ကုမၸဏီျဖစ္ေသာ Shougang ႏွင့္ ပူးေပါင္းကာ စတုရန္းမီတာ ၆၁၁၀၀ ( ၆၅၇၆၇၄ စတုရန္းေပ) က်ယ္ဝန္းေသာ ေျမေနရာကို ယြမ္ေငြ ၅ ဒသမ ၁ ဘီလီယံ (ကန္ေဒၚလာ ၇၃ သန္း) ျဖင့္ ဝယ္ယူလုိက္ျခင္းျဖစ္ေၾကာင္း ေပက်င္းစီမံကိန္းႏွင့္ သဘာဝအရင္းအျမစ္မ်ား စည္ပင္သာယာေကာ္မရွင္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အဆိုပါ ႏိုင္ငံပိုင္ ပူးေပါင္းကုမၸဏီႏွစ္ခုသည္ ေပက်င္းျမိဳ ႔ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး လိုင္းအမွတ္ ၁ ၏ Gucheng ဘူတာရံုအနီးမွ စတုရန္းမီတာ ၁၄၈၆၀၀ က်ယ္ဝန္းေသာ ေျမေနရာတြင္လည္း စီမံကိန္းေဆာက္လုပ္ခြင့္ႏွင့္ ေစ်းႏႈန္းကန္႔သတ္ခ်က္မရွိဘဲ ေစ်းကြက္တင္ေရာင္းခြင့္မ်ား ရရွိထားသည္။

သို႔ရာတြင္ ေျမေနရာ တင္ဒါစည္းမ်ဥ္းမ်ားအရ အဆိုပါ စီမံကိန္းအတြင္း အမ်ားျပည္သူဆိုင္ရာ ေနရာမ်ားလည္း ေဆာက္လုပ္ေပးရမည္ျဖစ္သည္။

COLI ႏွင့္ Shougang တို႔သည္ ယခုစီမံကိန္းအနီးရွိ စတုရန္းမီတာ ၆၁၀၀၀ က်ယ္ဝန္းေသာေနရာကို ယြမ္ေငြ ၄ ဒသမ ၈၃ ဘီလီယံျဖင့္ ဝယ္ယူရန္စတင္ပူးေပါင္းခဲ့ျပီး တစ္ႏွစ္အၾကာတြင္ ယခုေျမေနရာကို ထပ္မံဝယ္ယူခဲ့ျခင္းလည္း ျဖစ္သည္။

COLI ႏွင့္ Shougang တို႔သည္ ေပက်င္းျမိဳ ႔အေနာက္ပိုင္း အမွတ္ ၅ ႏွင့္ အမွတ္ ၆ ျမိဳ ႔ပတ္လမ္းမ်ားအၾကားရွိ စီမံကိန္းေနရာကို ဝယ္ယူရာတြင္ ၁ စတုရန္းမီတာလွ်င္ ယြမ္ေငြ ၄၁၉၄၃ က်သင့္ခဲ့ျခင္း ျဖစ္သည္။

ေပက်င္းျမိဳ ႔၊ ရွိက်င္းရွန္ခရိုင္တြင္ တည္ရွိေသာ ယခုစီမံကိန္းေနွရာသည္ ေယာင္ဒင္ျမစ္သစ္ေတာပန္းျခံ၊ ေပက်င္းဂါးဒင္းကုန္စည္ျပပြဲေနရာ၊ ရွိက်င္းရွန္ အားကစားစင္တာတို႔ႏွင့္ နီးစပ္ျပီး အဆိုပါေဒသတြင္ ယခုႏွစ္အတြင္း ေျမေနရာမ်ားစြာ အေရာင္းအဝယ္ ျဖစ္ေပၚခဲ့သည္။

ေလလံစည္းကမ္းမ်ားအရ ေလလံေအာင္ခဲ့သည့္ COLI ႏွင့္ Shougang တို႔သည္ ယခုစီမံကိန္းအတြင္း စာသင္ခန္း ၁၂ ခန္းပါ မူၾကိဳေက်ာင္းတစ္ေက်ာင္း၊ ကုတင္ ၃၀၀ ဆန္႔ သက္ၾကီးရြယ္အိုေဂဟာတစ္ခု၊ အမ်ားျပည္သူက်န္းမာေရးဌာနတစ္ခု၊ လက္လီဆိုင္တန္း တစ္ခု အစရွိသည္တို႔ ထည့္သြင္းေဆာက္လုပ္ေပးရမည္ျဖစ္ျပီး စီမံကိန္းျပီးစီးပါက ယင္းအေဆာက္အအံုမ်ားကို ေဒသတြင္း အုပ္ခ်ဳပ္ေရးအဖြဲ႔ထံ လႊဲေျပာင္းေပးအပ္ရမည္ဟူေသာ အခ်က္လည္း သေဘာတူညီထားရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

တရုတ် ပြည်ပမြေယာနှင့် ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီ (COLI) သည် ပေကျင်းမြို့တော်ရှိ စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသော လူနေစီမံကိန်းမြေနေရာကို ယွမ်ငွေ ၅ ဒသမ ၁ ဘီလီယံဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

COLI သည် နိုင်ငံပိုင် စတီး ကုမ္ပဏီဖြစ်သော Shougang နှင့် ပူးပေါင်းကာ စတုရန်းမီတာ ၆၁၁၀၀ ( ၆၅၇၆၇၄ စတုရန်းပေ) ကျယ်ဝန်းသော မြေနေရာကို ယွမ်ငွေ ၅ ဒသမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၇၃ သန်း) ဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်ကြောင်း ပေကျင်း စီမံကိန်းနှင့် သဘာဝအရင်းအမြစ်များ စည်ပင်သာယာ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ နိုင်ငံပိုင် ပူးပေါင်းကုမ္ပဏီနှစ်ခုသည် ပေကျင်းမြို့ အများပြည်သူသယ်ယူပို့ဆောင်ရေး လိုင်းအမှတ် ၁ ၏ Gucheng ဘူတာရုံအနီးမှ စတုရန်းမီတာ ၁၄၈၆၀၀ ကျယ်ဝန်းသော မြေနေရာတွင်လည်း စီမံကိန်းဆောက်လုပ်ခွင့်နှင့် ဈေးနှုန်းကန့်သတ်ချက် မရှိဘဲ ဈေးကွက်တင်ရောင်းခွင့်များ ရရှိထားသည်။

သို့ရာတွင် မြေနေရာ တင်ဒါစည်းမျဉ်းများအရ အဆိုပါ စီမံကိန်းအတွင်း အများပြည်သူဆိုင်ရာ နေရာများလည်း ဆောက်လုပ်ပေးရမည် ဖြစ်သည်။

COLI နှင့် Shougang တို့သည် ယခုစီမံကိန်းအနီးရှိ စတုရန်းမီတာ ၆၁၀၀၀ ကျယ်ဝန်းသောနေရာကို ယွမ်ငွေ ၄ ဒသမ ၈၃ ဘီလီယံဖြင့် ဝယ်ယူရန် စတင်ပူးပေါင်းခဲ့ပြီး တစ်နှစ်အကြာတွင် ယခုမြေနေရာကို ထပ်မံဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

COLI နှင့် Shougang တို့သည် ပေကျင်းမြို့အနောက်ပိုင်း အမှတ် ၅ နှင့် အမှတ် ၆ မြို့ပတ်လမ်းများအကြားရှိ စီမံကိန်းနေရာကို ဝယ်ယူရာတွင် ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၄၁၉၄၃ ကျသင့်ခဲ့ခြင်း ဖြစ်သည်။

ပေကျင်းမြို့၊ ရှိကျင်းရှန်ခရိုင်တွင် တည်ရှိသော ယခုစီမံကိန်းနှေရာသည် ယောင်ဒင်မြစ်သစ်တောပန်းခြံ၊ ပေကျင်းဂါးဒင်း ကုန်စည်ပြပွဲနေရာ၊ ရှိကျင်းရှန် အားကစားစင်တာတို့နှင့် နီးစပ်ပြီး အဆိုပါဒေသတွင် ယခုနှစ်အတွင်း မြေနေရာများစွာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။

လေလံစည်းကမ်းများအရ လေလံအောင်ခဲ့သည့် COLI နှင့် Shougang တို့သည် ယခုစီမံကိန်းအတွင်း စာသင်ခန်း ၁၂ ခန်းပါ မူကြိုကျောင်းတစ်ကျောင်း၊ ကုတင် ၃၀၀ ဆန့် သက်ကြီးရွယ်အိုဂေဟာတစ်ခု၊ အများပြည်သူကျန်းမာရေးဌာနတစ်ခု၊ လက်လီဆိုင်တန်း တစ်ခု အစရှိသည်တို့ ထည့်သွင်းဆောက်လုပ်ပေးရမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက ယင်းအဆောက်အအုံများကို ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးအပ်ရမည်ဟူသော အချက်လည်း သဘောတူညီထားရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service