ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
### Unicode Version ###
ဂျပန်နိုင်ငံမှ ရထားသံလမ်းများ (၁၀) ကြိမ်မြောက်အဖြစ် နိုဝင်ဘာ ၂၁ ရက် ရန်ကုန်ဆူးလေဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။
အဆိုပါရထားသံလမ်းများမှာ ရန်ကုန် - မန္တလေးရထားလမ်း အဆင့်မြှင့်ရေးစီမံကိန်းတွင် အသုံးပြုမည့် ရထားသံလမ်းများဖြစ်ကြောင်း သိရသည်။
MV cosmic Ace သည် ရထားသံလမ်းတန်ချိန် ၃၀၀၀ တင်ဆောင်လာပြီး သံလမ်းများကို ဆူးလေဆိပ်ကမ်းမှ ကုန်ရထားပေါ်သို့ တိုက်ရိုက်ချကာ ရွာသာကြီး Dry Port သို့ ရွှေ့ပြောင်းသယ်ဆောင်ခဲ့ကြောင်း ယင်းမှတဆင့် ပဲခူး - ညောင်လေးပင်လမ်းပိုင်းစီမံကိန်းသို့ ဆက်လက်ပို့ဆောင်မည်ဟု ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ သတင်းဌာနမှ သိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com