ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
မေကြတိုင္းရွိ ေက်းရြာေပါင္း ၅ဝဝ ေက်ာ္ လၽွပ္စစ္မီးလင္းေရး က်ပ္ ၃၇ ဘီလီယံေက်ာ္ အကုန္က်ခံကာ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သယံဇာတ၊သဘာဝပတ္ဝန္းက်င္၊ လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီး ဦးျမင့္ေဇာ္က ေျပာသည္။
မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ရန္ပုံေငြမွ ကုန္က်ေငြသုံးစြဲၿပီး လၽွပ္စစ္မီးမရရွိေသးသည့္ ေက်းရြာမ်ားတြင္ ၂၀၁၉-၂၀၂ဝ ဘ႑ာႏွစ္အတြင္း မီးလင္းေရးေဆာင္ရြက္မည္ျဖစ္ေၾကာင္း ဝန္ႀကီးကေျပာသည္။
ေက်းလက္မီးလင္းေရးအတြက္ ပစၥည္းတင္ဒါ၊လုပ္အားတင္ဒါ ေလၽွာက္လႊာမ်ားကို ေအာက္တိုဘာလ (၂၁)ရက္ေန႔က ေရာင္းခ်ေပးေနၿပီး ယင္းလုပ္ငန္းမ်ားအေနျဖင့္ လၽွပ္စစ္မီးတိုင္မ်ားကို၂၀၂ဝ ခုႏွစ္ ဧၿပီလ မတိုင္မီအနည္းဆုံးတိုင္ေထာင္ၿပီးျဖစ္ရမွာျဖစ္ေၾကာင္း၊ေက်းရြာေတြကို အျမန္ဆုံးမီးလင္းေပးနိုင္ေအာင္ ႀကိဳး စားေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ေျပာထားသည္။
မေကြးတိုင္းတြင္ ခရိုင္ (၅) ခရိုင္မွၿမိဳ႕နယ္ႏွင့္ ၿမိဳ႕(၃၂) ျမိဳ႕မွေက်းရြာေပါင္း (၆၀၀) ေက်ာ္အား ၂၀၁၉ ခုႏွစ္ (ေဖေဖာ္ဝါရီလမွ စက္တင္ဘာလ ) အထိ ၉ လအတြင္း ကမၻာ့ဘဏ္ေခ်းေငြက်ပ္သန္းေပါင္း (၄၀၀) ျဖင့္ လၽွပ္စစ္ မီးလင္းေရးေဆာင္ရြက္ေပးနိုင္ခဲ့ေၾကာင္းသိရွိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မကွေတိုင်းရှိ ကျေးရွာပေါင်း ၅ဝဝ ကျော် လျှပ်စစ်မီးလင်းရေး ကျပ် ၃၇ ဘီလီယံကျော် အကုန်ကျခံကာ ဆောင်ရွက်မည်ဖြစ်ကြောင်း သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေမှ ကုန်ကျငွေသုံးစွဲပြီး လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများတွင် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ်အတွင်း မီးလင်းရေးဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးကပြောသည်။
ကျေးလက် မီးလင်းရေးအတွက် ပစ္စည်းတင်ဒါ၊လုပ်အားတင်ဒါ လျှောက်လွှာများကို အောက်တိုဘာလ (၂၁)ရက်နေ့က ရောင်းချပေးနေပြီး ယင်းလုပ်ငန်းများအနေဖြင့် လျှပ်စစ်မီးတိုင်များကို၂၀၂ဝ ခုနှစ် ဧပြီလ မတိုင်မီ အနည်းဆုံးတိုင်ထောင်ပြီးဖြစ်ရမှာဖြစ်ကြောင်း၊ကျေးရွာတွေကို အမြန်ဆုံးမီးလင်းပေးနိုင်အောင် ကြိုး စားဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောထားသည်။
မကွေးတိုင်းတွင် ခရိုင် (၅) ခရိုင်မှမြို့နယ်နှင့် မြို့(၃၂) မြို့မှကျေးရွာပေါင်း (၆၀၀) ကျော်အား ၂၀၁၉ ခုနှစ် (ဖေဖော်ဝါရီလမှ စက်တင်ဘာလ ) အထိ ၉ လအတွင်း ကမ္ဘာ့ဘဏ်ချေးငွေကျပ်သန်းပေါင်း (၄၀၀) ဖြင့် လျှပ်စစ် မီးလင်းရေးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရှိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com