ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ရန္ကုန္စေတာ့အိတ္ခ်ိန္းမွာ ႏိုင္ငံျခားသားကုမၸဏီေတြ လာေရာက္လုပ္ကိုင္ႏိုင္ဖို႔ ၫႊန္ၾကားခ်က္တစ္ရပ္ကို မၾကာခင္မွာ ထုတ္ျပန္ႏိုင္ေအာင္ ေဆာင္႐ြက္ေနတယ္လို႔ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းကေျပာပါတယ္။
ႏိုင္ငံျခားကုမၸဏီေတြဝင္ေရာက္လာဖို႔အတြက္ ရွယ္ယာဝယ္မႈ ကို လာမယ့္ႏွစ္အတြင္းေဆာင္႐ြက္ႏိုင္ဖို႔ ျပင္ဆင္ေနၿပီး ႏိုင္ငံျခားကုမၸဏီေတြဝင္ေရာက္လာပါက စေတာ့ေဈးကြက္ဟာတိုးတက္လာႏိုင္ရွိတယ္လို႔ ဆိုပါတယ္။
ဒါေပမယ့္ လက္ရွိမွာ စေတာ့အိတ္ခ်ိန္းစာရင္းဝင္ ကုမၸဏီဟာ ငါးခုသာရွိေသးတာေၾကာင့္ စာရင္းဝင္ကုမၸဏီေတြ ပိုမိုတိုးတက္ဝင္ေရာက္လာဖို႔ အေရးႀကီးတယ္လို႔ သိရပါတယ္။
ႏိုင္ငံျခားလုပ္ငန္းေတြကို ခြင့္ျပဳရာမွာ ရွယ္ယာပါဝင္မႈအခ်ိဳးအစား၊ ဘဏ္လုပ္ငန္းဆိုင္ရာ စတဲ့ စည္းကမ္းခ်က္ေတြကို စေတာ့အိတ္ခ်ိန္းစာရင္းဝင္ကုမၸဏီေတြနဲ႕ ေဆြးေႏြးၿပီးလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
လက္ရွိမွာ ႏိုင္ငံျခားကုမၸဏီေတြဝင္ေရာက္လုပ္ကိုင္ႏိုင္ဖို႔ လုပ္ငန္းက႑စုံက ကုမၸဏီငါးခုခန႔္ကို စိစစ္မႈေတြျပဳလုပ္ေနၿပီး စည္းကမ္းခ်က္ေတြနဲ႔ ကိုက္ညီပါက လုပ္ကိုင္ခြင့္ျပဳသြားမွာျဖစ္တယ္လို႔ သိရပါတယ္။
စေတာ့အိတ္ခ်ိန္းစာရင္းဝင္ကုမၸဏီေတြမွာ ႏိုင္ငံျခားသားအစုရွယ္ယာပါဝင္မႈရာခိုင္ႏႈန္းအေပၚမူတည္ၿပီး ႏိုင္ငံျခားေတြ အစုရွယ္ယာေရာင္းဝယ္ခြင့္ရေအာင္ ၿပီးခဲ့တဲ့ ဇူလိုင္လလယ္က ေၾကညာခ်က္ထုတ္ထားပါတယ္။
ဒီလိုထုတ္ျပန္ရတာဟာ ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒအသစ္အရ ႏိုင္ငံျခားသားအစုရွယ္ယာ ၃၅ ရာခိုင္ႏႈန္းေက်ာ္ပါဝင္တဲ့ ကုမၸဏီကို ႏိုင္ငံျခားသားကုမၸဏီအျဖစ္ သတ္မွတ္တာေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။
ေနရွင္းျမန္မာ မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်စတော့အိတ်ချိန်းမှာ နိုင်ငံခြားသားကုမ္ပဏီတွေ လာရောက်လုပ်ကိုင်နိုင်ဖို့ ညွှန်ကြားချက်တစ်ရပ်ကို မကြာခင်မှာ ထုတ်ပြန်နိုင်အောင် ဆောင်ရွက်နေတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကပြောပါတယ်။
နိုင်ငံခြားကုမ္ပဏီတွေဝင်ရောက်လာဖို့အတွက် ရှယ်ယာဝယ်မှု ကို လာမယ့်နှစ်အတွင်းဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေပြီး နိုင်ငံခြားကုမ္ပဏီတွေဝင်ရောက်လာပါက စတော့ဈေးကွက်ဟာတိုးတက်လာနိုင်ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လက်ရှိမှာ စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီဟာ ငါးခုသာရှိသေးတာကြောင့် စာရင်းဝင်ကုမ္ပဏီတွေ ပိုမိုတိုးတက်ဝင်ရောက်လာဖို့ အရေးကြီးတယ်လို့ သိရပါတယ်။
နိုင်ငံခြားလုပ်ငန်းတွေကို ခွင့်ပြုရာမှာ ရှယ်ယာပါဝင်မှုအချိုးအစား၊ ဘဏ်လုပ်ငန်းဆိုင်ရာ စတဲ့ စည်းကမ်းချက်တွေကို စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတွေနဲ့ ဆွေးနွေးပြီးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ နိုင်ငံခြားကုမ္ပဏီတွေဝင်ရောက်လုပ်ကိုင်နိုင်ဖို့ လုပ်ငန်းကဏ္ဍစုံက ကုမ္ပဏီငါးခုခန့်ကို စိစစ်မှုတွေပြုလုပ်နေပြီး စည်းကမ်းချက်တွေနဲ့ ကိုက်ညီပါက လုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတွေမှာ နိုင်ငံခြားသားအစုရှယ်ယာပါဝင်မှုရာခိုင်နှုန်းအပေါ်မူတည်ပြီး နိုင်ငံခြားတွေ အစုရှယ်ယာရောင်းဝယ်ခွင့်ရအောင် ပြီးခဲ့တဲ့ ဇူလိုင်လလယ်က ကြေညာချက်ထုတ်ထားပါတယ်။
ဒီလိုထုတ်ပြန်ရတာဟာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအသစ်အရ နိုင်ငံခြားသားအစုရှယ်ယာ ၃၅ ရာခိုင်နှုန်းကျော်ပါဝင်တဲ့ ကုမ္ပဏီကို နိုင်ငံခြားသားကုမ္ပဏီအဖြစ် သတ်မှတ်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
နေရှင်းမြန်မာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com