ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
တန္ဖိုးနည္းအိမ္ရာကိုပင္ဝယ္ယူရန္ အခက္အခက္အခဲရွိသူမ်ားအတြက္ အငွားအိမ္ရာမ်ားကို ဂ်ပန္အကူအညီျဖင့္တည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီဌာနမွသိရသည္။
အဆိုပါအငွားအိမ္ရာမ်ားတည္ေဆာက္ရန္ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ (JICA )ႏွင့္ညိွႏိႈင္းေဆာင္ရြက္ေနၿပီး ဂ်ပန္ယန္း သန္း ၂၀၀ ေခ်းယူသြားမည္ျဖစ္ေၾကာင္းသိရသည္။
လက္လုပ္လက္စား အေျခခံလူတန္းစားမ်ားအေနျဖင့္ က်ပ္သိန္း ၁၀၀ ဝန္းက်င္တန္ဖိုးနည္းမ်ားကိုပင္ လက္လွမ္းမမီၾကေၾကာင္း ၊ျပည္သူမ်ားတကယ္လိုသည္က အငွားအိမ္ရာျဖစ္ျခင္းေၾကာင့္ မိသားစုဝင္ေငြ က်ပ္သုံးသိန္းေအာက္ရွိသူမ်ားအတြက္ အငွားအိမ္ရာမ်ားကို ဦးစားေပးစီစဥ္သြားမည္ျဖစ္ၿပီး JICA ႏွင့္ေခ်းေငြ ေတာင္းထားေၾကာင္းသိရသည္။
အဆိုပါေခ်းေငြရရွိပါက တိုင္းေဒသႀကီးျပည္နယ္အားလုံးတြင္ လိုအပ္ေနသည့္အငွားအိမ္ရာမ်ားကိုတည္ေဆာက္သြားမည္္ျဖစ္ေၾကာင္း၊ အငွားအိမ္ရာအတြက္ဒီဇိုင္းျပင္ဆင္မႈကိုလည္းဌာနအေနျဖင့္ေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
တန်ဖိုးနည်းအိမ်ရာကိုပင်ဝယ်ယူရန် အခက်အခက်အခဲရှိသူများအတွက် အငှားအိမ်ရာများကို ဂျပန်အကူအညီဖြင့်တည်ဆောက်သွားမည် ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီဌာနမှသိရသည်။
အဆိုပါအငှားအိမ်ရာများတည်ဆောက်ရန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA )နှင့်ညှိနှိုင်းဆောင်ရွက်နေပြီး ဂျပန်ယန်း သန်း ၂၀၀ ချေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
လက်လုပ်လက်စား အခြေခံလူတန်းစားများအနေဖြင့် ကျပ်သိန်း ၁၀၀ ဝန်းကျင်တန်ဖိုးနည်းများကိုပင် လက်လှမ်းမမီကြကြောင်း ၊ပြည်သူများတကယ်လိုသည်က အငှားအိမ်ရာဖြစ်ခြင်းကြောင့် မိသားစုဝင်ငွေ ကျပ်သုံးသိန်းအောက်ရှိသူများအတွက် အငှားအိမ်ရာများကို ဦးစားပေးစီစဉ်သွားမည်ဖြစ်ပြီး JICA နှင့်ချေးငွေ တောင်းထားကြောင်းသိရသည်။
အဆိုပါချေးငွေရရှိပါက တိုင်းဒေသကြီးပြည်နယ်အားလုံးတွင် လိုအပ်နေသည့်အငှားအိမ်ရာများကိုတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အငှားအိမ်ရာအတွက်ဒီဇိုင်းပြင်ဆင်မှုကိုလည်းဌာနအနေဖြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com