ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းသည္ နိုဝင္ဘာ ၁၈ ရက္ ည ၆ နာရီတြင္ ေရႊျပည္သာၿမိဳ႕နယ္၊တိုးခ်ဲ႕ ၁၉ ရပ္ကြက္တြင္ Women for the world (ပ်ိဳေမ့အိမ္) အဖြဲ႕က ေဆာက္လုပ္ေနေသာ အိမ္ရာစီမံကိန္းအားသြားေရာက္ ၾကည့္ရႈခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔၏ထုတ္ျပန္ခ်က္အရသိရသည္။
ဝန္ႀကီးခ်ဳပ္သည္ ေနအိမ္မ်ား ေဆာက္လုပ္ထားရွိမႈ အေျခအေနမ်ားကို လိုက္လံၾကည့္ရႈၿပီး၊ ယင္းေနအိမ္မ်ားတြင္ ေနထိုင္မည့္သူမ်ားႏွင့္ ေတြ႕ဆုံ၍ တိုင္းေဒသႀကီး အစိုးရအေနျဖင့္ က်ဴးေက်ာ္ေနထိုင္သူ ျပည္သူမ်ား၏ အခက္အခဲကို ေျဖရွင္းေဆာင္ရြက္ေပးေနသည့္အစီအစဥ္မ်ားႏွင့္ ျပည္သူမ်ားကလည္း ညီညီညြတ္ညြတ္ပူးေပါင္းပါဝင္ ေဆာင္ရြက္ၾကရန္ တိုက္တြန္း ေျပာၾကားခဲ့သည္။
ယင္းၿမိဳ႕နယ္တြင္ ေနအိမ္ ၂၆၄ လုံး ေဆာက္လုပ္ေနလ်က္ရွိၿပီး ဒီဇင္ဘာလဆန္း၌ တည္ေဆာက္ေရးလုပ္ငန္းၿပီးစီးမည္ျဖစ္ရာ ေနထိုင္ခြင့္ရရွိထားသူမ်ား ဒီဇင္ဘာလကုန္ တြင္ ေနထိုင္ခြင့္ရရွိမည္ ျဖစ္ေၾကာင္း သိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် နိုဝင်ဘာ ၁၈ ရက် ည ၆ နာရီတွင် ရွှေပြည်သာမြို့နယ်၊တိုးချဲ့ ၁၉ ရပ်ကွက်တွင် Women for the world (ပျိုမေ့အိမ်) အဖွဲ့က ဆောက်လုပ်နေသော အိမ်ရာစီမံကိန်းအားသွားရောက် ကြည့်ရှုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။
ဝန်ကြီးချုပ်သည် နေအိမ်များ ဆောက်လုပ်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုပြီး၊ ယင်းနေအိမ်များတွင် နေထိုင်မည့်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီး အစိုးရအနေဖြင့် ကျူးကျော်နေထိုင်သူ ပြည်သူများ၏ အခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးနေသည့်အစီအစဉ်များနှင့် ပြည်သူများကလည်း ညီညီညွတ်ညွတ်ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ယင်းမြို့နယ်တွင် နေအိမ် ၂၆၄ လုံး ဆောက်လုပ်နေလျက်ရှိပြီး ဒီဇင်ဘာလဆန်း၌ တည်ဆောက်ရေးလုပ်ငန်းပြီးစီးမည်ဖြစ်ရာ နေထိုင်ခွင့်ရရှိထားသူများ ဒီဇင်ဘာလကုန် တွင် နေထိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com