ဗြိတိန်အစိုးရက တန်ဖိုးသင့် လူနေခန်းပေါင်း ၂၀၀၀၀၀ ဆောက်လုပ်ပေးမည်ဟု ၂၀၁၅ ခုနှစ်က ကတိပြုခဲ့သော်လည်း ယနေ့တိုင် တစ်ခန်းမျှ ဆောက်လုပ်ပေးခြင်းမရှိသေး
ဗြိတိန်အစိုးရက တန်ဖိုးသင့် လူနေခန်းပေါင်း ၂၀၀၀၀၀ ဆောက်လုပ်ပေးမည်ဟု ၂၀၁၅ ခုနှစ်က ကတိပြုခဲ့သော်လည်း ယနေ့တိုင် တစ်ခန်းမျှ ဆောက်လုပ်ပေးခြင်းမရှိသေး - Property News in Myanmar from iMyanmarHouse.com
7 Nov 2019 12:01 pm တွင် တင်ခဲ့သည်
656 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ဗြိတိန်၏ အာဏာရ ကွန်ဆာဗေးတစ်ပါတီ အစိုးရက နေအိမ်စတင်ဝယ်ယူမည့်သူများအတွက် တန်ဖိုးသင့်နေအိမ်ခန်း သိန်းနှင့်ချီပြီး ဆောက်လုပ်ပေးမည်ဟု ကတိပြုခဲ့ပြီး ပေါင် ၂ ဘီလီယံအထိ ရန်ပုံငွေ ထားခဲ့သော်လည်း ယနေ့တိုင် ဆောက်လုပ်ပေးခြင်း မရှိသေးကြောင်း အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။
အသက် ၄၀ အောက် ပထမဆုံးနေအိမ်ဝယ်ယူမည့်သူများအတွက် အကူအညီပေးနိုင်ရန်အတွက် နေအိမ်ပေါင်း ၂၀၀၀၀၀ အထိ ဆောက်လုပ်ပေးသွားမည်ဟု ကွန်ဆာဗေးတစ်ပါတီက ၂၀၁၅ ခုနှစ် ပါတီမူဝါဒတွင် ထည့်သွင်းရေးဆွဲကာ ကတိပြုခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်အစိုးရက အဆိုပါစီမံကိန်း ပထမဆင့်အနေဖြင့် နေအိမ်ပေါင်း ၆၀၀၀၀ ဆောက်လုပ်ရန် ပေါင် ၂ ဒသမ ၃ ဘီလီယံ ရန်ပုံငွေ ထားရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံး (NAO )၏ အချက်အလက်များတွင် ဖော်ပြခဲ့ပြီး လက်တွေ့တွင်မူ မည်သည့်နေအိမ်သစ်တစ်လုံးမျှ ဆောက်လုပ်ခဲ့ခြင်းမရှိချေ။
ဗြိတိန်အစိုးရက အဆိုပါစီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ် အိုးအိမ်နှင့် စီမံကိန်းအက်ဥပဒေကို ပြဌာန်းခဲ့သော်လည်း ယင်းဥပဒေ၏ သက်ဆိုင်ရာ အခန်းများ အသက်ဝင်လာရန် လိုအပ်သေးကြောင်းလည်း အမျိုးသားစာရင်းအင်းရုံးက ပြောကြားသည်။
လက်ရှိအချိန်တွင် အိုးအိမ်၊ အသိုက်အဝန်းများနှင့် ဒေသတွင်းအစိုးရ ဝန်ကြီးဌာန (MHCLG) ထံတွင် အဆိုပါ အိမ်ရာများ ဆောက်လုပ်ရန် ဘတ်ဂျက်ငွေ မရှိတော့ကြောင်းလည်း အမျိုးသားစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၂၀၁၅-၁၆ နှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်များတွင် MHCLG နှင့် ၎င်း၏ အဖွဲ့အစည်းများသည် တန်ဖိုးသင့် နေအိမ်များအတွက် မူလရည်ရွယ်ထားသော မြေနေရာများ မြေပြင်ဆင်ခြင်းအတွက် ပေါင် ၁၇၄ သန်း သုံးစွဲခဲ့ကြသည်။
NAO ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြရာ၌ အချို့သော developer များသည် နေအိမ်စတင်ဝယ်ယူမည့်သူများအတွက် တန်ဖိုးသင့်ဟူသော အချက်နှင့် ကိုက်ညီသည့် အိမ်ရာအချို့ ဆောက်လုပ်ရောင်းချခဲ့သော်လည်း တရားဝင်ဥပဒေအရမူ MHCLG က လိုအပ်သည့် ဥပဒေထပ်မံ မပြဌာန်းမချင်း ယင်းကဲ့သို့ ရောင်းချ၍ မရကြောင်း ဖော်ပြသည်။
ပြည်သူ့ရေးရာ စာရင်းအင်းကော်မတီမှ ဥက္ကဌအမျိုးသမီး မက်ဂ် ဟီလီယာက ပြောကြားရာတွင် “နေအိမ်စတင်ဝယ်ယူမယ့်သူတွေအတွက် နေအိမ်သစ် ၆၀၀၀၀ ဆောက်လုပ်ဖို့အတွက် ပေါင် ၂ ဘီလီယံကျော် ထားရှိခဲ့ပေမယ့် တစ်လံးမှ မဆောက်ခဲ့ပါဘူး။ ၂၀၁၀ ကတည်းက အိမ်ခြံမြေစီမံကိန်းများစွာ ဆောက်လုပ်မယ်လို့ ပျော်ပွဲရွှင်ပွဲ အခမ်းအနားကြီးတွေ ကျင်းပပြီး ပြောခဲ့တာတွေလည်း ပျောက်ကွယ်သွားပါပြီ”ဟု ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Car Expo and Networking
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service