ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ေငြသားကို ကိုယ္တြယ္သုံးစြဲရန္မလိုအပ္ေတာ့တဲ့ ေငြေၾကးေပးေခ်မႈစနစ္မ်ား အပါအဝင္ ေခတ္မီနည္းပညာေတြကိုအသုံးျပဳလို႕ရနို္င္မယ့္ ျမန္မာ (၄.၀) ကို ေဖာ္ေဆာင္ေတာ့မယ္လို႕နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားလိုက္သည္။
“ ျမန္မာ (၄.၀) ကို ျပည္သူလူထု၊ လူႀကီး/လူငယ္မေရြး ပညာသင္ၾကားမႈ ၊ သတင္းအခ်က္အလက္ရယူမႈ၊ ေငြသားသုံးစြဲဖို႕မလိုအပ္ေတာ့တဲ့ ေငြေၾကးေပးေခ်မႈစနစ္မ်ား အပါအဝင္ ေခတ္မီနည္းစနစ္မ်ား အသုံးျပဳသြားနိုင္ဖို႕ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္” လို႕ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။
ဒါ့အျပင္ ျပည္တြင္းမွာ စမတ္ဖုန္းအသုံးျပဳမွုက (၁၀၀) ရာခိုင္ႏွုန္းေက်ာ္ေနၿပီျဖစ္လို႕လုပ္ငန္းအမ်ိဳးမ်ိဳးကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ဖို႕အတြက္ ေန႔စဥ္စမတ္ဖုန္းကို အသုံးျပဳနိုင္ေတာ့မွာ ျဖစ္တယ္လို႕ေဒၚေအာင္ဆန္းစုၾကည္က ဆက္လက္ေျပာၾကားခဲ့သည္။
“နိုင္ငံေတာ္စီးပြားေရးဖြံ႕ျဖိဳးတိုးတက္မႈ၊ ျပဳျပင္ေျပာင္းလဲမႈ ၊ ဒီဂ်စ္တယ္စီးပြားေရး ဖြံ႕ျဖိဳးတိုးတက္မႈနဲ႔ ျမန္မာ့စီးပြားေရးလုပ္ငန္းမ်ား နိုင္ငံတကာသို႕ ျဖန႔္ၾကပ္ေရးတို႕မွာ အစိုးရနဲ႔ ပုဂၢလိက ပူးေပါင္းေဆာင္ရြက္မႈမရွိရင္ မျဖစ္ပါဘူး။ အဲ့ဒီအတြက္ UMFCCI က ပုဂၢလိကက႑ကို ဆက္လက္ဦးေဆာင္တာဝန္ယူသြားဖို့ ေမၽွာ္ပါတယ္” လို႕ေဒၚေအာင္ဆန္းစုၾကည္က သူမရဲ့ မိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားသြားခဲ့သည္။
ထို႕အျပင္ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ားအေနနဲ႔ အလုပ္အကိုင္ဖန္တီးေပးနိုင္ၿပီး အမ်ိဳးသားတီထြင္စမ္းသစ္မႈ ၊ ႀကီးပြားခ်မ္းသာမႈ ၊ ဆင္းရဲမႈေလၽွာ့ခ်ေရးနဲ႔ လူသားအရင္းအျမစ္ စြမ္းေဆာင္ရည္ျမင့္မားမႈတို႕အတြက္ အဓိကေနရာမွာ ရပ္တည္လ်က္ရွိေနတယ္လို႕ယင္းကဆိုသည္။
ေဒၚေအာင္ဆန္းစုၾကည္က “အဲ့ဒီလို အေရးပါလွတဲ့ က႑တစ္ရပ္ ဖြံ႕ျဖိဳးလာေစဖို႕သူတို႔ရဲ႕ရည္ရွည္ရပ္တည္မႈ ၊ပါ၀င္နိုင္မႈအရည္အေသြးတိုးတက္မႈစသည္တို႕ကို ေသခ်ာေစဖို႕ေဆာင္ရြက္ေပးလ်က္ရွိပါတယ္” လို႕ ေျပာသည္။
လက္ရွိမွာ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းေတြကို အရွိန္အဟုန္နဲ႔ တိုးတက္ေစဖို႕အတြက္ကိုေႏွးေကြးမႈမ်ားနဲ႔ အတားအဆီးေတြကိုလည္း ဖယ္ရွားေရးလုပ္ငန္းစဥ္မ်ားနဲ႔ ေဆာင္ရြက္လ်က္ရွိေနေၾကာင္းသိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ငွေသားကို ကိုယ်တွယ်သုံးစွဲရန်မလိုအပ်တော့တဲ့ ငွေကြေးပေးချေမှုစနစ်များ အပါအဝင် ခေတ်မီနည်းပညာတွေကိုအသုံးပြုလို့ရနိုင်မယ့် မြန်မာ (၄.ဝ) ကို ဖော်ဆောင်တော့မယ်လို့နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်သည်။
“ မြန်မာ (၄.ဝ) ကို ပြည်သူလူထု၊ လူကြီး/လူငယ်မရွေး ပညာသင်ကြားမှု ၊ သတင်းအချက်အလက်ရယူမှု၊ ငွေသားသုံးစွဲဖို့မလိုအပ်တော့တဲ့ ငွေကြေးပေးချေမှုစနစ်များ အပါအဝင် ခေတ်မီနည်းစနစ်များ အသုံးပြုသွားနိုင်ဖို့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒါ့အပြင် ပြည်တွင်းမှာ စမတ်ဖုန်းအသုံးပြုမှုက (၁၀၀) ရာခိုင်နှုန်းကျော်နေပြီဖြစ်လို့လုပ်ငန်းအမျိုးမျိုးကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် နေ့စဉ်စမတ်ဖုန်းကို အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။
“နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြုပြင်ပြောင်းလဲမှု ၊ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာသို့ ဖြန့်ကြပ်ရေးတို့မှာ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမရှိရင် မဖြစ်ပါဘူး။ အဲ့ဒီအတွက် UMFCCI က ပုဂ္ဂလိကကဏ္ဍကို ဆက်လက်ဦးဆောင်တာဝန်ယူသွားဖို့ မျှော်ပါတယ်” လို့ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခဲ့သည်။
ထို့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေနဲ့ အလုပ်အကိုင်ဖန်တီးပေးနိုင်ပြီး အမျိုးသားတီထွင်စမ်းသစ်မှု ၊ ကြီးပွားချမ်းသာမှု ၊ ဆင်းရဲမှုလျှော့ချရေးနဲ့ လူသားအရင်းအမြစ် စွမ်းဆောင်ရည်မြင့်မားမှုတို့အတွက် အဓိကနေရာမှာ ရပ်တည်လျက်ရှိနေတယ်လို့ယင်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က “အဲ့ဒီလို အရေးပါလှတဲ့ ကဏ္ဍတစ်ရပ် ဖွံ့ဖြိုးလာစေဖို့သူတို့ရဲ့ရည်ရှည်ရပ်တည်မှု ၊ပါဝင်နိုင်မှုအရည်အသွေးတိုးတက်မှုစသည်တို့ကို သေချာစေဖို့ဆောင်ရွက်ပေးလျက်ရှိပါတယ်” လို့ ပြောသည်။
လက်ရှိမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ တိုးတက်စေဖို့အတွက်ကိုနှေးကွေးမှုများနဲ့ အတားအဆီးတွေကိုလည်း ဖယ်ရှားရေးလုပ်ငန်းစဉ်များနဲ့ ဆောင်ရွက်လျက်ရှိနေကြောင်းသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com