နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများလာမည့် ၂၀၂၀ တွင်အပြီးတည်ဆောက်မည်

နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများလာမည့် ၂၀၂၀ တွင်အပြီးတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
19 Nov 2019 10:02 am တွင် တင်ခဲ့သည်
992 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###





ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအနှံ ပြည်သူ့အိမ်ရာနှင့် အစိုးရအိမ်ရာများကို ၂ နှစ်ခွဲကာလအတွင်း အခန်းပေါင်း ၁,၀၀၀ ကျော် ဆောက်လုပ်ရန်လျာထားပြီး ဆောက်လုပ်ပြီးစီးသည့် အိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ညွန်ကြားချက်များဖြင့် ရောင်းချ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ၄င်းဝန်ကြီးဌာနမှသိရသည်။


### Unicode Version ###

နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းများကို ယခုဘဏ္ဍာနှစ်ဘက်ဂျက်ဖြင့် လာမည့် ၂၀၂၀ ခုနှစ်အောက်တိုဘာလ တွင်နေထိုင်ခွင့်ပြုနိုင်ရန် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ သိရသည်။

“အိမ်ရာတွေကို အပိုင်းလိုက်ခွဲပြီးတည်ဆောက်နေတာ တချို့နေရာတွေမှာက ကျူးကျော်တွေရှိနေလို့ ဆောက်လုပ်ဖို့ အနည်းငယ်ကြန့်ကြာနေတာပါ အခုတော့ ဒီနှစ်ဘက်ဂျက်နဲ့တိုက် ၄ လုံး အပြီးဆောက်လုပ်သွားမယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှုချုပ်ဦးမင်ထိန်ကပြောကြားသည်။

အဆိုပါနိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်းအနီးတွင် ဆောက်လုပ်အကောင်ထည်ဖော်နေခြင်းဖြစ်ပြီး ၄ ခန်းတွဲ ၅ ထပ်တိုက်များအဖြစ် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း အဆိုပါဦးစီးဌာနထံမှသိရသည်။

တည်ဆောက်လျက်ရှိသည့်တိုက် ၁ လုံးလျှင် အခန်းပေါင်း ၃၂ ခန်းပါဝင်မည်ဖြစ်ပြီး ဆောက်လုပ်ပြီးတိုက် ၄ လုံး၊ ဆောက်လုပ်ဆဲတိုက် ၄ လုံးနှင့် ယခုဘက်ဂျက်တွင် တိုက် ၄ လုံး စုစုပေါင်း ဝန်ထမ်း ၄၀၀ နီးပါးနေထိုင်နိုင်ရန် ဆောက်လုပ်လျက်ရှိကြောင်း ယင်းဝန်ကြီးဌာနထံမှသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအနှံ ပြည်သူ့အိမ်ရာနှင့် အစိုးရအိမ်ရာများကို ၂ နှစ်ခွဲကာလအတွင်း အခန်းပေါင်း ၁,၀၀၀ ကျော် ဆောက်လုပ်ရန်လျာထားပြီး ဆောက်လုပ်ပြီးစီးသည့် အိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ညွန်ကြားချက်များဖြင့် ရောင်းချ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနမှသိရသည်။

မင်းချို မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service