ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ႏိုဝင္ဘာ ၆ တြင္ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ကယ္ရီလမ္က ကြမ္တံုးၿမိဳ႕ကိုးၿမိဳ႕တြင္ အိမ္ၿခံေျမဝယ္ယူရန္ တန္းတူအခြင့္အေရးမ်ားအပါအဝင္ Guandong-Hong Kong-Macau Greater Bay Area တြင္ ေနထုိင္၊ လုပ္ကိုင္၊ ပညာသင္ၾကား၊ လုပ္ငန္းလုပ္ကိုင္ရန္ ေဟာင္ေကာင္ႏွင့္မကာအိုေဒသခံမ်ားအတြက္ ပိုမိုအဆင္ေျပေစမည့္ မူဝါဒ ၁၆ ရပ္ကို မိတ္ဆက္ခဲ့ေၾကာင္း ANN သတင္းကြန္ရက္က ေဖာ္ျပခဲ့သည္။
မူဝါဒမ်ားအနက္ အသိသာဆံုးမွာ ကြမ္တံုးျပည္နယ္ရွိ ၿမိဳ႕ကိုးၿမိဳ႕တြင္ အိမ္ၿခံေျမဝယ္ယူမည့္ ေဟာင္ေကာင္ႏွင့္ မကာအိုေဒသခံတို႔အား ျပည္မႀကီးမွႏိုင္ငံသားမ်ားႏွင့္တန္းတူဥပေဒေရးရာအက်ဳိးခံစားခြင့္ေပးျခင္း ျဖစ္သည္။
လက္ရွိအခ်ိန္အထိမူ သူတို႔သည္ ျပည္မႀကီးမွ တာဝန္ရွိသူမ်ားထံ လူမႈဖူလံုေရးအာမခံႏွင့္ တစ္ဦးခ်င္းဝင္ေငြခြန္တို႔အတြက္ ပမာဏအခ်ဳိ႕ေပးေဆာင္ရကာ ပညာသင္ၾကားမႈ၊ အလုပ္ခန္႔အပ္မႈ သို႔မဟုတ္ ေနထုိင္မႈကာလတို႔ႏွင့္ပတ္သက္၍ သက္ေသမ်ား ျပခဲ့ၾကရသည္။
Guandong-Hong Kong-Macau Greater Bay Area Youth Association ၏ တာဝန္ခံဥကၠ႒ Angus Ng က အထူးသျဖင့္ ေဟာင္ေကာင္တြင္ အိမ္ၿခံေျမေဈးႏႈန္းပိုမိုျမင့္တက္လာသည္ႏွင့္အမွ် ပိုမိုငယ္ရြယ္ေသာ ေဟာင္ေကာင္ေဒသခံမ်ားသည္ ပိုမိုသက္ညႇာမည့္အိမ္ၿခံေျမဝယ္ယူမႈစည္းမ်ဥ္းမ်ား၏ ပထမဆံုးအက်ဳိးခံစားရသူမ်ားျဖစ္လာမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
တာဝန္ရွိသူမ်ားအေနျဖင့္ ျပည္မႀကီးတြင္ အိမ္ေဈးသိသိသာသာျမင့္တက္မႈကို တားဆီးသည့္၊ ေဒသခံမ်ား၏ အိမ္ၿခံေျမဝယ္ယူမႈမ်ားလည္း အက်ဳံးဝင္မည့္ ေဈးကြက္စည္းမ်ဥ္းတင္းက်ပ္မႈမ်ား အေကာင္အထည္ေဖာ္ရန္လည္း သူက အႀကံျပဳခဲ့သည္။
ထို႔အျပင္ သူက “ ေဟာင္ေကာင္မွာတင္မကဘဲ ကြမ္တံုးျပည္နယ္မွာလည္း အဲ့ဒီစည္းမ်ဥ္းေတြကို ကၽြန္တာ္တို႔ အျပည့္အဝနားလည္အသံုးခ်ဖို႔ လိုပါတယ္ ” ဟုလည္း ျဖည့္စြက္ေျပာၾကားခဲ့ေၾကာင္း သိရသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
နိုဝင်ဘာ ၆ တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က ကွမ်တုံးမြို့ကိုးမြို့တွင် အိမ်ခြံမြေဝယ်ယူရန် တန်းတူအခွင့်အရေးများအပါအဝင် Guandong-Hong Kong-Macau Greater Bay Area တွင် နေထိုင်၊ လုပ်ကိုင်၊ ပညာသင်ကြား၊ လုပ်ငန်းလုပ်ကိုင်ရန် ဟောင်ကောင်နှင့်မကာအိုဒေသခံများအတွက် ပိုမိုအဆင်ပြေစေမည့် မူဝါဒ ၁၆ ရပ်ကို မိတ်ဆက်ခဲ့ကြောင်း ANN သတင်းကွန်ရက်က ဖော်ပြခဲ့သည်။
မူဝါဒများအနက် အသိသာဆုံးမှာ ကွမ်တုံးပြည်နယ်ရှိ မြို့ကိုးမြို့တွင် အိမ်ခြံမြေဝယ်ယူမည့် ဟောင်ကောင်နှင့် မကာအိုဒေသခံတို့အား ပြည်မကြီးမှနိုင်ငံသားများနှင့်တန်းတူဥပဒေရေးရာအကျိုးခံစားခွင့်ပေးခြင်း ဖြစ်သည်။
လက်ရှိအချိန်အထိမူ သူတို့သည် ပြည်မကြီးမှ တာဝန်ရှိသူများထံ လူမှုဖူလုံရေးအာမခံနှင့် တစ်ဦးချင်းဝင်ငွေခွန်တို့အတွက် ပမာဏအချို့ပေးဆောင်ရကာ ပညာသင်ကြားမှု၊ အလုပ်ခန့်အပ်မှု သို့မဟုတ် နေထိုင်မှုကာလတို့နှင့်ပတ်သက်၍ သက်သေများ ပြခဲ့ကြရသည်။
Guandong-Hong Kong-Macau Greater Bay Area Youth Association ၏ တာဝန်ခံဥက္ကဋ္ဌ Angus Ng က အထူးသဖြင့် ဟောင်ကောင်တွင် အိမ်ခြံမြေဈေးနှုန်းပိုမိုမြင့်တက်လာသည်နှင့်အမျှ ပိုမိုငယ်ရွယ်သော ဟောင်ကောင်ဒေသခံများသည် ပိုမိုသက်ညှာမည့်အိမ်ခြံမြေဝယ်ယူမှုစည်းမျဉ်းများ၏ ပထမဆုံးအကျိုးခံစားရသူများဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တာဝန်ရှိသူများအနေဖြင့် ပြည်မကြီးတွင် အိမ်ဈေးသိသိသာသာမြင့်တက်မှုကို တားဆီးသည့်၊ ဒေသခံများ၏ အိမ်ခြံမြေဝယ်ယူမှုများလည်း အကျုံးဝင်မည့် ဈေးကွက်စည်းမျဉ်းတင်းကျပ်မှုများ အကောင်အထည်ဖော်ရန်လည်း သူက အကြံပြုခဲ့သည်။
ထို့အပြင် သူက “ ဟောင်ကောင်မှာတင်မကဘဲ ကွမ်တုံးပြည်နယ်မှာလည်း အဲ့ဒီစည်းမျဉ်းတွေကို ကျွန်တာ်တို့ အပြည့်အဝနားလည်အသုံးချဖို့ လိုပါတယ် ” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)