ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ကိုရီးယား-ျမန္မာ Industrial Complex စီမံကိန္းေျမဧရိယာေပၚတြင္ ဝင္းျခံခတ္ျခင္း လူေနအိမ္ေဆာက္လုပ္ျခင္းမျပဳလုပ္ရန္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာနက အသိေပးတားျမစ္ထားသည္ကို ႏိုင္ငံပိုင္သတင္းစာတြင္ ေတြ႔ရသည္။
အဆိုပါစီမံကိန္းကို ရန္ကုန္တိုင္းေဒသႀကီး၊လွည္းကူးၿမိဳ႕နယ္၊ကြင္းအမွတ္ (၉၇၈)၊ဂန္႔ေဂၚကၽြန္းကြင္း၏ တစ္စိတ္တစ္ေဒသႏွင့္ ကြင္းအမွတ္ (၉၇၉)၊ေတာကန္႔ လန္႔ကြင္း၏ တစ္စိတ္တစ္ေဒသ၊ေျမဧရိယာ ၅၅၅.၈၁ ဧကေပၚတြင္ အေကာင္အထည္ေဖာ္ေဆာင္ရြက္သြားရန္ရွိေၾကာင္းသိရသည္။
အဆိုပါေျမေနရာအား ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ျဖိဳးေရးဦးစီးဌာနမွ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေျမလႊဲေျပာင္းရယူေရးကိစၥမ်ားေဆာင္ရြက္ခဲ့ရာ ျပည္ေထာင္စုအစိုးရအဖြဲရုံး၏ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီ ၁၉ ရက္စြဲပါ စာအမွတ္ ၅၆/၂၅၇ /အဖရ(၆/၂၀၁၆) ျဖင့္ ေျမေနရာအသုံးျပဳခြင့္ရရွိခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ကိုရီးယား-ျမန္မာ Industrial Complex စီမံကိန္းျပဳလုပ္မည့္ ေျမဧရိယာေပၚတြင္ ဝင္းျခံခတ္ျခင္း လူေနအိမ္ေဆာက္လုပ္ျခင္း မျပဳလုပ္ၾကပါရန္ ႏွင့္(ေရာင္းမွား /ဝယ္မွား)ဝယ္ယူျခင္းမ်ား မျဖစ္ေပးေစေရးႀကိဳတင္အသိေပးထားတာကိုေတြ႔ရသည္။ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာနမွ ထိန္းသိမ္းထားသည့္ ႏိုင္ငံေတာ္ အစိုးရပိုင္ေျမေပၚတြင္ မည္သူမွ်က်ဴးေက်ာ္ျခင္းမျပဳလုပ္ၾကပါရန္လည္း အသိေပးေၾကညာထားသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ကိုရီးယား-မြန်မာ Industrial Complex စီမံကိန်းမြေဧရိယာပေါ်တွင် ဝင်းခြံခတ်ခြင်း လူနေအိမ်ဆောက်လုပ်ခြင်းမပြုလုပ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးတားမြစ်ထားသည်ကို နိုင်ငံပိုင်သတင်းစာတွင် တွေ့ရသည်။
အဆိုပါစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊ကွင်းအမှတ် (၉၇၈)၊ဂန့်ဂေါ်ကျွန်းကွင်း၏ တစ်စိတ်တစ်ဒေသနှင့် ကွင်းအမှတ် (၉၇၉)၊တောကန့် လန့်ကွင်း၏ တစ်စိတ်တစ်ဒေသ၊မြေဧရိယာ ၅၅၅.၈၁ ဧကပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ရှိကြောင်းသိရသည်။
အဆိုပါမြေနေရာအား ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေလွှဲပြောင်းရယူရေးကိစ္စများဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲရုံး၏ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၁၉ ရက်စွဲပါ စာအမှတ် ၅၆/၂၅၇ /အဖရ(၆/၂၀၁၆) ဖြင့် မြေနေရာအသုံးပြုခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုရီးယား-မြန်မာ Industrial Complex စီမံကိန်းပြုလုပ်မည့် မြေဧရိယာပေါ်တွင် ဝင်းခြံခတ်ခြင်း လူနေအိမ်ဆောက်လုပ်ခြင်း မပြုလုပ်ကြပါရန် နှင့်(ရောင်းမှား /ဝယ်မှား)ဝယ်ယူခြင်းများ မဖြစ်ပေးစေရေးကြိုတင်အသိပေးထားတာကိုတွေ့ရသည်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ထိန်းသိမ်းထားသည့် နိုင်ငံတော် အစိုးရပိုင်မြေပေါ်တွင် မည်သူမျှကျူးကျော်ခြင်းမပြုလုပ်ကြပါရန်လည်း အသိပေးကြေညာထားသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com