ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
(၈) ႀကိမ္ေျမာက္ ဂ်ပန္ - ျမန္မာ ႏွစ္ႏိုင္ငံၾကားစီးပြားေရးကုန္သြယ္မႈႏွင့္ယဥ္ေက်းမႈမ်ားဖလွယ္ေရး ၂၀၁၉ ခုႏွစ္ ကုန္စည္ျပပြဲႀကီး ( Japan Expo Yangon 2019 ) ကို ႏိုဝင္ဘာ ၁၅ ရက္မွ ၁၇ ရက္ အထိ ရန္ကုန္ၿမိဳ႕ဦးဝိစာရလမ္းမေပၚရွိ တပ္မေတာ္ခန္းမ၌ က်င္းပမည္ျဖစ္ေၾကာင္း ႏိုဝင္ဘာ (၅)ရက္ ညေနပိုင္းက ရန္ကုန္ၿမိဳ႕ Summit Parkview ဟိုတယ္၌ က်င္းပခဲ့သည့္ စာနယ္ဇင္းရွင္လင္းပြဲ၌ ျပပြဲစီစဥ္သူ Myanmar Promotional Services ကုမၸဏီလီမိတက္မွ မန္ေနဂ်င္းဒါရုိက္တာျဖစ္သူ ေဒါက္တာဇာနည္ေမာင္ေမာင္က ေျပာထားသည္။
အဆိုပါကုန္စည္ျပပြဲကို ျမန္မာႏိုင္ငံဂ်ပန္သံရုံး၊ဂ်ပန္ျပည္ပကုန္သြယ္မႈဆိုင္ရာ အဖြဲ႕အစည္း (Jetro) ၊Japan Foundation DICA (ရင္းႏွီးျမွဳပ္ ႏွံမႈႏွင့္ကုမၸဏီမ်ား ညႊန္ၾကားမႈဦးစီဌာန) တို႔ကပံ႔ပိုး ကူညီေပးထားၿပီး Myanmar Promotional Services ကုမၸဏီလီမိတက္က စီစဥ္ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ျပပြဲတြင္ အမ်ိဳးအစားစုံလင္သည့္ဂ်ပန္ႏိုင္ငံမွထုတ္ကုန္မ်ား၊ လုပ္ငန္းႏွင့္ဝန္ေဆာင္မႈဆိုင္ရာလုပ္ငန္းမ်ားကိုတစ္ေနရာတည္းတြင္ စုံလင္စြာခင္းက်င္းျပသထားမည္ျဖစ္ေၾကာင္း၊ အရည္အေသြးျမင့္ဂ်ပန္ႏိုင္ငံထုတ္ကုန္ပစၥည္းမ်ားႏွင့္ ေဆးဝါးပစၥည္းမ်ား၊ ဂ်ပန္သင္တန္းေက်ာင္းမ်ား၊ ဂ်ပန္ႏိုင္ငံမွနည္းပညာျမင့္ စက္ပစၥည္းမ်ား၊စားေသာက္ကုန္မ်ား၊အိမ္သုံးပစၥည္းမ်ားႏွင့္အလွကုန္ပစၥည္းမ်ား၊ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းမ်ားအပါအဝင္ဆက္သြယ္ေရးလုံျခဳံေရး၊လုံျခဳံေရးႏွင့္ဆက္စပ္ပစၥည္းမ်ားကိုပါ ခင္းက်င္းျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။
ျပပြဲတြင္ ဆက္စပ္လုပ္ငန္း ၁၀၀ ေက်ာ္မွျပခန္းေပါင္း ၁၅၀ ေက်ာ္ျဖင့္ခင္းက်င္းျပသသြားမည္ျဖစ္ၿပီး Japan Cosplay ဇာတ္ေကာင္ ၿပိဳင္ပြဲမ်ား၊ဂ်ပန္သီခ်င္းဆိုၿပိဳင္ပြဲမ်ား၊ Japan/Thai idol unit-Siam Dream အဖြဲ၏သီဆိုကျပေဖ်ာ္ေျဖမႈ၊ဂ်ပန္ရုိးရာဝတ္စုံဝတ္ျခင္း၊ဂ်ပန္ ကင္ဒိုျပ ပြဲမ်ားကိုပါထည့္သြင္းထားေၾကာင္း သိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
(၈) ကြိမ်မြောက် ဂျပန် - မြန်မာ နှစ်နိုင်ငံကြားစီးပွားရေးကုန်သွယ်မှုနှင့်ယဉ်ကျေးမှုများဖလှယ်ရေး ၂၀၁၉ ခုနှစ် ကုန်စည်ပြပွဲကြီး ( Japan Expo Yangon 2019 ) ကို နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက် အထိ ရန်ကုန်မြို့ဦးဝိစာရလမ်းမပေါ်ရှိ တပ်မတော်ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ Summit Parkview ဟိုတယ်၌ ကျင်းပခဲ့သည့် စာနယ်ဇင်းရှင်လင်းပွဲ၌ ပြပွဲစီစဉ်သူ Myanmar Promotional Services ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဒေါက်တာဇာနည်မောင်မောင်က ပြောထားသည်။
အဆိုပါကုန်စည်ပြပွဲကို မြန်မာနိုင်ငံဂျပန်သံရုံး၊ဂျပန်ပြည်ပကုန်သွယ်မှုဆိုင်ရာ အဖွဲ့အစည်း (Jetro) ၊Japan Foundation DICA (ရင်းနှီးမြှုပ် နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီဌာန) တို့ကပံ့ပိုး ကူညီပေးထားပြီး Myanmar Promotional Services ကုမ္ပဏီလီမိတက်က စီစဉ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် အမျိုးအစားစုံလင်သည့်ဂျပန်နိုင်ငံမှထုတ်ကုန်များ၊ လုပ်ငန်းနှင့်ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများကိုတစ်နေရာတည်းတွင် စုံလင်စွာခင်းကျင်းပြသထားမည်ဖြစ်ကြောင်း၊ အရည်အသွေးမြင့်ဂျပန်နိုင်ငံထုတ်ကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ၊ ဂျပန်သင်တန်းကျောင်းများ၊ ဂျပန်နိုင်ငံမှနည်းပညာမြင့် စက်ပစ္စည်းများ၊စားသောက်ကုန်များ၊အိမ်သုံးပစ္စည်းများနှင့်အလှကုန်ပစ္စည်းများ၊ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ အပါအဝင်ဆက်သွယ်ရေးလုံခြုံရေး၊လုံခြုံရေးနှင့်ဆက်စပ်ပစ္စည်းများကိုပါ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် ဆက်စပ်လုပ်ငန်း ၁၀၀ ကျော်မှပြခန်းပေါင်း ၁၅၀ ကျော်ဖြင့်ခင်းကျင်းပြသသွားမည်ဖြစ်ပြီး Japan Cosplay ဇာတ်ကောင် ပြိုင်ပွဲများ၊ဂျပန်သီချင်းဆိုပြိုင်ပွဲများ၊ Japan/Thai idol unit-Siam Dream အဖွဲ၏သီဆိုကပြဖျော်ဖြေမှု၊ဂျပန်ရိုးရာဝတ်စုံဝတ်ခြင်း၊ဂျပန် ကင်ဒိုပြ ပွဲများကိုပါထည့်သွင်းထားကြောင်း သိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com