
ဒက္ခိဏသီရိ မြို့နယ်က မြေကွက်များကိုရောင်းရာတွင် နေပြည်တော်စည်ပင်ကချမှတ်ထားသည့် အချက်များကြောင့် သာမန်ပြည်သူများ ဝယ်ယူဖို့ အခက်အခဲရှိနိုင် - Property News in Myanmar from iMyanmarHouse.com
29 Nov 2019 12:53 pm တွင် တင်ခဲ့သည်
1052 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###







### Unicode Version ###

ဒက္ခိဏသီရိ မြို့နယ်က မြေကွက်များကို ရောင်းရာတွင် နေပြည်တော်စည်ပင်ကချမှတ်ထားသည့် အချက်များကြောင့် သာမန်ပြည်သူများ ဝယ်ယူဖို့ အခက်အခဲရှိနိုင်ကြောင်း သိရသည်။

မြေကွက်ဝယ်ယူရန် စိတ်ဝင်စားသူများ ရှိနေသော်လည်း စည်ပင်က သတ်မှတ်ချက်ထဲတွင် မြေကွက်စတင်ချထားသည့်နေ့မှ ခြောက်လအတွင်း ခြံစည်းရိုးကာရံခြင်းနှင့် တစ်နှစ်အတွင်း နေအိမ်အပြီးဆောက်လုပ်ရ မည်ဆိုသည့် အချက်က သာမန်ပြည်သူတွေ ဝယ်ယူဖို့ အတွက် အဟန့်အတားတစ်ခုသဖွယ်ဖြစ်နေကြောင်းသိရသည်။

ရောင်းချဖို့ ကြေညာထားသည့် မြေကွက်များမှာ ယခင် အစိုးရလက်ထက်က ရောင်းချရာမှာ ကျန်ရှိနေသည့် မြေကွက်များဖြစ်ပြီး လမ်းမကြီးနံဘေး မြေကွက်များနှင့် နေရာကောင်း မြေကွက်များသိပ်မပါဝင်တော့ဘဲ ရပ်ကွက်အတွင်းပိုင်းမြေကွက်များ အများဆုံးပါဝင်ကြောင်း သိရသည်။

နေပြည်တော်စည်ပင်သာယာရေး ကော်မတီက မြန်မာနိုင်ငံသား မည်သူမဆို အဆင်ပြေစွာဖြင့် မြေကွက်ဝယ်ယူနေထိုင်နိုင်ရေးအတွက် ပေ (၈၀x၈၀) မြေကွက်လပ်များရှိသည့်အနက် ပထမအကြိမ်အဖြစ် မြေကွက်လွတ် ၁၉၇ ကွက်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ မြေကွက်တစ်ကွက်လျှင် ယခင်သတ်မှတ်ဈေးနှုန်း ကျပ် ၃၅၀ သိန်းမှ ကျပ် ၂၅၀ သိန်းသို့ဈေးနှုန်း လျှော့၍ ရောင်းချသွားမည်ဖြစ်ကြောင်း ကြေညာထားခဲ့သည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service