ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
သန္လ်င္ - သီလဝါ ေလးလမ္းသြားကတၱရာလမ္းမသစ္ ဂ်ပန္ (ODA) ေခ်းေငြျဖင့္တည္ေဆာက္ေနရာ ယခုႏွစ္ကုန္တြင္ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။ ဂ်ပန္နိုင္ငံအစိုးရ၏ အိုဒီေအေခ်းေငြျဖင့္ သန္လ်င္ တံတားအဆင္းမွ သီလဝါအထူးစီးပြားေရးဇုန္အထိ ေလးလမ္းသြား ကတၱရာလမ္းမသစ္ႏွင့္ ပဲခူးျမစ္ကူးတံတား (သန္လ်င္တံတားအမွတ္ - ၃) တည္ေဆာက္ေနျခင္းျဖစ္သည္။
ဂ်ပန္နိုင္ငံေခ်းေငြအပါအဝင္ စုစုေပါင္း အေမရိကန္ေဒၚလာသန္း ၃၀၀ ေက်ာ္ျဖင့္ တည္ေဆာက္မည့္ ပဲခူးျမစ္ကူးတံတား (သန္လ်င္တံတားအမွတ္ ၃)ကို သာေကတၿမိဳ႕နယ္ ရႈခင္းသာၿမိဳ႕ပတ္လမ္းအနီးရွိ ခုံးေက်ာ္တံတား တည္ေဆာက္မည့္ ေျမေနရာတြင္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၃ ရက္က ပႏၷက္တင္ခဲ့ၿပီး စီမံကိန္းကို Package 1, 2 & 3 အျဖစ္အဆင့္အလိုက္ တည္ေဆာက္သြားမည္ျဖစ္သည္။
သန္လ်င္တံတား အမွတ္ ၃ ကို ေလးလမ္းသြား Cable Stayed တံတားအျဖစ္ အဆင့္သုံးဆင့္ခြဲျခားၿပီး ဂ်ပန္တည္ေဆာက္ေရးကုမၸဏီမ်ားမွ တစ္ၿပိဳင္နက္တည္ေဆာက္သြားမွာျဖစ္ၿပီး တံတားအရွည္မွာ ၁၉၂၈ မီတာရွိေၾကာင္းသိရသည္။
Credit: iMyanmarHouse.com
### Unicode Version ###
သန်လျင်-သီလဝါ လေးလမ်းသွားကတ္တရာလမ်းမသစ် ဂျပန် (ODA) ချေးငွေဖြင့်တည်ဆောက်နေရာ ယခုနှစ်ကုန်တွင်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံအစိုးရ၏ အိုဒီအေချေးငွေဖြင့် သန်လျင်တံတားအဆင်းမှ သီလဝါအထူးစီးပွားရေးဇုန်အထိ လေးလမ်းသွား ကတ္တရာလမ်းမသစ်နှင့် ပဲခူးမြစ်ကူးတံတား (သန်လျင် တံတားအမှတ် - ၃) တည်ဆောက်နေခြင်းဖြစ်သည်။
ဂျပန်နိုင်ငံချေးငွေအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်ဖြင့် တည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် ၃)ကို သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းအနီးရှိ ခုံးကျော် တံတား တည်ဆောက်မည့် မြေနေရာတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ပန္နက်တင်ခဲ့ပြီး စီမံကိန်းကို Package 1, 2 & 3 အဖြစ်အဆင့်အလိုက် တည်ဆောက်သွားမည်ဖြစ်သည်။
သန်လျင်တံတား အမှတ် ၃ ကို လေးလမ်းသွား Cable Stayed တံတားအဖြစ် အဆင့်သုံးဆင့်ခွဲခြားပြီး ဂျပန်တည်ဆောက်ရေးကုမ္ပဏီများမှ တစ်ပြိုင်နက်တည်ဆောက်သွားမှာဖြစ်ပြီး တံတားအရှည်မှာ ၁၉၂၈ မီတာရှိကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com