ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ရန္ကုန္တိုင္းေဒသႀကီး တိုက္ႀကီးၿမိဳ႕အနီးကို ဗဟိုျပဳ၍ နိုဝင္ဘာ ၁၂ ရက္ ည ၉ နာရီ ၅၇ မိနစ္အခ်ိန္ခန႔္က လႈပ္ခတ္ခဲ့ေသာငလ်င္ေၾကာင့္ အေဆာက္အအုံ အခ်ိဳ႕ ထိခိုက္မႈျဖစ္သြားေၾကာင္းသိရသည္။
အဆုိပါငလ်င္ေၾကာင့္ ေရႊတိဂုံေစတီေတာ္ အထက္ပစၥယံရွိ အရံေစတီ ႏွစ္ဆူႏွင့္ ေျမစိုက္ေစတီ အမွတ္ (၂၆) တို႔၏ပါ စိန္ဖူးေတာ္ ေျမခခဲ့ေသးသည္။
ငလ်င္ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီး (၁) တာေမြၿမိဳ႕နယ္ နတ္ေခ်ာင္း ရပ္ကြက္ အာေသာကလမ္းအတြင္းရွိ တိုက္တစ္လံုး၊ (၂)ေမတၱာညြန႔္ ရပ္ကြက္ ေရႊဝါလမ္းအတြင္းရွိ တိုက္တစ္လုံး၊(၃) မလြကုန္းေဌးႂကြယ္ (ဃ)ရပ္ကြက္ အာေသာကလမ္းႏွင့္ သတိပဌာန္လမ္းေထာင့္ရွိ တိုက္တစ္လုံးတို႔ တိမ္းေစာင္းခဲ့ၿပီး သဃၤန္းကၽြန္းရွိ ဦးစံေဖလမ္းမွ RC ေလးထပ္တိုက္ အေဆာက္အအုံလည္း ညာဘက္သို႔အနည္းငယ္ ယိုင္သြားခဲ့ေၾကာင္း သိရသည္။
ထိုထိခိုက္မႈရွိသြားေသာ အေဆာက္အအုံမ်ားကို အေသးစိတ္ စစ္ေဆးမႈမ်ားျပဳလုပ္ေနၿပီး ဆက္ေနထိုင္ဖို႔မသင့္ပါက ေရႊ႕ေျပာင္းရမည္ျဖစ္ေၾကာင္း ရန္ကုန္စည္ပင္ပိုင္သတင္းစာအရသိရသည္။
ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕လည္း ငလ်င္ေဘးအႏၲရာယ္ႀကိဳတင္ကာကြယ္ေရးႏွင့္ ပတ္သက္၍ နိုဝင္ဘာ ၁၃ ရက္က အစည္းအေဝးျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ ၅၇ မိနစ်အချိန်ခန့်က လှုပ်ခတ်ခဲ့သောငလျင်ကြောင့် အဆောက်အအုံ အချို့ ထိခိုက်မှုဖြစ်သွားကြောင်းသိရသည်။
အဆိုပါငလျင်ကြောင့် ရွှေတိဂုံစေတီတော် အထက်ပစ္စယံရှိ အရံစေတီ နှစ်ဆူနှင့် မြေစိုက်စေတီ အမှတ် (၂၆) တို့၏ပါ စိန်ဖူးတော် မြေခခဲ့သေးသည်။
ငလျင်ကြောင့် ရန်ကုန်တိုင်းဒေသကြီး (၁) တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက် အာသောကလမ်းအတွင်းရှိ တိုက်တစ်လုံး၊ (၂)မေတ္တာညွန့် ရပ်ကွက် ရွှေဝါလမ်းအတွင်းရှိ တိုက်တစ်လုံး၊(၃) မလွကုန်းဌေးကြွယ် (ဃ)ရပ်ကွက် အာသောကလမ်းနှင့် သတိပဌာန်လမ်းထောင့်ရှိ တိုက်တစ်လုံးတို့ တိမ်းစောင်းခဲ့ပြီး သင်္ဃန်းကျွန်းရှိ ဦးစံဖေလမ်းမှ RC လေးထပ်တိုက် အဆောက်အအုံလည်း ညာဘက်သို့အနည်းငယ် ယိုင်သွားခဲ့ကြောင်း သိရသည်။
ထိုထိခိုက်မှုရှိသွားသော အဆောက်အအုံများကို အသေးစိတ် စစ်ဆေးမှုများပြုလုပ်နေပြီး ဆက်နေထိုင်ဖို့မသင့်ပါက ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်ပိုင်သတင်းစာအရသိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လည်း ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၃ ရက်က အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com