ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ၾကယ္ငါးပြင့္အဆင့္ရွိ Zealax Hotel & Residence by Eskala ကိုလာမည့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔တြင္ ဖြင့္လွစ္သြားမည္ျဖစ္သည္။
အဆိုပါဟိုတယ္တြင္ ဟိုတယ္စားေသာက္ခန္း၊ ဘားႏွင့္ ကေဖး၊ spa ႏွင့္ အပန္းေျဖစရာေနရာမ်ား၊ ေရကူးကန္ ႏွင့္ ဘားေကာင္တာ၊အစည္းအေဝးခန္းမမ်ားႏွင့္ ကပြဲခန္းမမ်ားတို႔ပါရွိၿပီး ေ႐ႊတိဂုံဘုရား၊ ရန္ကုန္ျမစ္ႏွင့္ ရန္ကုန္ၿမိဳ႕ရႈခင္းတို႔ကို ျမင္ေနရသည့္ အဆင့္ျမင့္ဟိုတယ္ခန္းေပါင္း ၁၀၀ ႏွင့္ လူေနအိမ္ခန္းေပါင္း ၄၅ ခန္းတို႔ ပထမဦးစြာ ဖြင့္လွစ္သြားမည္ဟုအဆိုပါ ဟိုတယ္လုပ္ငန္းမွသိရသည္။
ဟိုတယ္လုပ္ငန္းႏွင့္ပတ္သက္သည့္ အေတြ႕အႀကဳံဗဟုသုတ ႏွစ္ေပါင္း ၃၀ ေက်ာ္ရွိေသာ Mr.Julian Gomez, Director of Operations မွ ဟိုတယ္ကို ဦးေဆာင္ စီမံခန႔္ကြပ္ကဲသြားမည္ျဖစ္ပါသည္။
Zealax Hotel & Residence by Eskala သည္ တန္ဖိုးသင့္ဇိမ္ခံဟိုတယ္ႀကီးျဖစ္ၿပီး ၿမိဳ႕ျပဟိုတယ္ေလာကသို႔ ဝင္ေရာက္လာသည့္ Eskala ၏ ေျခလွမ္းသစ္ျဖစ္ေၾကာင္း ဟိုတယ္မွတာဝန္ရွိပုဂၢိဳလ္မ်ားမွ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၀ ရက္ေန႔ ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းဘဲတန္းၿမိဳ႕နယ္ရွိ Junction City Shopping Centre ၏ Level-2 Promotion Area တြင္က်င္းပျပဳလုပ္ခဲ့ေသာ စာနယ္ဇင္း မိတ္ဆက္အခမ္းအနားတြင္ ေျပာၾကားခဲ့ပါသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ကြယ်ငါးပွင့်အဆင့်ရှိ Zealax Hotel & Residence by Eskala ကိုလာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါဟိုတယ်တွင် ဟိုတယ်စားသောက်ခန်း၊ ဘားနှင့် ကဖေး၊ spa နှင့် အပန်းဖြေစရာနေရာများ၊ ရေကူးကန် နှင့် ဘားကောင်တာ၊အစည်းအဝေးခန်းမများနှင့် ကပွဲခန်းမများတို့ပါရှိပြီး ရွှေတိဂုံဘုရား၊ ရန်ကုန်မြစ်နှင့် ရန်ကုန်မြို့ရှုခင်းတို့ကို မြင်နေရသည့် အဆင့်မြင့်ဟိုတယ်ခန်းပေါင်း ၁၀၀ နှင့် လူနေအိမ်ခန်းပေါင်း ၄၅ ခန်းတို့ ပထမဦးစွာ ဖွင့်လှစ်သွားမည်ဟုအဆိုပါ ဟိုတယ်လုပ်ငန်းမှသိရသည်။
ဟိုတယ်လုပ်ငန်းနှင့်ပတ်သက်သည့် အတွေ့အကြုံဗဟုသုတ နှစ်ပေါင်း ၃၀ ကျော်ရှိသော Mr.Julian Gomez, Director of Operations မှ ဟိုတယ်ကို ဦးဆောင် စီမံခန့်ကွပ်ကဲသွားမည်ဖြစ်ပါသည်။
Zealax Hotel & Residence by Eskala သည် တန်ဖိုးသင့်ဇိမ်ခံဟိုတယ်ကြီးဖြစ်ပြီး မြို့ပြဟိုတယ်လောကသို့ ဝင်ရောက်လာသည့် Eskala ၏ ခြေလှမ်းသစ်ဖြစ်ကြောင်း ဟိုတယ်မှတာဝန်ရှိပုဂ္ဂိုလ်များမှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ရှိ Junction City Shopping Centre ၏ Level-2 Promotion Area တွင်ကျင်းပပြုလုပ်ခဲ့သော စာနယ်ဇင်း မိတ်ဆက်အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com