ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ၂ဝ၁၉-၂ဝ ဘ႑ာႏွစ္အတြက္ အိမ္၊ ၿခံ၊ ေျမေရာင္းဝယ္မႈလုပ္ငန္းတြင္ အခြန္စည္းၾကပ္ရန္ ရာျပတ္ႏႈန္းထားအသစ္ကို ထုတ္ျပန္ခဲ့ၿပီး ၿမိဳ႕တြင္းအိမ္၊ ၿခံ၊ ေျမေစ်းႏႈန္း တစ္ဧကလွ်င္ က်ပ္ ၁၈ ဘီလီယံ အထိသတ္မွတ္ထားျပီး ယခင္ထက္ ၈ ဘီလီယံ၀န္းက်င္အထိ ေစ်းနွဳန္းတိုးျမွင့္ထားေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွသိရသည္။
“ လက္ရွိမႏၱေလး အိမ္၊ ၿခံ၊ ေျမ ေစ်းကြက္က အထက္ပုိင္းနဲ႔နီးတဲ့ေနရာေတြကေတာ့ အရင္ကထက္ေစ်းတက္တယ္၊ အခြန္နွဳန္းထား ျပင္လိုက္တယ္ဆိုတာေကာင္းေပမဲ့ အခုစည္းၾကပ္ခြန္ေလ်ာ့လိုက္တာေတာင္ အေရာင္းအ၀ယ္ကဒီဘက္ေတြမွာသိပ္မေကာင္းဘူး၊ ထင္သလိုျဖစ္မလာဘူး”ဟု ျမန္မာနိုင္ငံအိမ္၊ ၿခံ၊ ေျမ လုပ္ငန္းဖြံျဖိဳးတိုးတက္ေရးအသင္း (ဗဟို) ဥကၠဌ ဦးတင္ေမာင္ကေျပာၾကားသည္။
အိမ္၊ ၿခံ၊ ေျမ ေရာင္းဝယ္မွဳ အခြန္ေဆာင္ရာတြင္က်င့္သုံးရန္ ဧရိယာအလိုက္ သတ္မွတ္ထားေသာ အခြန္စည္းၾကပ္ရန္ႏႈန္းထားမ်ားကို ထုတ္ျပန္လိုက္ျခင္းျဖစ္ျပီး ယခင္ဘ႑ာႏွစ္၏ အျမင့္ဆုံးႏႈန္းထားအျဖစ္ တစ္ဧကလွ်င္ က်ပ္ ၁၀ ဘီလီယံ ေက်ာ္သာရွိခဲ့ရာမွ ယခုႏႈန္းထားသစ္အရ က်ပ္ ၁၈ ဘီလီယံ ေက်ာ္အထိ သတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါနွဳန္းထားအသစ္ ထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါ အျမင့္ဆုံးေစ်းႏႈန္းအျဖစ္ မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံ အေနာက္ရပ္ကြက္ ၈၄ လမ္းေပၚ (၂၈ လမ္းႏွင့္ ၃၅ လမ္းၾကားအထိ) သတ္မွတ္လိုက္ျခင္းျဖစ္ၿပီး တစ္ဧကလွ်င္ က်ပ္ ၁၇ ဘီလီယံေက်ာ္မွ မွ က်ပ္ ၁၈ ဘီလီယံေက်ာ္အထိ သတ္မွတ္ထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ဒုတိယေစ်းႏႈန္းအျမင့္ဆုံးအျဖစ္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ပတ္ကုန္းဝန္းက်င္ရပ္ကြက္ အတြင္း ၇၃ လမ္းေပၚ (၂၆ လမ္းႏွင့္ လမ္း ၃ဝ ၾကား) ကို တစ္ဧကလွ်င္ က်ပ္ ၁၅ ဘီလီယံ ေက်ာ္မွ က်ပ္ ၁၆ ဘီလီယံ ေက်ာ္အထိ သတ္မွတ္ထားျပီး စိတၱရမဟီရပ္ကြက္အတြင္း ၂၆ လမ္းတြင္ တစ္ဧကလွ်င္ က်ပ္ ၁၅ ဘီလီယံ ေက်ာ္မွ က်ပ္ ၁၆ဘီလီယံ ေက်ာ္အထိ သတ္မွတ္ထားေၾကာင္း ယင္းထုတ္ျပန္ခ်က္အရသိရသည္။
မႏၲေလးၿမိဳ႕သစ္ဧရိယာမ်ားတြင္လည္း ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၿမိဳ႕သစ္ ၁ ရပ္ကြက္အတြင္း ၆၂ လမ္းမေပၚတြင္ တစ္ဧကလွ်င္ က်ပ္ ၁၂ ဘီလီယံ ေက်ာ္မွ ၁၃ ဘီလီယံနီးပါးအထိ၊ ၆၂ လမ္းမေပၚ (ငုေ႐ႊဝါလမ္းႏွင့္ မေနာ္ဟရီလမ္းၾကား) တြင္ တစ္ဧကလွ်င္ က်ပ္ ၉ ဘီလီယံေက်ာ္မွ က်ပ္ ၁ဝ ဘီလီယံ ေက်ာ္အထိ သတ္မွတ္ထားေၾကာင္း အဆိုပါထုတ္ျပန္ခ်က္အရသိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂ဝ၁၉-၂ဝ ဘဏ္ဍာနှစ်အတွက် အိမ်၊ ခြံ၊ မြေရောင်းဝယ်မှုလုပ်ငန်းတွင် အခွန်စည်းကြပ်ရန် ရာပြတ်နှုန်းထားအသစ်ကို ထုတ်ပြန်ခဲ့ပြီး မြို့တွင်းအိမ်၊ ခြံ၊ မြေဈေးနှုန်း တစ်ဧကလျှင် ကျပ် ၁၈ ဘီလီယံ အထိသတ်မှတ်ထားပြီး ယခင်ထက် ၈ ဘီလီယံဝန်းကျင်အထိ ဈေးနှုန်းတိုးမြှင့်ထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှသိရသည်။
“ လက်ရှိမန္တလေးအိမ်၊ ခြံ၊ မြေ ဈေးကွက်က အထက်ပိုင်းနဲ့နီးတဲ့နေရာတွေကတော့ အရင်ကထက်ဈေးတက်တယ်၊ အခွန်နှုန်းထား ပြင်လိုက်တယ်ဆိုတာကောင်းပေမဲ့ အခုစည်းကြပ်ခွန်လျော့လိုက်တာတောင် အရောင်းအဝယ်ကဒီဘက်တွေမှာသိပ်မကောင်းဘူး၊ ထင်သလိုဖြစ်မလာဘူး”ဟု မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေ လုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်မောင်ကပြောကြားသည်။
အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှု အခွန်ဆောင်ရာတွင်ကျင့်သုံးရန် ဧရိယာအလိုက် သတ်မှတ်ထားသော အခွန်စည်းကြပ်ရန်နှုန်းထားများကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်၏ အမြင့်ဆုံးနှုန်းထားအဖြစ် တစ်ဧကလျှင် ကျပ် ၁၀ ဘီလီယံ ကျော်သာရှိခဲ့ရာမှ ယခုနှုန်းထားသစ်အရ ကျပ် ၁၈ ဘီလီယံ ကျော်အထိ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါနှုန်းထားအသစ် ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ အမြင့်ဆုံးဈေးနှုန်းအဖြစ် မန္တလေးမြို့ ချမ်းအေးသာစံ အနောက်ရပ်ကွက် ၈၄ လမ်းပေါ် (၂၈ လမ်းနှင့် ၃၅ လမ်းကြားအထိ) သတ်မှတ်လိုက်ခြင်းဖြစ်ပြီး တစ်ဧကလျှင် ကျပ် ၁၇ ဘီလီယံကျော်မှ မှ ကျပ် ၁၈ ဘီလီယံကျော်အထိ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဒုတိယဈေးနှုန်းအမြင့်ဆုံးအဖြစ် ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက် အတွင်း ၇၃ လမ်းပေါ် (၂၆ လမ်းနှင့် လမ်း ၃ဝ ကြား) ကို တစ်ဧကလျှင် ကျပ် ၁၅ ဘီလီယံ ကျော်မှ ကျပ် ၁၆ ဘီလီယံ ကျော်အထိ သတ်မှတ်ထားပြီး စိတ္တရမဟီရပ်ကွက်အတွင်း ၂၆ လမ်းတွင် တစ်ဧကလျှင် ကျပ် ၁၅ ဘီလီယံ ကျော်မှ ကျပ် ၁၆ဘီလီယံ ကျော်အထိ သတ်မှတ်ထားကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။
မန္တလေးမြို့သစ်ဧရိယာများတွင်လည်း ချမ်းမြသာစည်မြို့နယ် မြို့သစ် ၁ ရပ်ကွက်အတွင်း ၆၂ လမ်းမပေါ်တွင် တစ်ဧကလျှင် ကျပ် ၁၂ ဘီလီယံ ကျော်မှ ၁၃ ဘီလီယံနီးပါးအထိ၊ ၆၂ လမ်းမပေါ် (ငုရွှေဝါလမ်းနှင့် မနော်ဟရီလမ်းကြား) တွင် တစ်ဧကလျှင် ကျပ် ၉ ဘီလီယံကျော်မှ ကျပ် ၁ဝ ဘီလီယံ ကျော်အထိ သတ်မှတ်ထားကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com