ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
အသစ္ေရးဆြဲေနသည့္ တိုက္ခန္းအိမ္ရာဥပေဒအရ ရန္ကုန္ၿမိဳ႕ရွိတိုက္ခန္းမ်ား ဝယ္ယူေနထိုင္သူမ်ားသည္ အာမခံခ်က္ရွိသည့္ တရားဝင္ပိုင္ဆိုင္မႈမ်ား ပါဝင္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥေဒၾကမ္းေကာ္မတီမွသိရသည္။
အဆိုပါတိုက္ခန္းအိမ္ရာ ဥပေဒၾကမ္းကို ဂ်ပန္ကၽြမ္းက်င္ပညာရွင္မ်ား ျဖင့္ေရးဆြဲထားၿပီး ဥပေဒမူၾကမ္းႏွင့္ စပ္လ်ဥ္းသည့္ ေတြ႕ဆုံေဆြးေႏြးပြဲကိုလည္း ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္႐ုံး၌ျပဳလုပ္ခဲ့ၿပီး အဆိုပါဥပေဒၾကမ္းတြင္ တိုက္ခန္းဝယ္ယူသူမ်ားအတြက္လိုအပ္သည့္ အိမ္ရာပိုင္ဆိုင္မႈခိုင္မာေရး၊ တိုက္ခန္းမ်ားတရားဝင္ အေပါင္၊ အေရာင္းျပဳလုပ္ႏိုင္မႈႏွင့္ မူလေျမပိုင္ရွင္ႏွင့္တိုက္ခန္းဝယ္ယူသူအၾကား နားလည္မႈ၊ ပိုင္ဆိုင္မႈမ်ား ကိုထည့္သြင္းေရးဆြဲထားေၾကာင္း အဆိုပါေကာ္မတီမွသိရသည္။
'' ဒီဥပေဒထြက္လာရင္တရားဝင္တိုက္ခန္းပိုင္ဆိုင္မႈရမယ္။ အစိုးရက အခြန္ရမယ္၊ ဒီဥပေဒက ဂ်ပန္က ကၽြမ္းက်င္ပညာရွင္ေတြနဲ႔ ဆြဲထားတာ။
ဒီဥပေဒကတျခားဥပေဒမူၾကမ္းေရးဆြဲတာေတြနဲ႔ မတူဘူး။ Law Firm တစ္ခုကိုငွားၿပီးေတာ့ ဆြဲထားတာ'' ဟု အဆိုပါေကာ္မတီမွတာဝန္ရွိသူတစ္ဦးက ေျပာသည္။
လက္ရွိအေျခအေနအရ ေျမပိုင္ရွင္အတြက္ ပိုင္ဆိုင္မႈအာမခံခ်က္ရွိေနေသာ္လည္း တိုက္ခန္းဝယ္ယူေနထိုင္သူမ်ားအတြက္ ပိုင္ဆိုင္မႈအာမခံခ်က္မရွိေသးသည့္ အေျခအေနျဖစ္ၿပီး လက္ရွိေရးဆြဲေနေသာ တိုက္ခန္းအိမ္ရာ ဥပေဒမွာ တိုက္ခန္းဝယ္ယူသူမ်ားအတြက္ အာမခံခ်က္မ်ားရရွိေစေရးအတြက္ ေရးဆြဲေနျခင္းျဖစ္ေၾကာင္း ယင္းေကာ္မတီမွသိရသည္။
အဆိုပါဥပေဒကို ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္မွစတင္ေရးစြဲလ်က္ရွိၿပီး ေဆာက္လုပ္ေရးဝန္ႀကီးွဌာန၊ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား မွပူးေပါင္းေဆာင္႐ြက္ခဲ့ၿပီး ဥေပေဒအျမန္ဆုံးထြက္ရွိေရးအတြက္ ႏိုင္ငံတကာအကူအညီမ်ားရယူလ်က္ရွိေၾကာင္း ၎ေကာ္မတီထံမွသိရသည္။
အဆိုပါဥေပေဒတြင္ ကြန္ဒိုမီနီယံဥေပေဒႏွင့္ မကိုက္ညီသည့္ တိုက္ခန္းမ်ားအားလုံး အက်ိဳးသက္ေရာက္ႏိုင္မည္ ျဖစ္ၿပီး လက္ရွိျမန္မာႏိုင္ငံတြင္ ၁၉၉၂ ခုႏွစ္မွစတင္၍ အထပ္ျမင့္တိုက္မ်ားကိုစတင္ေဆာက္လုပ္ခဲ့ၿပီး လက္ရွိတြင္ ရန္ကုန္ၿမိဳ႕တြင္ တိုက္ခန္းေဆာက္လုပ္မႈသည္ စုစုေပါင္းအိမ္ရာအေရအတြက္၏ ၄၀ ရာခိုင္ႏႈန္းခန္႔အထိရွိသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
အသစ်ရေးဆွဲနေသည့် တိုက်ခန်းအိမ်ရာဥပဒေအရ ရန်ကုန်မြို့ရှိတိုက်ခန်းများ ဝယ်ယူနေထိုင်သူများသည် အာမခံချက်ရှိသည့် တရားဝင်ပိုင်ဆိုင်မှုများ ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥဒေကြမ်းကော်မတီမှသိရသည်။
အဆိုပါတိုက်ခန်းအိမ်ရာ ဥပဒေကြမ်းကို ဂျပန်ကျွမ်းကျင်ပညာရှင်များ ဖြင့်ရေးဆွဲထားပြီး ဥပဒေမူကြမ်းနှင့် စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲကိုလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ပြုလုပ်ခဲ့ပြီး အဆိုပါဥပဒေကြမ်းတွင် တိုက်ခန်းဝယ်ယူသူများအတွက်လိုအပ်သည့် အိမ်ရာပိုင်ဆိုင်မှုခိုင်မာရေး၊ တိုက်ခန်းများတရားဝင် အပေါင်၊ အရောင်းပြုလုပ်နိုင်မှုနှင့် မူလမြေပိုင်ရှင်နှင့်တိုက်ခန်းဝယ်ယူသူအကြား နားလည်မှု၊ ပိုင်ဆိုင်မှုများ ကိုထည့်သွင်းရေးဆွဲထားကြောင်း အဆိုပါကော်မတီမှသိရသည်။
'' ဒီဥပဒေထွက်လာရင်တရားဝင်တိုက်ခန်းပိုင်ဆိုင်မှုရမယ်။ အစိုးရက အခွန်ရမယ်၊ ဒီဥပဒေက ဂျပန်က ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွဲထားတာ။
ဒီဥပဒေကတခြားဥပဒေမူကြမ်းရေးဆွဲတာတွေနဲ့ မတူဘူး။ Law Firm တစ်ခုကိုငှားပြီးတော့ ဆွဲထားတာ'' ဟု အဆိုပါကော်မတီမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအခြေအနေအရ မြေပိုင်ရှင်အတွက် ပိုင်ဆိုင်မှုအာမခံချက်ရှိနေသော်လည်း တိုက်ခန်းဝယ်ယူနေထိုင်သူများအတွက် ပိုင်ဆိုင်မှုအာမခံချက်မရှိသေးသည့် အခြေအနေဖြစ်ပြီး လက်ရှိရေးဆွဲနေသော တိုက်ခန်းအိမ်ရာ ဥပဒေမှာ တိုက်ခန်းဝယ်ယူသူများအတွက် အာမခံချက်များရရှိစေရေးအတွက် ရေးဆွဲနေခြင်းဖြစ်ကြောင်း ယင်းကော်မတီမှသိရသည်။
အဆိုပါဥပဒေကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစတင်ရေးစွဲလျက်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးှဌာန၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ မှပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဥပေဒေအမြန်ဆုံးထွက်ရှိရေးအတွက် နိုင်ငံတကာအကူအညီများရယူလျက်ရှိကြောင်း ၎င်းကော်မတီထံမှသိရသည်။
အဆိုပါဥပေဒေတွင် ကွန်ဒိုမီနီယံဥပေဒေနှင့် မကိုက်ညီသည့် တိုက်ခန်းများအားလုံး အကျိုးသက်ရောက်နိုင်မည် ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ်မှစတင်၍ အထပ်မြင့်တိုက်များကိုစတင်ဆောက်လုပ်ခဲ့ပြီး လက်ရှိတွင် ရန်ကုန်မြို့တွင် တိုက်ခန်းဆောက်လုပ်မှုသည် စုစုပေါင်းအိမ်ရာအရေအတွက်၏ ၄၀ ရာခိုင်နှုန်းခန့်အထိရှိသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com