ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
မဂၤလာေဈးအား ၂၀၂၁ ခုႏွစ္တြင္ ႏိုင္ငံတကာအဆင့္မီ အႀကီးဆုံးလက္ကားေဈးႀကီးအျဖစ္ ဖြင့္လွစ္ႏိုင္ရန္ ဆန္းျမတ္ထြန္း ေဆာက္လုပ္ေရးကုမၸဏီက ေဆာင္ရြက္ေနေၾကာင္း ရန္ကုန္ၿမိဳ့ေတာ္စည္ပင္သာယာေရး ေကာ္မတီမွသိရသည္။
မဂၤလာေဈးသစ္ႀကီးကို အထပ္ ၁၇ ထပ္ အေဆာက္အအုံအျဖစ္ ၂၀၁၈ ခုႏွစ္ ေမလမွ စတင္အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ၿပီး စီမံကိန္း ၏ ၁၅ ရာခိုင္ႏႈန္း ေဆာင္ရြက္ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။
မဂၤလာေဈးသစ္ႀကီးတြင္ ဆိုင္ခန္းေပါင္း ၅၀၀၀ ေက်ာ္၊ကားပါကင္၊ရုပ္ရွင္ရုံမ်ား၊စားေသာက္ဆိုင္မ်ားပါဝင္မွာျဖစ္ၿပီး လူစီးဓာတ္ေလွကား ၂၁ စင္းတပ္ဆင္မည္ျဖစ္ၿပီး ႏွစ္ထပ္တြင္ ကားအစီးေရ ၄၀၀၊ ေျခာက္ထပ္တြင္ ကားအစီးေရ ၃၅၀ ရပ္နားႏိုင္သည့္ကားပါကင္မ်ားပါဝင္မွာ ျဖစ္ေၾကာင္းသိရသည္။
၅ လႊာတြင္ေဆးႏွင့္ေဆးပစၥည္း၊ ၆ လႊာတြင္ အဝတ္အထည္ႏွင့္အထည္အလိပ္၊ ၇ လႊာတြင္ အလွကုန္ပစၥည္းမ်ား၊ ၈ လႊာတြင္ ဖန္စီပစၥည္းႏွင့္အထည္အလိပ္၊ ၉ လႊာႏွင့္ ၁၀ လႊာတြင္ ပစၥည္းဂိုေဒါင္မ်ား၊ ၁၁ လႊာႏွင့္ ၁၂ လႊာတြင္မီနီရုံးခန္းမ်ား၊၁၃ လႊာတြင္ ရုပ္ရွင္ရုံမ်ားထည့္သြင္းတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
မဂၤလာေဈးသစ္ႀကီးတြင္ ကုမၸဏီမ်ားဖြင့္လွစ္၊ေရာင္းခ်ႏိုင္မည့္ အခန္းမ်ားကိုလည္းထည့္သြင္းတည္ေဆာက္လ်က္ရွိေၾကာင္း၊မူလေရာင္းခ်ခဲ့သည့္ေဈးသူေဈးသားမ်ားကိုလည္းျပန္လည္ေနရာခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ယခင္မဂၤလာေဈးမွာ၂၀၁၆ ခုႏွစ္ ဇန္နဝါရီ ၉ ရက္ေန႔က မီးေလာင္ကၽြမ္းခဲ့ျခင္းေၾကာင့္ ယခုအခါအသစ္ျပန္လည္ၿပီး ႏိုင္ငံတကာအဆင့္မီ အႀကီးဆုံးလက္ကားေဈးႀကီးအျဖစ္ဖန္တီးေနျခင္းျဖစ္ေၾကာင္းသိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မင်္ဂလာဈေးအား ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာအဆင့်မီ အကြီးဆုံးလက်ကားဈေးကြီးအဖြစ် ဖွင့်လှစ်နိုင်ရန် ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီက ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှသိရသည်။
မင်္ဂလာဈေးသစ်ကြီးကို အထပ် ၁၇ ထပ် အဆောက်အအုံအဖြစ် ၂၀၁၈ ခုနှစ် မေလမှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်း ၏ ၁၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မင်္ဂလာဈေးသစ်ကြီးတွင် ဆိုင်ခန်းပေါင်း ၅၀၀၀ ကျော်၊ကားပါကင်၊ရုပ်ရှင်ရုံများ၊စားသောက်ဆိုင်များပါဝင်မှာဖြစ်ပြီး လူစီးဓာတ်လှေကား ၂၁ စင်းတပ်ဆင်မည်ဖြစ်ပြီး နှစ်ထပ်တွင် ကားအစီးရေ ၄၀၀၊ ခြောက်ထပ်တွင် ကားအစီးရေ ၃၅၀ ရပ်နားနိုင်သည့်ကားပါကင်များပါဝင်မှာ ဖြစ်ကြောင်းသိရသည်။
၅ လွှာတွင်ဆေးနှင့်ဆေးပစ္စည်း၊ ၆ လွှာတွင် အဝတ်အထည်နှင့်အထည်အလိပ်၊ ၇ လွှာတွင် အလှကုန်ပစ္စည်းများ၊ ၈ လွှာတွင် ဖန်စီပစ္စည်းနှင့်အထည်အလိပ်၊ ၉ လွှာနှင့် ၁၀ လွှာတွင် ပစ္စည်းဂိုဒေါင်များ၊ ၁၁ လွှာနှင့် ၁၂ လွှာတွင်မီနီရုံးခန်းများ၊၁၃ လွှာတွင် ရုပ်ရှင်ရုံများထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်္ဂလာဈေးသစ်ကြီးတွင် ကုမ္ပဏီများဖွင့်လှစ်၊ရောင်းချနိုင်မည့် အခန်းများကိုလည်းထည့်သွင်းတည်ဆောက်လျက်ရှိကြောင်း၊မူလရောင်း ချခဲ့သည့်ဈေးသူဈေးသားများကိုလည်းပြန်လည်နေရာချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်မင်္ဂလာဈေးမှာ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ယခုအခါအသစ်ပြန်လည်ပြီး နိုင်ငံတကာအဆင့်မီ အကြီးဆုံးလက်ကားဈေးကြီးအဖြစ်ဖန်တီးနေခြင်းဖြစ်ကြောင်းသိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com