ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
အေမရိကန္ေဒၚလာ ၂၂ သန္းေက်ာ္နဲ႔ ျမန္မာေငြက်ပ္သန္း ရွစ္ရာေက်ာ္ပမာဏရွိတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၁၂ ခုကို ရန္ကုန္တိုင္း မွာ လုပ္ကိုင္ဖို႔ ခြင့္ျပဳေပးလိုက္တယ္လို႔ ရန္ကုန္တိုင္းရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီကေန သိရပါတယ္။
ဒီထဲမွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းက ၁၁ ခု နဲ႔ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းတစ္ခုပါၿပီး အလုပ္အကိုင္ အခြင့္အလမ္းေပါင္း ေျခာက္ေထာင္ေက်ာ္ကို ဖန္တီးေပးႏိုင္မယ္လို႔ ဝန္ႀကီးေနာ္ပန္းသၪၨာမ်ိဳးကေျပာပါတယ္။
အခုခြင့္ျပဳေပးလိုက္တဲ့ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြဟာ တ႐ုတ္၊ ေဟာင္ေကာင္၊ ထိုင္ဝမ္၊ British Virgin Island နဲ႔ ယူေကႏိုင္ငံတို႔မွ ျဖစ္တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ဘ႑ာႏွစ္ကေတာ့ ရန္ကုန္တိုင္းအတြင္း ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၁၅၉ ခုနဲ႔ ျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၂၁ ခု အထိ ခြင့္ျပဳေပးခဲ့တယ္လို႔ သိရပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
အမေရိကန်ဒေါ်လာ ၂၂ သန်းကျော်နဲ့ မြန်မာငွေကျပ်သန်း ရှစ်ရာကျော်ပမာဏရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခုကို ရန်ကုန်တိုင်းမှာ လုပ်ကိုင်ဖို့ ခွင့်ပြုပေးလိုက်တယ်လို့ ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီကနေ သိရပါတယ်။
ဒီထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက ၁၁ ခု နဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုပါပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ခြောက်ထောင်ကျော်ကို ဖန်တီးပေးနိုင်မယ်လို့ ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးကပြောပါတယ်။
အခုခွင့်ပြုပေးလိုက်တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဟာ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ British Virgin Island နဲ့ ယူကေနိုင်ငံတို့မှ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကတော့ ရန်ကုန်တိုင်းအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅၉ ခုနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၁ ခု အထိ ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com