ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ရန္ကုန္မိုးပ်ံလမ္းအျမန္ကားလမ္းစီမံကိန္း လုပ္ကိုင္ခြင့္ရကုမၸဏီေရြးခ်ယ္မႈကို ေနာက္ဆုတ္လိုက္ေၾကာင္းေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္က ေျပာသည္။
တင္ဒါပါစည္းကမ္းမ်ားအရ ညႇိႏွိုင္းမႈမၿပီးျပတ္ေသး၍ ေအာက္တိုဘာလတြင္ ေရြးခ်ယ္မႈကို ေနာက္ဆုတ္လိုက္ျခင္းျဖစ္သည္ဟု ၎ကဆိုသည္။
အဆိုပါစီမံကိန္းတြင္ ေငြေၾကးရင္းႏွီးျမႇပ္ႏွံပမာဏကိုလည္း ျပန္လည္ညႇိႏိႈင္းရသည္ဟုလည္း ဦးၾကည္ေဇာ္ျမင့္ကဆိုသည္။
ရန္ကုန္မိုးပ်ံလမ္းစီမံကိန္းအတြက္ အရည္အေသြးျပည့္မီသည့္ ဆန္ခါတင္လုပ္ငန္းစု ၁၀ ခုကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ဒီဇင္ဘာလ ၅ ရက္ ကထုတ္ျပန္ခဲ့သည္။ထိုလုပ္ငန္းစု ၁၀ ခုထဲတြင္ တ႐ုတ္ကုမၸဏီလုပ္ငန္းစု ေလးခု ၊ ျပင္သစ္ ကုမၸဏီ တစ္ခု ၊ ကိုရီးယား လုပ္ငန္းစု တစ္ခု၊ ဂ်ပန္ကုမၸဏီလုပ္ငန္း တစ္ခု ၊ ျမန္မာ- ထိုင္းႏွင့္ ဂ်ပန္တို႔ ေပါင္းထားသည့္ လုပ္ငန္း တစ္ခု ၊ တ႐ုတ္ႏွင့္ျမန္မာတို႔ေပါင္းထားသည့္ လုပ္ငန္းစု တစ္ခု ၊ ထိုင္းႏွင့္ တ႐ုတ္တို႔ေပါင္းထားသည့္ လုပ္ငန္းစုတို႔ပါဝင္ၾကသည္။
မိုးပ်ံလမ္းစီမံကိန္းသည္ ရန္ကုန္ၿမိဳ႕၏ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေလ်ာ့က်ေစရန္ႏွင့္ နိုင္ငံ၏ စီးပြားေရး၊ လူမႈေရး လုပ္ငန္းမ်ားတြင္ ဆက္သြယ္ေရးေကာင္းမြန္လာေစရန္ျဖစ္သည္ဟု အစိုးရကဆိုထားသည္။
စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်မိုးပျံလမ်းအမြန်ကားလမ်းစီမံကိန်း လုပ်ကိုင်ခွင့်ရကုမ္ပဏီရွေးချယ်မှုကို နောက်ဆုတ်လိုက်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။
တင်ဒါပါစည်းကမ်းများအရ ညှိနှိုင်းမှုမပြီးပြတ်သေး၍ အောက်တိုဘာလတွင် ရွေးချယ်မှုကို နောက်ဆုတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
အဆိုပါစီမံကိန်းတွင် ငွေကြေးရင်းနှီးမြှပ်နှံပမာဏကိုလည်း ပြန်လည်ညှိနှိုင်းရသည်ဟုလည်း ဦးကြည်ဇော်မြင့်ကဆိုသည်။
ရန်ကုန်မိုးပျံလမ်းစီမံကိန်းအတွက် အရည်အသွေးပြည့်မီသည့် ဆန်ခါတင် လုပ်ငန်းစု ၁၀ ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၅ ရက် ကထုတ်ပြန်ခဲ့သည်။ထိုလုပ်ငန်းစု ၁၀ ခုထဲတွင် တရုတ်ကုမ္ပဏီလုပ်ငန်းစု လေးခု ၊ ပြင်သစ် ကုမ္ပဏီ တစ်ခု ၊ ကိုရီးယား လုပ်ငန်းစု တစ်ခု၊ ဂျပန်ကုမ္ပဏီလုပ်ငန်း တစ်ခု ၊ မြန်မာ- ထိုင်းနှင့် ဂျပန်တို့ ပေါင်းထားသည့် လုပ်ငန်း တစ်ခု ၊ တရုတ်နှင့်မြန်မာတို့ပေါင်းထားသည့် လုပ်ငန်းစု တစ်ခု ၊ ထိုင်းနှင့် တရုတ်တို့ပေါင်းထားသည့် လုပ်ငန်းစုတို့ပါဝင်ကြသည်။
မိုးပျံလမ်းစီမံကိန်းသည် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို လျော့ကျစေရန်နှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများတွင် ဆက်သွယ်ရေးကောင်းမွန်လာစေရန်ဖြစ်သည်ဟု အစိုးရကဆိုထားသည်။
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com