ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံသူ သန္းၾကြယ္သူေဌး ဂ်ိဳနသန္ ဘေရာင္းလီသည္ အသက္ ၂၁ ႏွစ္အရြယ္တြင္ပင္ ေနအိမ္ ၁၁ လံုး ပိုင္ဆိုင္ထားျပီးျဖစ္ကာ မည္သည့္အလုပ္မွ် မလုပ္ရဘဲ တစ္ႏွစ္လွ်င္ ကန္ေဒၚလာ ၆၀၀၀၀ ဝင္ေငြရေနသူတစ္ဦး ျဖစ္သည္။
သူ၏ အိမ္ျခံေျမ ၁၁ ခုမွာ ေဒၚလာ ၃ သန္းေက်ာ္ တန္ေၾကးရွိျပီး နယူးဇီလန္ႏိုင္ငံတစ္ဝန္းတြင္ ျဖန္႔က်က္တည္ရွိရာ ေအာ့က္လင္းမွသည္ ႏိုင္ငံေတာင္ဘက္ အင္ဗာကာဂယ္လ္အထိ ျဖစ္သည္။
ေက်ာင္းသားဘဝကတည္းကပင္ တရုတ္ျပည္၏ ထိပ္သီး အြန္လိုင္းေရာင္းဝယ္ေရးဝက္ဘ္ဆိုက္ၾကီးျဖစ္ေသာ Alibaba မွ ကုန္ပစၥည္းမ်ား ရွာေဖြတင္သြင္းကာ TradeMe ဝက္ဘ္ဆိုက္မွတဆင့္ ျပန္လည္ေရာင္းခ်ျခင္းျဖင့္ ဝင္ေငြမ်ား ရရွိေနခဲ့သည္။
တကၠသိုလ္ေက်ာင္းသားဘဝ၊ အသက္ ၁၈ ႏွစ္အရြယ္တြင္ တကၠသိုလ္သို႔ လာေရာက္ေဟာေျပာသည့္ပုဂၢိဳလ္တစ္ဦးက ေငြေခ်းကာ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ျပီး အျမတ္အစြန္းက အတိုးႏႈန္းထက္ သာလြန္ေအာင္ျပဳလုပ္ကာ အျမတ္အစြန္းရွာေဖြသည့္ leverage အေတြးအေခၚကို ဘေရာင္းလီ စြဲျမဲစြာ မွတ္မိခံယူက်င့္သံုးခဲ့သည္။
“သူေျပာတာက ကၽြန္ေတာ့္အတြက္ အသစ္အဆန္းျဖစ္ေနျပီး ကၽြန္ေတာ့္အတြက္ အသိဥာဏ္ပြင့္လင္းသြားတဲ့ အခိုက္အတန္႔ေလးတစ္ခုပါပဲ”
“အိမ္ျခံေျမနယ္မွာ snowball effect သေဘာမ်ဳိးရွိတာ ကၽြန္ေတာ္သံုးသပ္မိတယ္။ ဒီနယ္ထဲကို ေစာစာဝင္ျပီး ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ေလေလ၊ ေရရွည္အတြက္ ပိုေကာင္းေလေလပါပဲ”ဟု ဘေရာင္းလီက ဆိုသည္။
ဘေရာင္းလီ၏ ဇာတိျမိဳ႕ ေအာ့က္လန္းသည္ အိမ္ျခံေျမေစ်းႏႈန္းျမင့္မားမႈျဖင့္ နာမည္ေက်ာ္သည့္ေနရာျဖစ္ရာ ဘေရာင္းလီက အျခားေဒသမ်ား လိုက္လံရွာေဖြခဲ့ျပီး ေနာက္ဆံုးတြင္ Hamilton ၌ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ခဲ့သည္။
ယင္းေနာက္ ဘေရာင္းလီက စုေဆာင္းထားေငြအားလံုးကို ေနအိမ္တစ္လံုး စတင္ဝယ္ယူရန္ လက္ငင္းေပးေခ် မိဘမ်ား၏ ေထာက္ခံခ်က္ျဖင့္ အိမ္ျခံေျမေခ်းေငြရယူကာ ေနအိမ္တစ္လံုး ဝယ္ယူလိုက္သည္။
၆ လခန္႔ၾကာေသာအခါ ဘေရာင္းလီဝယ္ယူခဲ့ေသာ ေနအိမ္ကို ျပန္လည္တန္ဖိုးျဖတ္တြက္ျခင္းခံရျပီး ဝယ္ယူကစဥ္ထက္ မ်ားစြာ ျမတ္စြန္းေနခဲ့သည္။
ဘေရာင္းလီက အဆိုပါေနအိမ္ျဖင့္ ေခ်းေငြတစ္ခု ထပ္မံရယူကာ ဒုတိယေနအိမ္တစ္လံုး ဝယ္ယူရင္းႏွီးျမွဳပ္ႏွံခဲ့ျပန္သည္။
အသက္ ၂၀ အရြယ္သို႔ေရာက္ေသာအခါ ဘေရာင္းလီမွာ ေနအိမ္ ၅ လံုး ပိုင္ဆိုင္ေနျပီ ျဖစ္သည္။
လက္ရွိအားျဖင့္ ဘေရာင္းလီက ေနအိမ္တစ္လံုးကို ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ေနျပီး မြမ္းမံမႈမ်ား ျပီးစီးပါက သူ၏အိမ္ျခံေျမမ်ားမွ တစ္ႏွစ္လွ်င္ ဝင္ေငြ ကန္ေဒၚလာ ၆၀၀၀၀ ရရွိမည္ဟု ဘေရာင္းလီက ခန္႔မွန္းထားသည္။
ဘေရာင္းလီက သူ၏ ေအာင္ျမင္မႈမွာ အလုပ္ၾကိဳးစားျခင္း၊ အာရံုစူးစိုက္မႈရွိျခင္းႏွင့္ သုေတသန ျပဳလုပ္ျခင္းတို႔ေၾကာင့္ျဖစ္ေၾကာင္း ေျပာၾကားသည္။
ဘေရာင္းလီသည္ အိမ္ျခံေျမမ်ား ဝယ္ယူျပီး ျပန္လည္မြမ္းမံမႈမ်ားျပဳလုပ္ရာတြင္ ကိုယ္တိုင္ၾကီးၾကပ္ေလ့ရွိျပီး မြမ္းမံမႈမ်ား ျပဳလုပ္ေနသည့္ ေနရာတြင္ အနီးကပ္ေနထိုင္ကြပ္ကဲေလ့ရွိသည္။
အိမ္ျခံေျမေလာကႏွင့္ ပတ္သက္သည့္ စာအုပ္စာတမ္းမ်ားကို ရႏိုင္သမွ် ဖတ္ရႈသည့္အျပင္ အိမ္ျခံေျမအက်ဳိးေဆာင္ ရာေပါင္းမ်ားစြာႏွင့္ ဆက္သြယ္မႈမ်ားရွိသည္။
မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ သန်းကြွယ်သူဌေး ဂျိုနသန် ဘရောင်းလီသည် အသက် ၂၁ နှစ်အရွယ်တွင်ပင် နေအိမ် ၁၁ လုံး ပိုင်ဆိုင်ထားပြီးဖြစ်ကာ မည်သည့်အလုပ်မျှ မလုပ်ရဘဲ တစ်နှစ်လျှင် ကန်ဒေါ်လာ ၆၀၀၀၀ ဝင်ငွေရနေသူတစ်ဦး ဖြစ်သည်။
သူ၏ အိမ်ခြံမြေ ၁၁ ခုမှာ ဒေါ်လာ ၃ သန်းကျော် တန်ကြေးရှိပြီး နယူးဇီလန်နိုင်ငံတစ်ဝန်းတွင် ဖြန့်ကျက် တည်ရှိရာ အော့က်လင်းမှသည် နိုင်ငံတောင်ဘက် အင်ဗာကာဂယ်လ်အထိ ဖြစ်သည်။
ကျောင်းသားဘဝကတည်းကပင် တရုတ်ပြည်၏ ထိပ်သီး အွန်လိုင်းရောင်းဝယ်ရေးဝက်ဘ်ဆိုက်ကြီးဖြစ်သော Alibaba မှ ကုန်ပစ္စည်းများ ရှာဖွေတင်သွင်းကာ TradeMe ဝက်ဘ်ဆိုက်မှတဆင့် ပြန်လည်ရောင်းချခြင်းဖြင့် ဝင်ငွေများ ရရှိနေခဲ့သည်။
တက္ကသိုလ်ကျောင်းသားဘဝ၊ အသက် ၁၈ နှစ်အရွယ်တွင် တက္ကသိုလ်သို့ လာရောက်ဟောပြောသည့်ပုဂ္ဂိုလ်တစ်ဦးက ငွေချေးကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပြီး အမြတ်အစွန်းက အတိုးနှုန်းထက် သာလွန်အောင်ပြုလုပ်ကာ အမြတ်အစွန်းရှာဖွေသည့် leverage အတွေးအခေါ်ကို ဘရောင်းလီ စွဲမြဲစွာ မှတ်မိခံယူကျင့်သုံးခဲ့သည်။
“သူပြောတာက ကျွန်တော့်အတွက် အသစ်အဆန်းဖြစ်နေပြီး ကျွန်တော့်အတွက် အသိဉာဏ်ပွင့်လင်းသွားတဲ့ အခိုက်အတန့်လေးတစ်ခုပါပဲ” “အိမ်ခြံမြေနယ်မှာ snowball effect သဘောမျိုးရှိတာ ကျွန်တော်သုံးသပ်မိတယ်။ ဒီနယ်ထဲကို စောစာဝင်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်လေလေ၊ ရေရှည်အတွက် ပိုကောင်းလေလေပါပဲ”ဟု ဘရောင်းလီက ဆိုသည်။
ဘရောင်းလီ၏ ဇာတိမြို့ အော့က်လန်းသည် အိမ်ခြံမြေဈေးနှုန်းမြင့်မားမှုဖြင့် နာမည်ကျော်သည့်နေရာဖြစ်ရာ ဘရောင်းလီက အခြားဒေသများ လိုက်လံရှာဖွေခဲ့ပြီး နောက်ဆုံးတွင် Hamilton ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။
ယင်းနောက် ဘရောင်းလီက စုဆောင်းထားငွေအားလုံးကို နေအိမ်တစ်လုံး စတင်ဝယ်ယူရန် လက်ငင်းပေးချေ မိဘများ၏ ထောက်ခံချက်ဖြင့် အိမ်ခြံမြေချေးငွေရယူကာ နေအိမ်တစ်လုံး ဝယ်ယူလိုက်သည်။
၆ လခန့်ကြာသောအခါ ဘရောင်းလီဝယ်ယူခဲ့သော နေအိမ်ကို ပြန်လည်တန်ဖိုးဖြတ်တွက်ခြင်းခံရပြီး ဝယ်ယူကစဉ်ထက် များစွာ မြတ်စွန်းနေခဲ့သည်။
ဘရောင်းလီက အဆိုပါနေအိမ်ဖြင့် ချေးငွေတစ်ခု ထပ်မံရယူကာ ဒုတိယနေအိမ်တစ်လုံး ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့ပြန်သည်။
အသက် ၂၀ အရွယ်သို့ရောက်သောအခါ ဘရောင်းလီမှာ နေအိမ် ၅ လုံး ပိုင်ဆိုင်နေပြီ ဖြစ်သည်။
လက်ရှိအားဖြင့် ဘရောင်းလီက နေအိမ်တစ်လုံးကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေပြီး မွမ်းမံမှုများ ပြီးစီးပါက သူ၏အိမ်ခြံမြေများမှ တစ်နှစ်လျှင် ဝင်ငွေ ကန်ဒေါ်လာ ၆၀၀၀၀ ရရှိမည်ဟု ဘရောင်းလီက ခန့်မှန်းထားသည်။
ဘရောင်းလီက သူ၏ အောင်မြင်မှုမှာ အလုပ်ကြိုးစားခြင်း၊ အာရုံစူးစိုက်မှုရှိခြင်းနှင့် သုတေသန ပြုလုပ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြောကြားသည်။
ဘရောင်းလီသည် အိမ်ခြံမြေများ ဝယ်ယူပြီး ပြန်လည်မွမ်းမံမှုများပြုလုပ်ရာတွင် ကိုယ်တိုင်ကြီးကြပ်လေ့ရှိပြီး မွမ်းမံမှုများ ပြုလုပ်နေသည့် နေရာတွင် အနီးကပ်နေထိုင်ကွပ်ကဲလေ့ရှိသည်။
အိမ်ခြံမြေလောကနှင့် ပတ်သက်သည့် စာအုပ်စာတမ်းများကို ရနိုင်သမျှ ဖတ်ရှုသည့်အပြင် အိမ်ခြံမြေအကျိုးဆောင် ရာပေါင်းများစွာနှင့် ဆက်သွယ်မှုများရှိသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)