ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
စုေပါင္းပိုင္အေဆာက္အအုံစံခ်ိန္စံညႊန္းမ်ားသတ္မွတ္ျခင္းဆိုင္ရာ ညႊန္ၾကားခ်က္အမွတ္ (၁/၂၀၁၉)ကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ႏိုဝင္ဘာ ၇ ရက္ေန႔ ရက္စြဲျဖင့္ထုတ္ျပန္ထားသည္။
စုေပါင္းပိုင္အေဆာက္အအုံ တည္ေထာင္ေဆာက္လုပ္ရာတြင္ လိုက္နာေဆာင္ရြက္ဖို႔ အထပ္အေရအတြက္၊အိမ္ခန္းအေရအတြက္၊ စုေပါင္းပိုင္ပစၥည္းႏွင့္နည္းပညာအဆင့္အတန္းစသည့္ အခ်က္(၄) ခ်က္ကိုထုတ္ျပန္ထားျခင္းျဖစ္သည္။
စုေပါင္းပိုင္အေဆာက္အအုံတစ္ခုျဖစ္ရန္ အထပ္အေရအတြက္ (၆) ထပ္ႏွင့္အထက္ပါရွိရမည္ျဖစ္ၿပီး အိမ္ခန္းအေရအတြက္အနည္းဆုံး (၆) ခန္းပါရွိရမည္ျဖစ္သည္။
စုေပါင္းပိုင္အေဆာက္အအုံတြင္ စုေပါင္းပိုင္သူမ်ားအသုံးျပဳရန္ ယာဥ္ရပ္နားရန္ေနရာ၊အမိႈက္စြန္ပစ္ရန္ေနရာ၊အမႈေဆာင္အဖြဲ႔ အသုံးျပဳရန္ရုံးခန္း၊ဓာတ္ေလွကား၊စာတိုက္ပုံးႏွင့္ အမ်ားျပည္သူဆိုင္ရာေနရာ (Community Space ) တို႔ပါရွိရမည္ျဖစ္သည္။
စုေပါင္းပိုင္အေဆာက္အအုံတည္ေထာင္ေဆာက္လုပ္ရာတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွထုတ္ျပန္သည့္ ျမန္မာႏိုင္ငံအေဆာက္အအုံဆိုင္ရာ စည္းမ်ဥ္းႏွင့္အညီ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္းသိရသည္။
ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
စုပေါင်းပိုင်အဆောက်အအုံစံချိန်စံညွှန်းများသတ်မှတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၂၀၁၉)ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။
စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်ဆောက်လုပ်ရာတွင် လိုက်နာဆောင်ရွက်ဖို့ အထပ်အရေအတွက်၊အိမ်ခန်းအရေအတွက်၊ စုပေါင်းပိုင်ပစ္စည်းနှင့်နည်းပညာအဆင့်အတန်းစသည့် အချက်(၄) ချက်ကိုထုတ်ပြန်ထားခြင်းဖြစ်သည်။
စုပေါင်းပိုင်အဆောက်အအုံတစ်ခုဖြစ်ရန် အထပ်အရေအတွက် (၆) ထပ်နှင့်အထက်ပါရှိရမည်ဖြစ်ပြီး အိမ်ခန်းအရေအတွက်အနည်းဆုံး (၆) ခန်းပါရှိရမည်ဖြစ်သည်။
စုပေါင်းပိုင်အဆောက်အအုံတွင် စုပေါင်းပိုင်သူများအသုံးပြုရန် ယာဉ်ရပ်နားရန်နေရာ၊အမှိုက်စွန်ပစ်ရန်နေရာ၊အမှုဆောင်အဖွဲ့ အသုံးပြုရန်ရုံးခန်း၊ဓာတ်လှေကား၊စာတိုက်ပုံးနှင့် အများပြည်သူဆိုင်ရာနေရာ (Community Space ) တို့ပါရှိရမည်ဖြစ်သည်။
စုပေါင်းပိုင်အဆောက်အအုံတည်ထောင်ဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com