ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ကရင္ျပည္နယ္ရွိ ဂ်ိဳင္း(ေကာ့ကရိတ္)ျမစ္ကူးတံတား
အဆိုပါဂ်ိဳင္း (ေကာ့ကရိတ္) တံတားကို JICA နွင့္ ဂ်ပန္အစိုးရ၏ ODAေခ်းေငြမ်ားျဖင့္ ေဆာက္လုပ္သြားမည္ျဖစ္ျပီးလက္ရွိ
“အခုပႏၷက္ရုိက္ျပီးလုပ္ငန္းစတင္ေ
အဆိုပါတံတားစီမံကိန္းကုိ ဂ်ပန္ေဆာက္လုပ္ေရးကုမၸဏီမ်ားျ
ယင္းတံတားသစ္သည္ အရွည္ ၁၉၀၃ ေပ၊ အက်ယ္ ၇၄ေပ ( ေလးလမ္းေမာင္းအက်ယ္)ရွိျပီးသံ
မင္းခ်ိဳ မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com
### Unicode Version ###
ကရင်ပြည်နယ်ရှိ ဂျိုင်း(ကော့ကရိတ်)မြစ်ကူးတံတားသစ်ကို ဂျပန်ယန်း ၆ ဒသမ ၈ ဘီလီယံဖြင့် ၂၀၂၁ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။
အဆိုပါဂျိုင်း (ကော့ကရိတ်) တံတားကို JICA နှင့် ဂျပန်အစိုးရ၏ ODAချေးငွေများဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီးလက်ရှိတွင် လုပ်ငန်းများစတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန ထံမှသိရသည်။
“အခုပန္နက်ရိုက်ပြီးလုပ်ငန်းစတင်နေပါပြီ။ precast စနစ်ဖြင့်တည်ဆောက်သွားမဲ့ တံတားအမျိူးအစားဖြစ်တယ်။ ယာဉ်တစ်စီးချင်းအတွက်တံတားခံနိုင်ဝန်ကိုတန် ၆၀ သတ်မှတ်ပေးထားတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။
အဆိုပါတံတားစီမံကိန်းကို ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီများဖြစ်သည့် Hamza Ando Cooporation နှင့် P.S Mitsubishi Co.Ltd တို့ ပူးပေါင်းအကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှသိရသည်။
ယင်းတံတားသစ်သည် အရှည် ၁၉၀၃ ပေ၊ အကျယ် ၇၄ပေ ( လေးလမ်းမောင်းအကျယ်)ရှိပြီးသံမဏိကွန်ယက် ပြားများဖြင့် တည်ဆောက်ထားသည့် သုံးခန်းတွဲ ကြိုတင်အားဖြည့် သံကူကွန်ကရစ် (precast) ကြိုးဆိုင်းတံတား အမျိူးအစား၊ ချဉ်းကပ်လမ်း၁ ဒသမ ၂ ကီလိုမီတာကို precast ကွန်ကရစ် အချပ်ဖြင့် နှစ်ခန်းတွဲ သံမဏိယပ်မတံတား အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
မင်းချို မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com