ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ရန္ကုန္ၿမိဳ႕ ပတ္ရထားလမ္းႏွင့္ ရန္ကုန္ - မႏၲေလး ရထားလမ္းအဆင့္ျမႇင့္တင္ေရးစီမံကိန္းမ်ားအတြက္ ဂ်ပန္သံအမတ္ႀကီး H.E Mr. Ichiro MARUYAMA ႏွင့္ ျပည္ေထာင္စုဝန္ႀကီးဦးသန္႔စင္ေမာင္တို႔ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ေဆြးေႏြးရာတြင္ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမႇင့္တင္ေရးစီမံကန္းႏွင့္ ရန္ကုန္-မႏၲေလး ရထားလမ္း အဆင့္ျမႇင့္တင္ေရးလုပ္ငန္းမ်ားတိုးတက္မႈအေျခအေန၊ယင္းလမ္းပိုင္းတြင္အသုံးျပဳမည့္ လူစီးရထားတြဲမ်ား အခ်ိန္မီရရွိေရးကိစၥရပ္မ်ားႏွင့္ ပတ္သက္ၿပီး ေဆြးေႏြးခဲ့ၾကျခင္းျဖစ္ေၾကာင္းဟု ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ ေရးဝန္ႀကီးဌာနမွသိရသည္။
ရန္ကုန္ - မႏၲေလးရထားလမ္း အဆင့္ျမႇင့္တင္ေရးစီမံကိန္းကိုငါးႏွစ္အတြင္း (၂၀၁၈ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္) ၿပီးစီးေအာင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္-မႏၲေလးရထားလမ္း အဆင့္ျမႇင့္တင္ေရးစီမံကိန္းအတြက္ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္ JICA မွ ေခ်းေငြအေမရိကန္ေဒၚလာ ၂ ဒသမ ၇ ဘီလ်ံသုံးစြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းအဆင့္ျမႇင့္တင္ျခင္းကို ၂၀၁၈ ခုႏွစ္မွစတင္ၿပီး ၂၀၂၂ ခုႏွစ္တြင္ၿပီးစီးမည္ျဖစ္ေၾကာင္းခန္႕မွန္းထားသည္။
ရန္ကုန္-မႏၲေလးရထားခရီးစဥ္သည္ လက္ရွိတြင္ ၁၄ နာရီၾကာျမင့္ၿပီး အဆင့္ျမွင့္တင္မႈျပဳလုပ္ၿပီးလွ်င္ ရွစ္နာရီသာၾကာျမင့္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများအတွက် ဂျပန်သံအမတ်ကြီးH.E Mr. Ichiro MARUYAMA နှင့် ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးရာတွင် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကန်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ တိုးတက်မှုအခြေအနေ၊ယင်းလမ်းပိုင်းတွင်အသုံးပြုမည့် လူစီးရထားတွဲများ အချိန်မီရရှိရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းဟု ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနမှသိရသည်။
ရန်ကုန် - မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကိုငါးနှစ်အတွင်း (၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်) ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် - မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင် JICA မှ ချေးငွေအမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံသုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အဆင့်-၁) ဖြစ်သည့် ရန်ကုန်-တောင်ငူလမ်း ပိုင်း ၁၆၆ မိုင်နှင့် အဆင့် ၂ အဖြစ် တောင်ငူ-မန္တလေး ၂၁၉ မိုင်သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းကို ၂၀၁၈ ခုနှစ်မှစတင်ပြီး ၂၀၂၂ ခုနှစ်တွင်ပြီးစီးမည်ဖြစ် ကြောင်းခန့်မှန်းထားသည်။
ရန်ကုန်-မန္တလေးရထားခရီးစဉ်သည် လက်ရှိတွင် ၁၄ နာရီကြာမြင့်ပြီး အဆင့်မြှင့်တင်မှုပြုလုပ်ပြီးလျှင် ရှစ်နာရီသာကြာမြင့်တော့မည်ဖြစ်ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com