ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၉/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်း အဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း နှင့် အဖွဲ့ဝင် (၈)ဦး တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် အိမ်ရာအဆောက်အအုံ ကဏ္ဍအပါအဝင် လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ တို့မှ လုပ်ငန်း (၅)ခု ခွင့်ပြု ခဲ့ပြီး အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ (၅၀၃ ဒသမ ၉၄၀) သန်းနှင့် ငွေကျပ် (၂၆,၅၂၃) သန်း ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၁၀၁) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
နိုင်ငံပေါင်း (၅၀)မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၂၉ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၅ ဒသမ ၇၇ ရာခိုင်နှုန်း ) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၀၄ ရာခိုင်နှုန်း ) ဖြင့် လည်း ကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း MOI မှသိရသည်။
### Unicode Version ###
မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်၏ (၁၉/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်း အဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း နှင့် အဖွဲ့ဝင် (၈)ဦး တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် အိမ်ရာအဆောက်အအုံ ကဏ္ဍအပါအဝင် လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ တို့မှ လုပ်ငန်း (၅)ခု ခွင့်ပြု ခဲ့ပြီး အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ (၅၀၃ ဒသမ ၉၄၀) သန်းနှင့် ငွေကျပ် (၂၆,၅၂၃) သန်း ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၁၀၁) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ ရင်းနှီးမြှုုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
နိုင်ငံပေါင်း (၅၀)မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုုပ်နှံထားရှိမှုမှာ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုုပ်နှံမှု၏ (၂၇ ဒသမ ၂၉ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုုပ်နှံမှု၏ (၂၅ ဒသမ ၇၇ ရာခိုင်နှုန်း ) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုုပ်နှံမှု၏ (၁၄ ဒသမ ၀၄ ရာခိုင်နှုန်း ) ဖြင့် လည်း ကောင်း ရင်းနှီးမြှုုပ်နှံထားကြောင်း MOI မှသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com