ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
### Unicode Version ###
ဘုရင့်နောင်တံတားအမှတ်(၁) အကြီးစား ပြန်လည်ပြင်ဆင်ခြင်း တစ်လသတ်မှတ်ထားသော်လည်းမပြီးစီးသေး၍ ပြင်ဆင်ရက်ထပ်တိုးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရသိရသည်။
ဘုရင့်နောင်တံတားအမှတ် (၁) ကို အောက်တိုဘာ ၅ ရက်မှ စတင်ကာ နိုဝင်ဘာ ၄ ရက် အထိတစ်လပိတ်ပြီး အကြီးစားပြန်လည်ပြင်ဆင်မှုလုပ်ရန် မူလကသတ်မှတ်ထားသော်လည်း သတ်မှတ်ရက်အတွင်း ၇၅ ရာခိုင်နှုန်းသာပြီးစီးသဖြင့် နိုဝင်ဘာလကုန်မှသာ ယာဉ်များ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
မရမ်းကုန်းနှင့် လှိုင်သာယာမြို့နယ် တို့အား ဆက်သွယ်ထားသော လှိုင်မြစ်ကူးဘုရင့်နောင်တံတား အမှတ ်(၁) တွင် တံတားတိုင်များပေါ်ရှိ သံဘောင်အထိုင် (Bearing) များကို အသစ်လဲလှယ်နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ Bearing နှင့် Expansion Joint လဲလှယ်ခြင်း မှာ ၇၅ ရာခိုင်နှုန်းသာ ပြီးစီး၍ တံတားပြန်လည်ဖြတ်သန်းခွင့်အား နောက်ဆုတ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com