ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၇) ခုကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုပေးခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်ကပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၁၉) အစည်းအဝေးအရသိရသည်။
အစည်းအဝေးကို ရန်ကင်းမြို့နယ် ၊ စိမ်းလဲ့မေလမ်းသွယ်ရှိ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစု ကြည်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
အတည်ပြုပေးခဲ့သော အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၇) ခု၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၇.၈၅၁ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၁၉၅၉)ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
### Unicode Version ###
နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု လုပ်ငန်း (၇) ခုကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုပေးခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်ကပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၁၉) အစည်းအဝေးအရသိရသည်။
အစည်းအဝေးကို ရန်ကင်းမြို့နယ်၊ စိမ်းလဲ့မေလမ်းသွယ်ရှိ တိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှုကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစု ကြည်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
အတည်ပြုပေးခဲ့သော အဆိုပါ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုလုပ်ငန်း(၇) ခု၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၇.၈၅၁ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၁၉၅၉)ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com