ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
### Unicode Version ###
ငွေကြေးဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းတွေထဲမှာ အသုံးပြုသူများပြားတဲ့ WaveMoney က သုံးစွဲသူတွေအတွက်လုံခြုံစိတ်ချရတဲ့ နည်းပညာသစ်တွေ နဲ့အဆင့်မြှင့်သွားဖို့ရှိတယ်လို့သိရပါတယ်။
ဒီကနေ့Wave Money နဲ့ Fly Mya ခရီးသွားဝန်ဆောင်မှုကုမ္ပဏီတို့ပူးပေါင်း ပြီးသဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးပွဲမှာ Wave Money ရဲ့ အမှုဆောင်အရာရှိချုပ် Mr.Brad Jones ကပြောကြားလိုက်တာပါ တယ်လီနော၊Yoma Strategic ကုမ္ပဏီတို့နဲ့ဖက်စပ်လုပ်ကိုင်နေတဲ့ Wave Money ဟာ အသုံးပြုသူများပြားလာတာကြောင့် လုံခြုံရေးပိုင်နဲ့ပက်သတ်ပြီး ထပ်တိုးလုပ်ဆောင်မှုတွေရှိမယ်လို့၎င်းကဆိုပါတယ်။
ဗဟိုဘဏ်ရဲ့ငွေကြေးဝန်ဆောင်မှုလိုင်စင်ရထားတဲ့ Wave Money ဟာ လက်ရှိမှာဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာ ငွေကြေးလွှဲပြောင်းဖို့အတွက် အေးဂျင့်ဆိုင်ပေါင်း ၅၄၀၀၀ကျော်အထိရှိနေပြီဖြစ်ပါတယ်။
၂၀၁၆ နှစ်ဆန်းပိုင်းက မြန်မာပြည်ဈေးကွက်ကိုဝင်ရောက်လာတဲ့ Wave Money ဟာ သုံးစွဲသူ ၁၅ သန်းကျော်အထိရှိနေပြီး အခြားမိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေထပ် အသုံးပြုမှုအများဆုံးရပ်တည်နေတာဖြစ်တယ်လို့ Wave Money ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com