ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
### Unicode Version ###
ဘုရင့်နောင်တံတားအမှတ် (၁) နိုဝင်ဘာ ၃၀ ရက်နေ့တွင်ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတံတားမှသိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတံတား အနေဖြင့် Bearing နှင့် Expansion Joint လဲလှယ်ခြင်းအား ဆောင်ရွက်လျက်ရှိရာယနေ့အထိ ၇၅ ရာခိုင် ပြီးစီးထားပြီး နိုဝင်ဘာ ၂၉ ရက်တွင် လုပ်ငန်းအားပြီးစီးမည်ဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်တွင် Load Test ဆောင်ရွက်ကာ ယာဉ်များအား ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
နိုဝင်ဘာ ၃၀ ရက် နေ့လည်ပိုင်းမှစတင်ပြီး မော်တော်ယာဉ်များ မူလယာဉ်လမ်းကြောင်းအတိုင်း သွားလာနိုင်မှာဖြစ်ပြီး တင်ဆောင်နိုင်သည့် တန်ချိန်မှာ ယခင်ခွင့်ပြုထားသည့်တန်ချိန်အတိုင်းသာ ဖြစ်ကြောင်းသိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com