ဖေ့စ်ဘုတ်ကုမ္ပဏီက နယူးယောက်မြို့ Hudson Yards အရပ်ရှိ အဆောက်အအုံကြီးတစ်ခုတွင် စတုရန်းပေ ၁ ဒသမ ၅ သန်း ငှားရမ်း

ဖေ့စ်ဘုတ်ကုမ္ပဏီက နယူးယောက်မြို့ Hudson Yards အရပ်ရှိ အဆောက်အအုံကြီးတစ်ခုတွင် စတုရန်းပေ ၁ ဒသမ ၅ သန်း ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
19 Nov 2019 11:56 am တွင် တင်ခဲ့သည်
710 ကြိမ် ကြည့်ရှု့ပြီး

ဖေ့စ်ဘုတ်ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Hudson Yards အရပ်ရှိ အဆောက်အအုံကြီးတစ်ခုတွင် စတုရန်းပေ ၁ ဒသမ ၅ သန်းနေရာ ရုံးခန်းတစ်ခု ငှားရမ်းလိုက်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယခုငှားရမ်းလိုက်မှုသည် ဖေ့စ်ဘုတ်အတွက် နယူးယောက်တွင် ရုံးခန်းနေရာများ တိုးချဲ့လာခြင်းလည်း ဖြစ်သည်။

ငှားရမ်းမှု စုစုပေါင်းမှာ အဆောက်အအုံ ၃ ခု၏ အထပ်ပေါင်း ၃၀ တွင် ဖြန့်ကျက်တည်ရှိမည်ဖြစ်ပြီး မကြာမီ ဆောက်လုပ်ပြီးစီးတော့မည့် Hudson Yards အမှတ် ၅၀ ရှိ အဆောက်အအုံ၊ ရှိပြီးအဆောက်အအုံကြီးများဖြစ်သော အမှတ် ၃၀ နှင့် ၅၅ တို့ရှိ အဆောက်အအုံ ၃ လုံးတွင် ဖြစ်သည်။

“နယူးယောက်မှာ ကျွန်တော်တို့ရဲ့ တည်ရှိမှု နောက်တစ်ဆင့်ကို စဉ်းစားတဲ့အခါ ကျွန်တော်တို့ရဲ့ ရုံးခန်းသစ်ဟာ အသက်ဝင်ရှင်သန်မှု အားကောင်းတဲ့ အသိုက်အဝန်းရဲ့ ဗဟိုချက်မှာ တည်ရှိပြီး အနုပညာ၊ ယဉ်ကျေးမှုနဲ့ ကူးသန်းရောင်းဝယ်ရေးနေရာတွေကို အလွယ်တကူ ရောက်ရှိနိုင်ဖို့ အရေးကြီးပါတယ်”ဟု ဖေ့စ်ဘုတ်ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ facilities နှင့် အိမ်ခြံမြေဆိုင်ရာ ဒုတိယဥက္ကဌ ဂျွန် တီနင်းစ် က ပြောကြားသည်။

“Hudson Yards ဟာ ဒီလိုအချက်တွေနဲ့ ပြည့်စုံပြီး ပိုတောင်ပိုပါသေးတယ်။ ကျွန်တော်တို့ဟာ အဲဒီမှာ ၂၀၂၀ ပြည့်နှစ်ကစတင်ပြီး ရုံးခန်းနေရာတွေ တိုးချဲ့နိုင်မှာကို စိတ်လှုပ်ရှားမိပါတယ်”ဟု ဂျွန်တီနင်းစ်က ဆက်လက်ပြောကြားသည်။

Hudson Yards သို့ ဖေ့စ်ဘုတ်ဝင်ရောက်လာမှုနှင့်အတူ ယခုနှစ် မတ်လတွင် Hudson Yards မှ ရုံးခန်းနေရာများ စတင်ဈေးကွက်သို့ ရောက်ရှိခဲ့ပြီးနောက် ၈ လတာ ကာလအတွင်း ကန်ဒေါ်လာ ၂၅ ဘီလီယံတန်ကြေးရှိသော အဆောက်အအုံနေရာများအနက် စတုရန်းပေ ၈ သန်းကျော်မှာ ရောင်းချ (သို့မဟုတ်) ငှားရမ်းခဲ့ရပြီး ဖြစ်သည်။

Hudson Yards တွင် ဖေ့စ်ဘုတ်၏ ရုံးခန်းနေရာ ငှားရမ်းလိုက်မှုအနက် အများပြားဆုံးမှာ အမှတ် ၅၀ အဆောက်အအုံကြီးတွင်ဖြစ်ပြီး စတုရန်းပေ ၁ ဒသမ ၂ သန်းအထိ ရှိသည်။ အဆိုပါ အဆောက်အအုံကြီးကို ၂၀၂၂ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးရန် ရည်မှန်းထားပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုမ္ပဏီကြီး BlackRock လည်း ရုံးစိုက်ရန် စီစဉ်ထားကြောင်း developer တို့က ပြောကြားသည်။

၇၈ ထပ်ရှိသော အဆိုပါအဆောက်အအုံကြီး၏ ရုံးခန်းနေရာ ၇၅ ရာခိုင်နှုန်းမှာ ယခုအခါ အငှားချထားပြီးဖြစ်သည်ဟု ဆိုသည်။

အမှတ် ၃၀ အဆောက်အအုံကြီးတွင်မူ ဖေ့စ်ဘုတ်က ငှားရမ်းထားသည်မှာ စတုရန်းပေ ၂၆၅၀၀၀ ဖြစ်ပြီး အမှတ် ၅၅ အဆောက်အအုံတွင်မူ စတုရန်းပေ ၅၇၀၀၀ ခန့် ဖြစ်သည်။

ဖေ့စ်ဘုတ်ကုမ္ပဏီသည် နယူးယောက်မြို့ ၊ ဘရော့ဝေးလမ်း အမှတ် ၇၇၀ ၊ ရိပ်သာလမ်း (တောင်) အမှတ် ၂၂၅ နှင့် မက်ဒီဆင်ရိပ်သာလမ်း အမှတ် ၃၃၅ တို့တွင်လည်း ရုံးခန်းနေရာများ ပိုင်ဆိုင်ထားပြီးဖြစ်ပြီး အဆိုပါနေရာများကို ဆက်လက်ထိန်းသိမ်းထားရန် ရည်ရွယ်ထားသည်ဟု ဖေ့စ်ဘုတ်၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျမီလာ ရိဗ်က ပြောကြားသည်။

Hudson Yards တွင် ယခုငှားရမ်းလိုက်သည့်နေရာများ၏ ကုန်ကျစရိတ်ကိုမူ ဂျမီလာ ရိဗ်က ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

ဖေ့စ်ဘုတ်သည် ပင်န်ဘူတာရုံနှင့် မျက်နှာချင်းဆိုင်ရှိ James A. Farley စာတိုက်ဟောင်းနေရာတွင်လည်း ရုံးခန်းဖွင့်ရန် စိတ်ဝင်စားနေသည်။

(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/864084 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

(ဆက်စပ်သတင်းများ)

(၁) Facebook ကုမ္ပဏီက စင်္ကာပူတွင် စင်္ကာပူဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန်ကြေးရှိ အချက်အလက်စင်တာ အဆောက်အအုံကြီး ဆောက်လုပ်လျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်ရန်စီစဉ်ထား

https://www.imyanmarhouse.com/news/read/764871

(၂) Facebook က ၎င်းတို့၏ ရုံးချုပ်အနီးတွင် လူနေအိမ်ခန်းပေါင်း ၁၅၀၀ ခန့်ဆောက်လုပ်ကာ အများပြည်သူသို့ တန်ဖိုးနည်းပါးစွာဖြင့် ငှားရမ်းမည်

https://www.imyanmarhouse.com/news/read/502607

(၃) ကားဂိုဒေါင်တစ်ခုတွင် နေထိုင်ရလျက်ရှိသော ဖေ့စ်ဘုတ်ရုံးချုပ်စားသောက်ဆိုင်ဝန်ထမ်း ဇနီးမောင်နှံအကြောင်း

https://www.imyanmarhouse.com/news/read/646071

(၄) ဖေ့စ်ဘုတ်က ဆီလီကွန်တောင်ကြားတွင် လူနေခန်းပေါင်း ၁၅၀၀ ခန့် ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိ

https://www.imyanmarhouse.com/news/read/630535

(၅) ဖေ့စ်ဘုတ် app တွင် free data စနစ်ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် ပေးအပ်ထားသော ထိပ်တန်းဝက်ဘ်ဆိုက် ၁၀ ခုတွင် မြန်မာအခြေစိုက် ဝက်ဘ်ဆိုက် ၄ ခုပါဝင်ပြီး တစ်ခုမှာ iMyanmarHouse.com ဖြစ်

https://www.imyanmarhouse.com/news/read/630501

(၆) ဖေ့စ်ဘုတ်၏ ပထမဆုံးဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ရှောင်ပါကားနယူးယောက်တွင် တတိယမြောက်နေအိမ်ဝယ်ယူ

https://www.imyanmarhouse.com/news/read/511939

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service