ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ထိုသို့လာရောက်ရင်းနှီးမြှပ်နှံခြင်းကြောင့် ပဲခူးဒေသသည် စက်မူလုပ်ငန်းများဖွံဖြိုးတိုးတက်စေပြီးဒေသခံများ အလုပ်အကိုင်ခွင့်လန်းများရစေကာ နိုင်ငံခြားဝင်ငွေလည်းတိုးစေမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ကဆိုသည်။
### Unicode Version ###
ရန်ကုန်- ပဲခူး တွင် ကိုရီးယားစက်မူဇုန်ထူထောင်ရန်ပဲခူးတိုင်းအစိုးရနှင့် ကိုရီးယားနိုင်ငံအခြေစိုက် Tae Kwang Myanmar Co., Ltd တို့စက်မှုမြေငှားစာချုပ် လက်မှတ်ရေးထိုးခဲ့သည်ဟု ပဲခူးတိုင်းအစိုးရက ထုတ်ပြန်သည်။
တောင်ကိုရီးယား အခြေစိုက် Tae Kaung Myanmar Development Co.Ltd က ပဲခူးတိုင်းရှိ မြေဧက ၂၀၀ ကျော်တွင် စက်မှုဇုန်စီမံကိန်းကို ရင်းနှီးမြှုပ် နှံရန် ပြင်ဆင်နေသည်ရင်းနှီးမြှပ်နှံမူကော်မရှင်က ဆိုထားသည်။
ထိုသို့လာရောက်ရင်းနှီးမြှပ်နှံခြင်းကြောင့် ပဲခူးဒေသသည် စက်မူလုပ်ငန်းများဖွံဖြိူးတိုးတက်စေပြီးဒေသခံများ အလုပ်အကိုင်ခွင့်လန်းများရစေကာ နိုင်ငံခြားဝင်ငွေလည်းတိုးစေမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ကဆိုသည်။
ကိုရီးယားကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ကုမ္ပဏီ ၁၇၀ ကျော်နှင့်ကန်ဒေါ်လာ လေးဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမူအများဆုံးအဆင့်တွင်တောင်ကိုရီးယားနိုင်ငံ က အဆင့်(၆)၌ ရှိသည်။
ပဲခူးတိုင်းအတွင်း တရုတ်လုပ်ငန်းရှင်များကလည်း စက်မူဇုန်များလုပ်ကိုင်ရန်စိတ်ဝင်စားနေပြီး အောက်တိုဘာ ၂၄ ရက်တွင် Jiang Nan International Co., Ltd တို့ မြေငှားရမ်းခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုး ခဲ့သည်။
စိမ့်စည်သူ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com