ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ေဟာင္ေကာင္စေတာ့အိတ္ခ်ိန္းစာရင္းဝင္ Xiaomi Corporation ၏ ဘုတ္အဖြဲ႕ဝင္ေဟာင္း Koh Tuck Lye သည္ စကၤာပူႏိုင္ငံ Tanglin Hill (Tanglin ေတာင္ကုန္း) ေပၚရွိ ေရႊအဆင့္ႏွစ္ထပ္အိမ္ေလး (GCB (God Class Bungalow)) တစ္လံုးကို ေဒၚလာ ၃၁ ဒသမ ၅ သန္း သို႔မဟုတ္ ၁ စတုရန္းေပလွ်င္ ၁,၉၁၅ ေဒၚလာ ျဖင့္ ဝယ္ယူလုိက္ၿပီျဖစ္ေၾကာင္း The Business Times က ေဖာ္ျပခဲ့သည္။
Ridley Park GCB ဧရိယာအတြင္း တည္ရွိသည့္ ဘိုးဘြားပိုင္ေျမေပၚတည္ေဆာက္ထားေသာ ၎အိမ္သည္ ႏွစ္ ၃၀ ေက်ာ္သက္တမ္းရွိၿပီျဖစ္ၿပီး ၁၆,၄၄၆ စတုရန္းေပက်ယ္ဝန္းသည့္ ေျမေနရာတြင္ တည္ရွိသည္။
Xu Dalai (ရႊီဒလိုင္း) ဟုလည္း လူသိမ်ားသည့္ စကၤာပူႏုိင္ငံသားတစ္ဦးျဖစ္သူ Koh သည္ ၎အိမ္အား ၿဖိဳခ်၍ အိမ္သစ္ေဆာက္ဖြယ္ရွိသည္ဟု ခန္႔မွန္းရသည္။
"ထိုအေရာင္းအဝယ္ျဖစ္ခဲ့ေသာ ေဈးႏႈန္းက Ridley Park GCB Area တြင္ အျမင့္ဆံုးေဈးႏႈန္းျဖစ္ႏုိင္သည္" ဟု List Sotheby's International Realty (List SIR) အိမ္ၿခံေျမအက်ဳိးေဆာင္ကုမၸဏီက မွတ္ခ်က္ျပဳခ့ဲသည္။
ယင္းအေရာင္းအဝယ္တြင္ ေရာင္းသူကို List SIR ၏ အႀကီးတန္းတြဲဖက္ဒုတိယဥကၠ႒ စတိဗ္ေတးက ကိုယ္စားျပဳခဲ့ျခင္းျဖစ္သည္။ သူက "ေျပာရရင္ Tanglin Hill မွာ ေနာက္ဆံုးအေရာင္းအဝယ္ျဖစ္ခဲ့တဲ့ GCB ဟာ လြန္ခဲ့တဲ့သံုးႏွစ္က ျဖစ္ခဲ့တာပါ။ အခု GCB နဲ႔ တစ္လမ္းပဲ ျခားပါတယ္။ ၁၇,၇၂၈ စတုရန္းေပက်ယ္တဲ့ ဘိုးဘြားပိုင္ေျမမွာ ေဆာက္ထားတာျဖစ္ၿပီး ၂၀၁၆ မတ္လတုန္းက ေဒၚလာ ၂၇ ဒသမ ၅ သန္း (၁ စတုရန္းေပလွ်င္ ေဒၚလာ ၁,၅၅၁) နဲ႔ အေရာင္းအဝယ္ျဖစ္ခဲ့တာပါ။" ဟု ေျပာၾကားခဲ့သည္။
GCB ဧရိယာအတြင္းရွိ တစ္ထပ္အိမ္ႏွင့္ ႏွစ္ထပ္အိမ္မ်ားကို စကၤာပူ၏ ဂုဏ္သိကၡာအႀကီးဆံုးလံုးခ်င္းအိမ္မ်ားအျဖစ္ ယူဆၾကသည္။ ၎အိမ္မ်ားတြင္သူတို႔၏ အထပ္နိမ့္မႈႏွင့္ အထူးသီးသန္႔ျဖစ္မႈတို႔ကို ထိန္းသိမ္းရန္ တင္းက်ပ္ေသာ အေဆာက္အအံုျပင္ဆင္ခြင့္အေျခအေနမ်ား ရွိသည္။
Xiaomi ဒါ႐ိုက္တာေဟာင္းအား ထို GCB ျပန္လည္ေရာင္းခ်ခဲ့သည့္ မိသားစုသည္ ပိုမိုႀကီးမားေသာ GCB သို႔ ေရႊ႕ေျပာင္းရန္ ဆံုးျဖတ္ခဲဲ့ေၾကာင္းႏွင့္ သူတို႔အေနျဖင့္ ထို GCB အား ၁၉၈၄ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း List SIR က ထုတ္ျပန္ခဲ့သည္။
Koh သည္ Shunwei Capital ရင္းႏွီးျမႇဳပ္ႏွံမႈရန္ပံုေငြစီမံခန္႔ခြဲမႈကုမၸဏီအတြက္ အာ႐ံုစိုက္လုပ္ေဆာင္ရန္အလို႔ငွာ Xiaomi Corporation ၏ non-executive director (executive အဖြဲ႕ဝင္မဟုတ္ေသာ director) ႏွင့္ စာရင္းစစ္ေကာ္မတီအဖြဲ႕ဝင္အျဖစ္တို႔မွ ၿပီးခဲ့သည့္လက ႏုတ္ထြက္ခဲ့သည္။
Xiaomi ၏ ၂၀၁၈ ခုႏွစ္ ႏွစ္ပတ္လည္အစီရင္ခံစာတြင္ ေဖာ္ျပခ်က္အရ ဆုိရေသာ္ Koh သည္ စကၤာပူအမ်ဳိးသားတကၠသိုလ္မွ စက္မႈအင္ဂ်င္နီယာဘာသာရပ္ျဖင့္ Bachelor ဒီဂရီ (တကၠသိုလ္ပထမဘြဲ႕) ရရွိထားသူျဖစ္ေၾကာင္း သိရသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ဟောင်ကောင်စတော့အိတ်ချိန်းစာရှင်းဝင် Xiaomi Corporation ၏ ဘုတ်အဖွဲ့ဝင်ဟောင်း Koh Tuck Lye သည် စင်္ကာပူနိုင်ငံ Tanglin Hill (Tanglin တောင်ကုန်း) ပေါ်ရှိ ရွှေအဆင့်နှစ်ထပ်အိမ်လေး (GCB (God Class Bungalow)) တစ်လုံးကို ဒေါ်လာ ၃၁ ဒသမ ၅ သန်း သို့မဟုတ် ၁ စတုရန်းပေလျှင် ၁,၉၁၅ ဒေါ်လာ ဖြင့် ဝယ်ယူလိုက်ပြီဖြစ်ကြောင်း The Business Times က ဖော်ပြခဲ့သည်။
Ridley Park GCB ဧရိယာအတွင်း တည်ရှိသည့် ဘိုးဘွားပိုင်မြေပေါ်တည်ဆောက်ထားသော ၎င်းအိမ်သည် နှစ် ၃၀ ကျော်သက်တမ်းရှိပြီဖြစ်ပြီး ၁၆,၄၄၆ စတုရန်းပေကျယ်ဝန်းသည့် မြေနေရာတွင် တည်ရှိသည်။
Xu Dalai (ရွှီဒလိုင်း) ဟုလည်း လူသိများသည့် စင်္ကာပူနိုင်ငံသားတစ်ဦးဖြစ်သူ Koh သည် ၎င်းအိမ်အား ဖြိုချ၍ အိမ်သစ်ဆောက်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
"ထိုအရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းက Ridley Park GCB Area တွင် အမြင့်ဆုံးဈေးနှုန်းဖြစ်နိုင်သည်" ဟု List Sotheby's International Realty (List SIR) အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီက မှတ်ချက်ပြုခဲ့သည်။
ယင်းအရောင်းအဝယ်တွင် ရောင်းသူကို List SIR ၏ အကြီးတန်းတွဲဖက်ဒုတိယဥက္ကဋ္ဌ စတိဗ်တေးက ကိုယ်စားပြုခဲ့ခြင်းဖြစ်သည်။ သူက "ပြောရရင် Tanglin Hill မှာ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့တဲ့ GCB ဟာ လွန်ခဲ့တဲ့သုံးနှစ်က ဖြစ်ခဲ့တာပါ။ အခု GCB နဲ့ တစ်လမ်းပဲ ခြားပါတယ်။ ၁၇,၇၂၈ စတုရန်းပေကျယ်တဲ့ ဘိုးဘွားပိုင်မြေမှာ ဆောက်ထားတာဖြစ်ပြီး ၂၀၁၆ မတ်လတုန်းက ဒေါ်လာ ၂၇ ဒသမ ၅ သန်း (၁ စတုရန်းပေလျှင် ဒေါ်လာ ၁,၅၅၁) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တာပါ။" ဟု ပြောကြားခဲ့သည်။
GCB ဧရိယာအတွင်းရှိ တစ်ထပ်အိမ်နှင့် နှစ်ထပ်အိမ်များကို စင်္ကာပူ၏ ဂုဏ်သိက္ခာအကြီးဆုံးလုံးချင်းအိမ်များအဖြစ် ယူဆကြသည်။ ၎င်းအိမ်များတွင်သူတို့၏ အထပ်နိမ့်မှုနှင့် အထူးသီးသန့်ဖြစ်မှုတို့ကို ထိန်းသိမ်းရန် တင်းကျပ်သော အဆောက်အအုံပြင်ဆင်ခွင့်အခြေအနေများ ရှိသည်။
Xiaomi ဒါရိုက်တာဟောင်းအား ထို GCB ပြန်လည်ရောင်းချခဲ့သည့် မိသားစုသည် ပိုမိုကြီးမားသော GCB သို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် သူတို့အနေဖြင့် ထို GCB အား ၁၉၈၄ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း List SIR က ထုတ်ပြန်ခဲ့သည်။
Koh သည် Shunwei Capital ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေစီမံခန့်ခွဲမှုကုမ္ပဏီအတွက် အာရုံစိုက်လုပ်ဆောင်ရန်အလို့ငှာ Xiaomi Corporation ၏ non-executive director (executive အဖွဲ့ဝင်မဟုတ်သော director) နှင့် စာရင်းစစ်ကော်မတီအဖွဲ့ဝင်အဖြစ်တို့မှ ပြီးခဲ့သည့်လက နုတ်ထွက်ခဲ့သည်။
Xiaomi ၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြချက်အရ ဆိုရသော် Koh သည် စင်္ကာပူအမျိုးသားတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘာသာရပ်ဖြင့် Bachelor ဒီဂရီ (တက္ကသိုလ်ပထမဘွဲ့) ရရှိထားသူဖြစ်ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)