ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဆက္သြယ္ေရးႀကိဳးမ်ားႏွင့္ အတူတရားမဝင္သြယ္တန္းထားသည့္ ဖိုက္ဘာႀကိဳးမ်ားကို ျဖဳတ္ခ်ရွင္းလင္းသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာဌာန (လမ္းႏွင့္တံတား) ဌာနမွ သိရသည္။
“ တရားမဝင္သြယ္တန္းထားတဲ့ ဖိုက္ဘာႀကိဳးေတြကို တရားဝင္လိုင္စင္လုပ္ထားတဲ့ ကုမၸဏီေတြနဲ႔အတူလိုက္စစ္တယ္ အဲ့ဒီေနရာမွာ ပိုင္ရွင္မေပၚတဲ့ ႀကိဳးေတြကိုတစ္ခါတည္းျဖဳတ္ခ်တယ္”ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာဌာန(လမ္းႏွင့္တံတား) မွ ဌာနမႈးဦးလင္းခိုင္ကေျပာၾကားသည္။
လက္ရွိ ေျမျပင္စစ္ေဆးမႈမ်ားကို ေဆာင္႐ြက္လ်က္ရွိၿပီး လမ္းအလိုက္စစ္ေဆးလ်က္ရွိရာ ျပည္လမ္းတစ္ေလၽွာက္၊ အလုံလမ္းႏွင့္ Down Town ၿမိဳ႕နယ္မ်ားရွိ လမ္းမ်ားတြင္ ေဆာင္႐ြက္ၿပီးစီးေနၿပီျဖစ္ၿပီး အဆိုပါေကဘယ္မ်ားကို ခ႐ိုင္အလိုက္ အပိုင္း ၆ ပိုင္ခြဲ၍ လုပ္ကိုင္ခြင့္မ်ားေဆာင္႐ြက္ကာတင္ဒါေအာင္ျမင္သည့္ကုမၸဏီမွ ဆက္လက္စစ္ေဆး သြားမည္ျဖစ္ေၾကာင္း ၿမိဳ႕ေတာ္စည္ပင္မွသိရသည္။
တင္ဒါေအာင္ျမင္သည့္ကုမၸဏီအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီးႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုမည္ျဖစ္ၿပီး လိုအပ္သည့္အေရးယူေဆာင္႐ြက္မႈမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီမွေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ယင္းဌာနမွသိရသည္။
လက္ရွိရန္ကုန္ၿမိဳ႕တြင္ တရားဝင္အင္တာနက္ဖိုက္ဘာလိုင္းေျပးဆြဲခြင့္ ကုမၸဏီ ၂၃ ခုကို စည္ပင္မွသတ္မွတ္ လမ္းအသုံးျပဳခမ်ားျဖင့္ ေဆာင္႐ြက္ခြင့္ျပဳထားၿပီး ရန္ကုန္တိုင္းေဒသႀကီးတစ္ခုလုံးတြင္ အဆိုပါေကဘယ္လုပ္ကိုင္ခြင့္အတြက္ ခ႐ိုင္အလိုက္ေကဘယ္ EOI မ်ားေခၚယူရာတြင္ ကုမၸဏီ ၃၆ ခု လာေရာက္ေလၽွာက္ထားေၾကာင္း လမ္းႏွင့္တံတား ဌာနမွသိရသည္။
အဆိုပါေကဘယ္လိုင္းမ်ား ျဖတ္သိမ္းမႈကို ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ေၾကညာထားၿပီးျဖစ္ၿပီး ေနာက္ပိုင္းတြင္ အိမ္ေခါင္မိုးေပၚမ်ားတြင္ တပ္ဆင္ထားသည့္ တာဝါတိုင္မ်ားလည္း လမ္းေဘးေနရာမ်ားတြင္ ေျပာင္းေ႐ြ႕လုပ္ကိုင္ရန္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွသိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများနှင့် အတူတရားမဝင်သွယ်တန်းထားသည့် ဖိုက်ဘာကြိုးများကို ဖြုတ်ချရှင်းလင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ဌာနမှ သိရသည်။
“ တရားမဝင်သွယ်တန်းထားတဲ့ ဖိုက်ဘာကြိုးတွေကို တရားဝင်လိုင်စင်လုပ်ထားတဲ့ ကုမ္ပဏီတွေနဲ့အတူလိုက်စစ်တယ် အဲ့ဒီနေရာမှာ ပိုင်ရှင်မပေါ်တဲ့ ကြိုးတွေကိုတစ်ခါတည်းဖြုတ်ချတယ်”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) မှ ဌာနမှုးဦးလင်းခိုင်ကပြောကြားသည်။
လက်ရှိ မြေပြင်စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီး လမ်းအလိုက်စစ်ဆေးလျက်ရှိရာ ပြည်လမ်းတစ်လျှောက်၊ အလုံလမ်းနှင့် Down Town မြို့နယ်များရှိ လမ်းများတွင် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး အဆိုပါကေဘယ်များကို ခရိုင်အလိုက် အပိုင်း ၆ ပိုင်ခွဲ၍ လုပ်ကိုင်ခွင့်များဆောင်ရွက်ကာတင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်မှသိရသည်။
တင်ဒါအောင်မြင်သည့်ကုမ္ပဏီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့်စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး လိုအပ်သည့်အရေးယူဆောင်ရွက်မှုများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဌာနမှသိရသည်။
လက်ရှိရန်ကုန်မြို့တွင် တရားဝင်အင်တာနက်ဖိုက်ဘာလိုင်းပြေးဆွဲခွင့် ကုမ္ပဏီ ၂၃ ခုကို စည်ပင်မှသတ်မှတ် လမ်းအသုံးပြုခများဖြင့် ဆောင်ရွက်ခွင့်ပြုထားပြီး ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးတွင် အဆိုပါကေဘယ်လုပ်ကိုင်ခွင့်အတွက် ခရိုင်အလိုက်ကေဘယ် EOI များခေါ်ယူရာတွင် ကုမ္ပဏီ ၃၆ ခု လာရောက်လျှောက်ထားကြောင်း လမ်းနှင့်တံတား ဌာနမှသိရသည်။
အဆိုပါကေဘယ်လိုင်းများ ဖြတ်သိမ်းမှုကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားပြီးဖြစ်ပြီး နောက်ပိုင်းတွင် အိမ်ခေါင်မိုးပေါ်များတွင် တပ်ဆင်ထားသည့် တာဝါတိုင်များလည်း လမ်းဘေးနေရာများတွင် ပြောင်းရွေ့လုပ်ကိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com