ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
JICA ODA Loan ျဖင့္ ေဆာင္ရြက္ေနသည့္ သန္လ်င္- သီလဝါလမ္းမႀကီး အဆင့္ျမႇင့္တင္မႈ ၂ဝ၁၉ ႏွစ္မကုန္မီ ၿပီးစီးမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သိရသည္။
သန္လ်င္- သီလဝါလမ္းမႀကီးကို JICA ODA Loan ျဖင့္ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး Main Contractor အျဖစ္ Tekken Corporation၊ Consultant အျဖစ္ Nippon Koei Co.,Ltd ႏွင့္ ဆပ္ကန္ထ႐ိုက္တာအျဖစ္ Max Myanmar Construction ကတာဝန္ယူေဆာင္ရြက္ေနျခင္းျဖစ္သည္။
သန္လ်င္-သီလဝါလမ္းသည္ စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္ႏွင့္ သီလဝါအထူးစီးပြားေရးဇုန္ကို ဆက္သြယ္ထားေသာ ႏိုင္ငံတကာအဆင့္မီ အဓိကလမ္းမႀကီးျဖစ္ၿပီး အရွည္မွာ ၅ မိုင္ ၄ ဖာလုံ၊ ယာဥ္သြားလမ္းအက်ယ္ ၄၆ ေပ၊ ၄ လမ္းသြားႏွင့္ လမ္းပခုံး (၂)ဘက္ အက်ယ္ (၆ ဒသမ ၆) ေပရွိသည္။ လမ္း၏ေဘးႏွစ္ဖက္တြင္ ေရေျမာင္းႏွင့္ Cable Line ထည့္မည့္ Box အက်ယ္ (၂) ဘက္ ၂၆ ေပ ပါရွိေၾကာင္း သိရသည္။
ေဆာက္လုပ္ေရးဝန္ႀကီးဌာနအေနျဖင့္ သန္လ်င္-သီလဝါလမ္းကို မိုးကုန္သည့္အခ်ိန္တြင္ အၿပီးေဆာင္ရြက္ရန္လ်ာထားေသာ္လည္း အရည္အေသြးမမီသည့္ေနရာမ်ားကို ျပန္လည္ျပဳျပင္ေနရေသာေၾကာင့္ ၂၀၁၉ ႏွစ္မကုန္ခင္လုပ္ငန္းမ်ားၿပီးစီမည္ျဖစ္ေၾကာင္းသိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
JICA ODA Loan ဖြင့် ဆောင်ရွက်နေသည့် သန်လျင်- သီလဝါလမ်းမကြီး အဆင့်မြှင့်တင်မှု ၂ဝ၁၉ နှစ်မကုန်မီ ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
သန်လျင်- သီလဝါလမ်းမကြီးကို JICA ODA Loan ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး Main Contractor အဖြစ် Tekken Corporation၊ Consultant အဖြစ် Nippon Koei Co.,Ltd နှင့် ဆပ်ကန်ထရိုက်တာအဖြစ် Max Myanmar Construction ကတာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။
သန်လျင်-သီလဝါလမ်းသည် စီးပွားရေးမြို့တော် ရန်ကုန်နှင့် သီလဝါအထူးစီးပွားရေးဇုန်ကို ဆက်သွယ်ထားသော နိုင်ငံတကာအဆင့်မီ အဓိကလမ်းမကြီးဖြစ်ပြီး အရှည်မှာ ၅ မိုင် ၄ ဖာလုံ၊ ယာဉ်သွားလမ်းအကျယ် ၄၆ ပေ၊ ၄ လမ်းသွားနှင့် လမ်းပခုံး (၂)ဘက် အကျယ် (၆ ဒသမ ၆) ပေရှိသည်။ လမ်း၏ဘေးနှစ်ဖက်တွင် ရေမြောင်းနှင့် Cable Line ထည့်မည့် Box အကျယ် (၂) ဘက် ၂၆ ပေ ပါရှိကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် သန်လျင်-သီလဝါလမ်းကို မိုးကုန်သည့်အချိန်တွင် အပြီးဆောင်ရွက်ရန်လျာထားသော်လည်း အရည်အသွေးမမီသည့်နေရာများကို ပြန်လည်ပြုပြင်နေရသောကြောင့် ၂၀၁၉ နှစ်မကုန်ခင်လုပ်ငန်းများပြီးစီမည်ဖြစ်ကြောင်းသိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com