ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ပဲခူးစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံများမှာ အများဆုံးဖြစ်ပြီး ဖိနပ်စက်ရုံ၊ ဘီယာစက်ရုံ၊ တိရစ္ဆာန်အစာစက်ရုံများလည်း လည်ပတ်လျက်ရှိပြီး တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံကြကြောင်း သိရသည်။
### Unicode Version ###
ရန်ကုန်တိုင်းမှ ပိတ်သိမ်းသွားသော စက်ရုံများ ပဲခူးစက်မှုဇုန်တွင် ပြန်လည်လုပ်ကိုင်ရန်ကမ်းလှမ်းထားမှုရှိကြောင်း သိရသည်။
ပြန်လည်ရင်းနှီးမြှုုပ်နှံရန် ကမ်းလှမ်းထားသောစက်ရုံပေါင်း ၁၈ ခုရှိကြောင်းသိရသည်။ရန်ကုန်တိုင်းမှ ပိတ်သိမ်းသွားသောစက်ရုံများမှာ ပြန်လည်ထွက်ခွာသွားခြင်း မဟုတ်ဘဲ ပဲခူးစက်မှုဇုန်တွင် ငါးနှစ်အခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ တည်ဆောက်ရေးကာလကို နှစ်နှစ်အခွန် ကင်းလွတ်ခွင့်ပြုခြင်း၊အလုပ်ရှင်အလုပ်သမား ပြဿနာနည်းပါးခြင်းတို့ကြောင့် ပြန်လည်ရင်းနှီးမြှုပ်နှံရန်ကမ်းလှမ်းခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ပဲခူးစက်မှုဇုန်တွင် ၄၂ ရုံလည်ပတ်နေပြီး ၁၀ ရုံမှာဆောက်လုပ်ဆဲဖြစ်ကြောင်း၊ပြည်ပစက်မှုဇုန်အကွက်များမှာပြည့်နေပြီဖြစ်ကြောင်း၊ ပြည်တွင်းစက်မှုဇုန်အကွက် ၈၄ ကွက်တွင် ၅၅ ရာခိုင်နှုန်းတော့ပြည့်နေပြီဖြစ်ပြီး တိုင်းဒေသကြီးတစ်ခုလုံးတွင် စက်ရုံပေါင်း ၆၀ ကျော်ရှိကြောင်း သိရသည်။
ပဲခူးစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံများမှာ အများဆုံးဖြစ်ပြီး ဖိနပ်စက်ရုံ၊ ဘီယာစက်ရုံ၊ တိရစ္ဆာန်အစာစက်ရုံများလည်း လည်ပတ်လျက်ရှိပြီး တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ အများဆုံးလာရောက်ရင်းနှီးမြှုုပ်နှံကြကြောင်း သိရသည်။
ပဲခူးစက်မှုဇုန်အနေဖြင့် လုပ်သားရှစ်သောင်းခန့်လုပ်ကိုင်နေပြီး ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် အလုပ်သမားကိုးသောင်းကျော် မှာ စက်ရုံများတွင်လုပ်ကိုင်နေကြကြောင်း သိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com