ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှု ကဏ္ဍနှင့် အိမ်ရာအဆောက်အအုံကဏ္ဍတို့မှ လုပ်ငန်း(၈)ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှခွင့်ပြုခဲ့ကြောင်း (၁၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။
အဆိုပါ အစည်းအဝေးကို နိုင်ဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင်(၉)ဦး တက်ရောက် ကြကြောင်းသိရသည်။
ယင်းအစည်းအဝေးမှ လုပ်ငန်း(၈)ခုခွင့်ပြုခဲ့ကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှု ကဏ္ဍနှင့် အိမ်ရာအဆောက်အုံကဏ္ဍတို့ဖြစ်ကြောင်း၊လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁၆၅ ဒသမ ၈၅၃) သန်းနှင့်မြန်မာ ငွေကျပ် (၉၉,၅၄၃ ဒသမ ၃၅၈) သန်းရှိကြောင်းသိရသည်။
နိုင်ငံပေါင်း(၅၀)မှ စီးပွားရေးကဏ္ဍ(၁၂)ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ် နှံ မှု၏ (၂၇ ဒသမ ၂၉ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၅ ဒသမ ၇၇ ရာခိုင်နှုန်း)ဖြင့် လည်း ကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏(၁၄ ဒသမ ၀၄ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
### Unicode Version ###
ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှု ကဏ္ဍနှင့် အိမ်ရာအဆောက်အအုံကဏ္ဍတို့မှ လုပ်ငန်း(၈)ခု မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်မှခွင့်ပြုခဲ့ကြောင်း (၁၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။
အဆိုပါ အစည်းအဝေးကို နိုင်ဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင်(၉)ဦး တက်ရောက် ကြကြောင်းသိရသည်။
ယင်းအစည်းအဝေးမှ လုပ်ငန်း(၈)ခုခွင့်ပြုခဲ့ကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှု ကဏ္ဍနှင့် အိမ်ရာအဆောက်အုံကဏ္ဍတို့ဖြစ်ကြောင်း၊လုပ်ငန်းများ၏ ရင်နှီးမြှုုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁၆၅ ဒသမ ၈၅၃) သန်းနှင့်မြန်မာ ငွေကျပ် (၉၉,၅၄၃ ဒသမ ၃၅၈) သန်းရှိကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများကြောင်း ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁,၇၃၉) နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံပေါင်း (၅၀) တို့မှ စီးပွားရေးကဏ္ဍ (၁၂)ခု တွင် ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်းပေါင်း (၁,၈၄၆) ခု ရင်းနှီးမြှုုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း (၈၂,၁၆၆ ဒသမ ၃၉၃) ဖြင့် ရင်းနှီးမြှုုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ သည်။ ရင်းနှီးမြှုုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ် သည်။
နိုင်ငံပေါင်း(၅၀)မှ စီးပွားရေးကဏ္ဍ(၁၂)ခုတွင် အများဆုံးရင်းနှီးမြှုုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုုပ် နှံ မှု၏ (၂၇ ဒသမ ၂၉ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုုပ်နှံမှု၏ (၂၅ ဒသမ ၇၇ ရာခိုင်နှုန်း)ဖြင့် လည်း ကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုုပ်နှံမှု၏(၁၄ ဒသမ ၀၄ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း ရင်းနှီးမြှုုပ်နှံထားကြောင်း သိရသည်။
ဥက္ကာသစ္စာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com