ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ထိုင္းနိုင္ငံရဲ႕နာမည္ႀကီးကုမၸဏီတစ္ခုျဖစ္သည့္ Amata Corporation PCL က Smart & Eco City တည္ေဆာက္ရန္ အတြက္ အေမရိကန္ေဒၚလာ (၂၇၄ ဒသမ ၆၈)သန္း ရင္းႏွီးျမႇုပ္ႏွံထားတယ္လို႕ ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈေကာ္မရွင္ထံက သိရသည္။
Smart & Eco City စီမံကိန္းကို Amata Corporation PCL နဲ႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိုးအိမ္ဖြံ႕ျဖိဳးေရးဦးစီးဌာနတို႕ပူးေပါင္းဖြဲ႕စည္းထားတဲ့ Yangon Amata Smart and Eco City ကုမၸဏီက အေကာင္အထည္ေဖာ္သြားမည္ျဖစ္သည္။
“ ေျမေနရာက ေဆာက္လုပ္ေရးဝန္ႀကီးဌာနပိုင္ေျမ ျဖစ္ပါတယ္။ Amata က ဒီစီမံကိန္းရဲ႕ အေကာင္အထည္ေဖာ္သူအျဖစ္ ေဆာင္ရြက္မွာပါ” လို႕ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာနရဲ႕ ညႊန္ၾကားေရးမွဴး ေဒၚျမစႏၵာက ေျပာသည္။ ဒီစီမံကိန္းကို ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈေကာ္မရွင္ရဲ႕အစည္းအေဝးအမွတ္စဥ္ (၁၇/၂၀၁၉) အပါအဝင္ ရက္သတၱပတ္အတြင္း ခြင့္ျပဳေပးခဲ့တာျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က တင္ျပထားတဲ့ တိုင္းေဒသႀကီးအတြင္း ေဒသဖြံ႕ျဖိဳးေရးအတြက္ ေဆာင္ရြက္မည့္လုပ္ငန္းစီမံကိန္း (၂၃) ခုအနက္ တစ္ခုအပါအဝင္ျဖစ္ေၾကာင္းသိရသည္။
စီမံကိန္းတည္ေဆာက္မယ့္ ေျမေနရာကို ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္း ႏွင့္ ေတာင္ပိုင္းၿမိဳ႕နယ္တို႕က ေျမဧက (၁၆,ဝဝဝ) တည္ေဆာက္သြားမွာျဖစ္ၿပီး ပထမအဆင့္ကိုေတာ့ Smart & Eco City ထဲမွာပါဝင္တဲ့ စက္မႈဇုန္မ်ား၊ လူေန အိမ္ရာမ်ားနဲ႔ အျခားစီးပြားေရးအေဆာက္အအုံမ်ားေတြကို ေျမဧက (၂၀၀၀) ေပၚမွာ တည္ေဆာက္သြားမည္ဟုသိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ထိုင်းနိုင်ငံရဲ့ နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သည့် Amata Corporation PCL က Smart & Eco City တည်ဆောက်ရန် အတွက် အမေရိကန်ဒေါ်လာ (၂၇၄ ဒသမ ၆၈)သန်း ရင်းနှီးမြှုပ်နှံထားတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံက သိရသည်။
Smart & Eco City စီမံကိန်းကို Amata Corporation PCL နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတို့ပူးပေါင်းဖွဲ့စည်းထားတဲ့ Yangon Amata Smart and Eco City ကုမ္ပဏီက အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
“မြေနေရာက ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေ ဖြစ်ပါတယ်။ Amata က ဒီစီမံကိန်းရဲ့ အကောင်အထည်ဖော်သူ အဖြစ် ဆောင်ရွက်မှာပါ” လို့ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါ်မြစန္ဒာက ပြောသည်။ ဒီစီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၁၉) အပါအဝင် ရက်သတ္တပတ်အတွင်း ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြထားတဲ့ တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်း (၂၃) ခုအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်းသိရသည်။
စီမံကိန်းတည်ဆောက်မယ့် မြေနေရာကို ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့နယ်တို့က မြေဧက (၁၆,ဝဝဝ) တည်ဆောက်သွားမှာဖြစ်ပြီး ပထမအဆင့်ကိုတော့ Smart & Eco City ထဲမှာ ပါဝင်တဲ့ စက်မှုဇုန်များ၊ လူနေ အိမ်ရာများနဲ့ အခြားစီးပွားရေးအဆောက်အအုံများတွေကို မြေဧက (၂၀၀၀) ပေါ်မှာ တည်ဆောက်သွားမည်ဟုသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com