ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ရန္ကုန္ၿမိဳ႕စမတ္ကားပါကင္ ၿမိဳ႕တြင္းေျခာက္ၿမိဳ႕နယ္တြင္အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။
စမတ္ကားပါကင္အတြက္ တင္ဒါေခၚယူခဲ့ရာ ကုမၸဏီ ၂၀ ခန႔္ ယွဥ္ၿပိဳင္ခဲ့ေၾကာင္း၊ ၎တို႔အနက္ လက္ရွိတြင္ ၆ ခု ေရြးခ်ယ္ထားေၾကာင္း အင္ဂ်င္နီယာ (လမ္းႏွင့္တံတား) ဌာနမွ သိရသည္။
“ စမတ္ကားပါကင္ကိုအေကာင္အထည္ေဖာ္တဲ့ေနရာက ၿမိဳ႕တြင္း ေျခာက္ၿမိဳ႕နယ္ ျဖစ္ပါတယ္။အဲဒီမွာလည္း EOI ေခၚတဲ့အဆင့္ကို ေက်ာ္လြန္ၿပီးေတာ့ တင္ဒါတင္တဲ့ အဆင့္ေရာက္ေနၿပီ ။ ကုမၸဏီ ၆ ခုတင္ထားတယ္။ ၿပီးခဲ့တဲ့အပတ္က အစည္းအေဝးလုပ္ၿပီးတင္ဒါကိုေတာ့ ေနာက္ဆုံးအေနနဲ႔ ႏိုင္ဝင္ဘာ ၂၉ ရက္မွာ ျပန္လက္ခံဖို႔ရွိတယ္။စမတ္ကားပါကင္ဆိုတဲ့အတိုင္း စမတ္ျဖစ္မယ့္နည္းပညာေတြ အသုံးျပဳၿပီး ကားခေကာက္ခံသြားမွာ ျဖစ္ပါတယ္။ဘယ္လိုနည္းပညာေတြနဲ႔ဘယ္လိုယွဥ္ၿပိဳင္္မလဲဆိုတာကေတာ့ တင္ဒါအဖြဲ႔ကေရြးခ်ယ္သြားမွာျဖစ္ပါ တယ္ ” ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာဌာန (လမ္းႏွင့္တံတား) မွ ဒုဌာနမႉး ဦးလင္းခိုင္က ေျပာသည္။
စမတ္ကားပါကင္အတြက္ နည္းပညာအသုံးျပဳသြားမွာျဖစ္ၿပီး ကားပါကင္ေၾကးကို အနီေရာင္၊အစိမ္းေရာင္၊အဝါေရာင္ သုံးမ်ိဳးခြဲျခားေပးထားေၾကာင္း၊တစ္နာရီ က်ပ္ ၅၀၀၊၃၀၀၊ ၂၀၀ သတ္မွတ္စီစဥ္ထားေၾကာင္း ၎ကဆိုသည္။
အဆိုပါ စမတ္ကားပါကင္စနစ္ကို ေက်ာက္တံတား၊ ပန္းဘဲတန္း၊ လသာ၊ လမ္းမေတာ္၊ ဗိုလ္တေထာင္ႏွင့္ ပုဇြန္ေတာင္ စသည့္ၿမိဳ႕နယ္ေျခာက္ခုတြင္ စတင္အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္းသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်မြို့စမတ်ကားပါကင် မြို့တွင်းခြောက်မြို့နယ်တွင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
စမတ်ကားပါကင်အတွက် တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ ၂၀ ခန့် ယှဉ်ပြိုင်ခဲ့ကြောင်း၊ ၎င်းတို့အနက် လက်ရှိတွင် ၆ ခု ရွေးချယ်ထားကြောင်း အင်ဂျင်နီယာ (လမ်းနှင့်တံတား) ဌာနမှ သိရသည်။
“ စမတ်ကားပါကင်ကိုအကောင်အထည်ဖော်တဲ့နေရာက မြို့တွင်း ခြောက်မြို့နယ် ဖြစ်ပါတယ်။အဲဒီမှာလည်း EOI ခေါ်တဲ့အဆင့်ကို ကျော်လွန်ပြီးတော့ တင်ဒါတင်တဲ့ အဆင့်ရောက်နေပြီ ။ ကုမ္ပဏီ ၆ ခုတင်ထားတယ်။ ပြီးခဲ့တဲ့အပတ်က အစည်းအဝေးလုပ်ပြီးတင်ဒါကိုတော့ နောက်ဆုံးအနေနဲ့ နိုင်ဝင်ဘာ ၂၉ ရက်မှာ ပြန်လက်ခံဖို့ရှိတယ်။စမတ်ကားပါကင်ဆိုတဲ့အတိုင်း စမတ်ဖြစ်မယ့်နည်းပညာတွေ အသုံးပြုပြီး ကားခကောက်ခံသွားမှာ ဖြစ်ပါတယ်။ဘယ်လိုနည်းပညာတွေနဲ့ဘယ်လိုယှဉ်ပြိုင်မလဲဆိုတာကတော့ တင်ဒါအဖွဲ့ကရွေးချယ်သွားမှာဖြစ်ပါ တယ် ” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ ဒုဌာနမှူး ဦးလင်းခိုင်က ပြောသည်။
စမတ်ကားပါကင်အတွက် နည်းပညာအသုံးပြုသွားမှာဖြစ်ပြီး ကားပါကင်ကြေးကို အနီရောင်၊အစိမ်းရောင်၊အဝါရောင် သုံးမျိုးခွဲခြားပေးထားကြောင်း၊တစ်နာရီ ကျပ် ၅၀၀၊၃၀၀၊ ၂၀၀ သတ်မှတ်စီစဉ်ထားကြောင်း ၎င်းကဆိုသည်။
အဆိုပါ စမတ်ကားပါကင်စနစ်ကို ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင် စသည့်မြို့နယ်ခြောက်ခုတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com