ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
တနသၤာရီတိုင္းေဒသႀကီးအတြင္းမွာ အေကာင္အထည္ေဖာ္မယ့္ သတၱဳတူးေဖာ္ေရးလုပ္ငန္း (၃) ခုကို ရင္းႏွီးျမႇုပ္ႏွံမႈွုခြင့္ျပဳရန္လုပ္ေဆာင္ေနေၾကာင္း ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာရဲ႕ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန႔္စင္လြင္က ေျပာၾကားသည္။
ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈေကာ္မရွင္ကခြင့္ျပဳဖို႕စီစဥ္ေနတဲ့ သတၳဳတူးေဖာ္ေရးလုပ္ငန္း (၃) ခုရဲ႕ရင္းႏွီးျမႇုပ္ႏွံမွုပမာဏက အေမရိကန္ေဒၚလာ (၁) ဘီလီယံနီးပါးအထိ ရွိတယ္လို႕ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန႔္စင္လြင္က ဆိုသည္။
“ သတၱဳတူးေဖာ္ေရးနဲ႔ ပတ္သတ္တဲ့လုပ္ငန္းမ်ိဳးကအမွန္တိုင္းေျပာရမယ္ဆိုရင္ အေမရိကန္ေဒၚလာ (၁) ဘီလီယံနီးပါးအထိရွိေနပါတယ္” လို႕ဦးသန႔္စင္လြင္က ေျပာသည္။
တနသၤာတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ သတၱဳတြင္းဦးစီးဌာန၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ရဲ႕တာဝန္ရွိသူေတြရဲ႕အဆင့္ဆင့္စိစစ္ေနတဲ့အတြက္ေၾကာင့္ ယခုအခ်ိန္ထိခြင့္ျပဳေပးတဲ့ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္းေတြထဲမွာ ပါဝင္နိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။
ဦးသန႔္စင္လြင္က “ ကုမၸဏီ (၃) ခုေလာက္ရွိပါတယ္။ အမွန္တိုင္းေျပာရမယ္ဆိုရင္ ၿပီးခဲ့တဲ့ ဘတ္ဂ်တ္ထဲမွာေတာင္ပါနိုင္ပါတယ္။ ျမန္ျမန္ဆန္ဆန္တြက္ခ်က္ၿပီးမစဥ္းစားဘဲ ေပးလိုက္ရင္ တိုင္းျပည္အတြက္ အခက္အခဲျဖစ္မွာစိုးတဲ့အတြက္ ေသေသခ်ာခ်ာဆန္းစစ္ေနတာ ျဖစ္တဲ့အတြက္မလာေသးတာ ျဖစ္ပါတယ္” လို႕ဆိုသည္။
အဆိုပါ တနသၤာရီတိုင္း သတၱဳတူးေဖာ္ေရးလုပ္ငန္းမ်ားမွာ ရင္းႏွီးျမႇုုုဳပ္ႏွံလုပ္ကိုင္ဖို႕အတြက္ ျမန္မာတိုင္းရင္းသားပိုင္ကုမၸဏီ၊ အာရွေဒသတြင္း နိုင္ငံတစ္နိုင္ငံနဲ႔ ဥေရာပနိုင္ငံတို႕က လုပ္ကိုင္ခြင့္ေလ်ာက္ထားလ်က္ရွိေၾကာင္း သိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ အကောင်အထည်ဖော်မယ့် သတ္တုတူးဖော်ရေးလုပ်ငန်း (၃) ခုကို ရင်းနှီးမြှုပ်နှံမှုှုခွင့်ပြုရန်လုပ်ဆောင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာရဲ့ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကခွင့်ပြုဖို့စီစဉ်နေတဲ့ သတ္ထုတူးဖော်ရေးလုပ်ငန်း (၃) ခုရဲ့ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ (၁) ဘီလီယံနီးပါးအထိ ရှိတယ်လို့ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဆိုသည်။
“ သတ္တုတူးဖော်ရေးနဲ့ ပတ်သတ်တဲ့ လုပ်ငန်းမျိုးကအမှန်တိုင်းပြောရမယ်ဆိုရင် အမေရိကန်ဒေါ်လာ (၁) ဘီလီယံနီးပါးအထိရှိနေပါတယ်” လို့ဦးသန့်စင်လွင်က ပြောသည်။
တနင်္သာတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတွေရဲ့ အဆင့်ဆင့်စိစစ်နေတဲ့အတွက်ကြောင့် ယခုအချိန်ထိခွင့်ပြုပေးတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေထဲမှာ ပါဝင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ဦးသန့်စင်လွင်က “ကုမ္ပဏီ (၃) ခုလောက် ရှိပါတယ်။ အမှန်တိုင်းပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ဘတ်ဂျတ်ထဲမှာတောင်ပါနိုင်ပါတယ်။ မြန်မြန်ဆန်ဆန်တွက်ချက်ပြီးမစဉ်းစားဘဲ ပေးလိုက်ရင် တိုင်းပြည်အတွက် အခက်အခဲဖြစ်မှာစိုးတဲ့အတွက် သေသေချာချာဆန်းစစ်နေတာ ဖြစ်တဲ့အတွက်မလာသေးတာ ဖြစ်ပါတယ်” လို့ဆိုသည်။
အဆိုပါ တနင်္သာရီတိုင်း သတ္တုတူးဖော်ရေးလုပ်ငန်းများမှာ ရင်းနှီးမြှုုပ်နှံလုပ်ကိုင်ဖို့အတွက် မြန်မာတိုင်းရင်းသားပိုင်ကုမ္ပဏီ၊ အာရှဒေသတွင်း နိုင်ငံတစ်နိုင်ငံနဲ့ ဥရောပနိုင်ငံတို့က လုပ်ကိုင်ခွင့်လျောက်ထားလျက်ရှိကြောင်း သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com