ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
### Unicode Version ###
ပို့ဆောင်ရေး၊ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးနှင့်လျှပ်စစ်ကဏ္ဍတို့အတွက် ကန်ဒေါ်လာ ရှစ်ဘီလီယံ ဂျပန်နိုင်ငံက အကူညီပေးလျှက် ရှိကြောင်း သိရသည်။
ပို့ဆောင်ရေးကဏ္ဍတွင် လမ်းပန်းဆက်သွယ်ရေးနှင့်ဆိပ်ကမ်းပါဝင်ကြောင်း၊မြို့ပြဖွံ့ဖြိုးရေးတွင် အဓိကစီးပွားရေးမြို့တော် ရန်ကုန်မြို့ဖွံ့ဖြိုး ရေးနှင့် လျှပ်စစ်ကဏ္ဍ စသည့်ကဏ္ဍသုံးမျိုးဖြစ်ကြောင်း သိရသည်။
အဆိုပါဖွံ့ဖြိုးရေးကဏ္ဍများအတွက် ဂျပန်က ငါးနှစ်အတွင်း ယင်းငွေကြေးကို အကူအညီပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါဖွံ့ဖြိုးရေးကဏ္ဍ အကူအညီသည် ၂၀၁၆ ခုနှစ်က ဂျပန်သို့ နိုင်ငံတော်၏အတိုင်ပင်ခံ တရားဝင်ခရီးသွားရောက်ခဲ့စဉ်က ဂျပန်ဝန် ကြီးချုပ်ရှင်ဇိုအာဘေးက ကတိပြုခြင်းထားခြင်းကြောင့် အကူအညီ ရရှိခြင်းဖြစ်ကြောင်း သိရသည်။
ဥက္ကာသစ္စာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com