ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ဒကၡိဏသီရိ ၿမိဳ႕နယ္ အတြင္းရွိ ေျမကြက္ေပါင္း ၁၉၇ ကြက္ကို ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီက ယခင္ေပါက္ေဈး မ်ားထပ္ သိန္းတစ္ရာေလွ်ာ့ေရာင္းေပးမည္ဟု ေၾကညာသည္။
ေဈးေလွ်ာ့ေရာင္းခ်မႈကို ပထမဆုံး ျပဳလုပ္ျခင္းျဖစ္ၿပီး ေပ ၈၀ ပတ္လည္ေျမကြက္မ်ားကိုေရာင္းခ်ေပးမွာျဖစ္ေၾကာင္း၊ က်ပ္သိန္း ၃၅၀ ေပါက္ေဈးႏွင့္ ေရာင္းခ်လ်က္ရွိသည့္ ေျမကြက္မ်ားကို ယခုအခါတြင္ က်ပ္သိန္း ၂၅၀ ျဖင့္သာေရာင္းခ်သြား မည္ျဖစ္ ေၾကာင္းသိရသည္။
ေလၽွာက္လႊာ ဝယ္ယူစရာမလိုဘဲ online မွတဆင့္ေလၽွာက္ထားနိုင္ေၾကာင္း၊ ေျမကြက္တည္ေနရာမ်ားႏွင့္ ေျမကြက္မ်ားဝယ္ယူနိုင္မည့္ ေလၽွာက္လႊာမ်ားကို ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ ၏ တရားဝင္ Website တြင္ ေဖာ္ျပေပးထားေၾကာင္း၊ေျမကြက္ေရာင္းခ် မည့္ရက္မွာ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁ ရက္ေန႔မွ ၃၀ရက္ေန႔အထိ ျဖစ္ေၾကာင္းသိရသည္။
တစ္ဦးလၽွင္ တစ္ကြက္သာ ဝယ္ယူႏိုင္မည္ျဖစ္ကာ ျမန္မာနိုင္ငံသားမ်ားကိုသာ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း၊ ေနအိမ္ေဆာက္လုပ္ၿပီးစီး ခ်ိန္တြင္ ႏွစ္ ၃၀ ဂရန္ခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ေျမကြက္မ်ားကို မဲစနစ္ျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္၍ မဲႏွိုက္မည့္ရက္ကို ေနျပည္ေတာ္စည္ပင္သာယာေရး ေကာ္မတီ၏ Website တြင္ တစ္ပတ္ႀကိဳတင္၍ ေၾကျငာေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။
မိုးယံလင္းထင္ မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com
### Unicode Version ###
ဒက္ခိဏသီရိ မြို့နယ် အတွင်းရှိ မြေကွက်ပေါင်း ၁၉၇ ကွက်ကို နေပြည်တော် စည်ပင်သာယာရေးကော်မတီက ယခင်ပေါက်ဈေး များထပ် သိန်းတစ်ရာလျှော့ရောင်းပေးမည်ဟု ကြေညာသည်။
ဈေးလျှော့ရောင်းချမှုကို ပထမဆုံး ပြုလုပ်ခြင်းဖြစ်ပြီး ပေ ၈၀ ပတ်လည်မြေကွက်များကိုရောင်းချပေးမှာဖြစ်ကြောင်း၊ ကျပ်သိန်း ၃၅၀ ပေါက်ဈေးနှင့် ရောင်းချလျက်ရှိသည့် မြေကွက်များကို ယခုအခါတွင် ကျပ်သိန်း ၂၅၀ ဖြင့်သာရောင်းချသွား မည်ဖြစ် ကြောင်းသိရသည်။
လျှောက်လွှာ ဝယ်ယူစရာမလိုဘဲ online မှတဆင့်လျှောက်ထားနိုင်ကြောင်း၊ မြေကွက်တည်နေရာများနှင့် မြေကွက်များဝယ်ယူနိုင်မည့် လျှောက်လွှာများကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ ၏ တရားဝင် Website တွင် ဖော်ပြပေးထားကြောင်း၊မြေကွက်ရောင်းချ မည့်ရက်မှာ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ၃၀ရက်နေ့အထိ ဖြစ်ကြောင်းသိရသည်။
တစ်ဦးလျှင် တစ်ကွက်သာ ဝယ်ယူနိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံသားများကိုသာ ရောင်းချပေးမည်ဖြစ်ကြောင်း၊ နေအိမ်ဆောက်လုပ်ပြီးစီး ချိန်တွင် နှစ် ၃၀ ဂရန်ချပေးမည်ဖြစ်ကြောင်း သိရသည်။
မြေကွက်များကို မဲစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်၍ မဲနှိုက်မည့်ရက်ကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ Website တွင် တစ်ပတ်ကြိုတင်၍ ကြေငြာပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မိုးယံလင်းထင် မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com