ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
စက္မႈဝန္ႀကီးဌာနႏွင့္ စီမံ၊ဘ႑ာဝန္ႀကီးဌာနကို ပူးေပါင္းၿပီး စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ၾကီးဌာနအျဖစ္ နိုဝင္ဘာ ၂၆ ရက္ေန႔ ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ (၁၄)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးက ေထာက္ခံအတည္ျပဳလိုက္သည္။
အဆိုပါဝန္ႀကီးဌာနႏွစ္ခုကို ပူးေပါင္းျခင္းျဖင့္ နိုင္ငံေတာ္၏အက်ိဳးစီးပြားကို ရယူေပးမည့္ေပါင္းစည္းမႈျဖစ္ေသာေၾကာင့္ သေဘာတူေပးပါရန္ စက္မႈဝန္ႀကီးဦးစိုးဝင္းက လႊတ္ေတာ္ကို တင္ျပခဲ့သည္။
ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က အဆိုပါတင္ျပခ်က္အတြက္ လႊတ္ေတာ္အဆုံးအျဖတ္ကို စက္ခလုပ္ႏွိပ္၍ ဆႏၵျပဳသည့္နည္းလမ္းျဖင့္ မဲခြဲဆုံးျဖတ္ခဲ့ရာ ေထာက္ခံမဲမ်ားသျဖင့္ ဝန္ႀကီးဌာန ၂ ခုေပါင္းျခင္းအား လႊတ္ေတာ္ကသေဘာတူအတည္ျပဳ ေပးလိုက္သည္။
စက္ခလုပ္ႏွိပ္ဆုံးျဖတ္မႈရယူရာတြင္ ဆႏၵမဲေပးခြင့္ရွိသူ ၅၉၄ ဦးမွ ေထာက္ခံမဲ ၃၄၉ မဲ၊ကန႔္ကြက္မဲ ၂၂၂ မဲ၊ ၾကားေနမဲ ၂ မဲ ရွိခဲ့သည့္ အတြက္ စက္မႈဝန္ႀကီးဌာနႏွင့္ စီမံကိန္းႏွင္ဘ႑ာေရးဝန္ႀကီးဌာနတို႔ကိုပူးေပါင္းၿပီး စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနအျဖစ္ ျပင္ဆင္သတ္မွတ္ဖြဲ႕စည္းေရး ကိစၥကို လႊတ္ေတာ္ကသေဘာတူအတည္ျပဳလိုက္ျခင္းျဖစ္သည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
စက်မှုဝန်ကြီးဌာနနှင့် စီမံ၊ဘဏ္ဍာဝန်ကြီးဌာနကို ပူးပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် နိုဝင်ဘာ ၂၆ ရက်နေ့ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးက ထောက်ခံအတည်ပြုလိုက်သည်။
အဆိုပါဝန်ကြီးဌာနနှစ်ခုကို ပူးပေါင်းခြင်းဖြင့် နိုင်ငံတော်၏အကျိုးစီးပွားကို ရယူပေးမည့်ပေါင်းစည်းမှုဖြစ်သောကြောင့် သဘောတူပေး ပါရန် စက်မှုဝန်ကြီးဦးစိုးဝင်းက လွှတ်တော်ကို တင်ပြခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အဆိုပါတင်ပြချက်အတွက် လွှတ်တော်အဆုံးအဖြတ်ကို စက်ခလုပ်နှိပ်၍ ဆန္ဒပြုသည့်နည်းလမ်းဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲများသဖြင့် ဝန်ကြီးဌာန ၂ ခုပေါင်းခြင်းအား လွှတ်တော်ကသဘောတူအတည်ပြု ပေးလိုက်သည်။
စက်ခလုပ်နှိပ်ဆုံးဖြတ်မှုရယူရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅၉၄ ဦးမှ ထောက်ခံမဲ ၃၄၉ မဲ၊ကန့်ကွက်မဲ ၂၂၂ မဲ၊ ကြားနေမဲ ၂ မဲ ရှိခဲ့သည့် အတွက် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကိုပူးပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရေး ကိစ္စကို လွှတ်တော်ကသဘောတူအတည်ပြုလိုက်ခြင်းဖြစ်သည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com